Article
ဖယ်ထုတ်ဖြတ်တောက်ပစ်၍ မရသော
လွန်ခဲ့သော ၂ နှစ် က
BAP၊ မေ ၃၁။
၂၀၂၁ ခုနှစ် သြဂုတ်လ ၂၄ ရက်၊ မနက် ၁၀ နာရီ မိနစ် ၃၀။
ပြင်းထန်သည့် ပေါက်ကွဲမှုနှင့်အတူ ရဲဘော်ပေတိုးနှင့် အခြားသော တော်လှန်ရေးရဲဘော် သုံးဦး လွင့်စင် ထွက်သွားခဲ့သည်။
“ ‘တုံ’ ဆိုတဲ့ အသံတစ်ချက်ပဲ ကြားလိုက်ရတယ်။ နောက်ကို လွင့်သွားတယ်။ လက်တွေမြှောက်ကြည့်တော့ တွဲလောင်းတွေ အကုန်လုံးက” အသက် ၂၈ နှစ်အရွယ်သာရှိသေးသည့် ကိုပေတိုးက လက်ကောက်ဝတ်မှစ၍ တုံးတိဖြစ်နေသည့် သူ၏ညာဘက် လက်ကို ကိုင်ရင်းပြောသည်။
ရန်သူ(စစ်ကောင်စီ) လာမည့် လမ်းကြောင်းတွင် မိုင်းထောင်ရင်း ရဲဘော်ပေတိုးနှင့်အဖွဲ့ မတော်တဆ ပေါက်ကွဲမှုနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။
“စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာတော့ မိုင်းသွားထောင်ရတယ်၊ ၂၃ ရက်နေ့က ထောင်တယ်ပြန် ဖြုတ်ရတယ်။ နောက်နေ့ မနက် ၁၀ နာရီခွဲ မှာ သွားပြန်ထောင်တယ်၊ ပြန်ဖြုတ်ရသေးတယ်၊ ထောင်တယ် ဖြုတ်တယ် ၊ နောက်တစ်ခါ ဝင်လာလို့ ပြန်ထောင်တဲ့ အချိန်မှာ မိုင်းက ပေါက်သွားတယ် လျှပ်စစ်က ရီမုနဲ့ control လုပ်ရတော့ wave ဝင်သွားတယ်” ရဲပေတိုးက သူကြုံခဲ့ရသည့်အဖြစ်အပျက်ကို ပြန်ပြောင်းပြောနေခြင်းဖြစ်သည်။
ထိုမတော်တဆမှုဖြစ်စဉ်ကြောင့် ရဲဘော်ပေတိုး၏ ဆရာဖြစ်သူနှင့် ၎င်း၏တပည့်ဖြစ်သူ တစ်ဦး နေရာတွင် ကျဆုံးခဲ့ပြီး ရဲဘော်ပေတိုးနှင့်အခြားတစ်ဦးမှာ ဒဏ်ရာရခဲ့သည်။ ဒဏ်ရာ ရသူနှစ်ဦးအနက် ကိုပေတိုး၏ အခြေအနေမှာ အတော်ပင်ဆိုးရွားလှသည်။
“အဲဒီအချိန်မှာ တစ်ခုပဲ။ သေဖို့ပဲရှိတယ်။ သေနတ်တွေရှာသေးတယ်။ မတွေ့ဘူး။ မိုင်းကွဲတော့ သေနတ်တွေက ပျက်ကုန်တယ်” “ကိုယ့်ကိုယ်ကို ပြန်ပစ်ဖို့” သတိကောင်းစွာရနေသေးသည့်အခြေအနေ
သို့သော်ပစ်ခွင့်မသာခဲ့။
“ခြေတွေလက်တွေ တွဲလောင်းကျနေတဲ့ပုံကိုမြင်တော့ အသက်မရှင် ချင်တော့ဘူး။ နာတာကလည်း တော်တော်ဆိုးတယ်။ ဆရာကိုလည်း ပြောတယ်။ ကျွန်တော့်ကိုပစ်သတ်ပေးပါဆိုပြီး။ အဲဒါမှ နာကျင်တာတွေ မခံစားရတော့ဘူးပေါ့။ ဆရာ ဆေးကုလိုက်ရင် ပြန်ကောင်းလာမှာပါဆိုပြီး မပစ်ပေးဘူး” အခြေအနေဆိုးမှ လွတ်မြောက်ရန် သူကြိုးစားခဲ့ပုံကို ကိုပေတိုးက ပြန်ပြောနေခြင်းဖြစ်သည်။
“ခြေတွေလက်တွေ တွဲလောင်းကျနေတဲ့ပုံကိုမြင်တော့ အသက်မရှင် ချင်တော့ဘူး။ နာတာကလည်း တော်တော်ဆိုးတယ်။ ဆရာကိုလည်း ပြောတယ်။ ကျွန်တော့်ကိုပစ်သတ်ပေးပါဆိုပြီး။ အဲဒါမှ နာကျင်တာတွေ မခံစားရတော့ဘူးပေါ့။ ဆရာ ဆေးကုလိုက်ရင် ပြန်ကောင်းလာမှာပါဆိုပြီး မပစ်ပေးဘူး” အခြေအနေဆိုးမှ လွတ်မြောက်ရန် သူကြိုးစားခဲ့ပုံကို ကိုပေတိုးက ပြန်ပြောနေခြင်းဖြစ်သည်။
ထိုအဖြစ်ဆိုးကို ပြန်ပြောနေသည့်အချိန်တွင် သူက တည်တည်ငြိမ်ငြိမ်ပင်ရှိနေခဲ့သည်
သို့သော် ကြုံခဲ့ရသည့်အချိန်တွင် သူ့ဘဝကို ရသည့်နည်းဖြင့်အဆုံးသတ်ရန်အတွက် ကိုပေတိုးတစ်ယောက် လွယ်လွယ်လက်မလျှော့ခဲ့ပေ။ ဆေးရုံတွင် သူ့အား ကုသခွင့်ကို ခွင့်ပြုမပေးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။
“ခွဲစိတ်ဖို့ လက်မှတ်ထိုးမပေးဘူး ၂ရက် ၃ရက်ကြာသွားတယ် ခြေထောက်က အနံ့ ထွက်လာတော့ ကောင်းတဲ့ လက်ကို အတင်းယူပြိးလက်မှတ်ထိုးခိုင်းပြီ
ထိုအဖြစ်အပျက်မတိုင်ခင်အထိ သန်သန်မာမာ ပြေးလွှားသွားလာနေသော၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များအား မိုင်း ပညာရပ်မျှဝေနေသော ကိုပေတိုး၏ ဘဝသည် အဆိုပါမတော်တဆမှုဖြစ်စဉ်ကြောင့် လုံးဝနီးပါး ပြောင်းလဲခဲ့ရသည်။
“ဆေးရုံကနေ သတိပြန်ရလာတဲ့အချိန် စိတ်ထဲမှာ ဘာမှ လုပ်လို့မရတော့တဲ့ အသိဝင်သွားတယ်။ ကိုယ်ကိုတိုင် ဘာမှလုပ်လို့မရတော့ဘူးဆိုတဲ့ အသိဝင်သွားတော့ စိတ်ထဲမှာ မကောင်းဘူး။ အမြဲတမ်းသွားလာလှုပ်ရှားနေတဲ့ လူက အခုလိုဖြစ်သွားတော့ အဆင်မပြေဘူးပေါ့။ နေရထိုင်ရတာ” ဟု ကိုပေတိုးက ပြောသည်။
သို့သော်နောက်ပိုင်းတွင် လက်ရှိအခြေအနေကို လက်ခံခဲ့ပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်အတွက်သာ အာရုံစိုက်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။
“အခုလိုဖြစ်တာ ကျွန်တော်တစ်ယောက်ထဲမှ မဟုတ်တာ။ တော်လှန်ရေး လုပ်တဲ့ အချို့ချို့လည်း ထိနေကြတာပဲ။ အဲဒီတော့ ထွေထွေထူးထူး စိတ်ထဲမှာ မခံစားရဘူး။ တစ်ခုဆို ကျွန်တော်က ဖြစ်ပြီးတာကို ထားခဲ့ လိုက်တယ်။ ရှေ့ကို ပြန်သယ်မသွားတော့ဘူး။ အဲဒီလိုမျိုး” ဟု သူ့ကိုသူ အားပေးခဲ့ပုံကို ပြန်ပြောပြသည်။
“အခုလိုဖြစ်တာ ကျွန်တော်တစ်ယောက်ထဲမှ မဟုတ်တာ။ တော်လှန်ရေးလုပ်တဲ့ အချို့ချို့လည်း ထိနေကြတာပဲ။ အဲဒီတော့ ထွေထွေထူးထူး စိတ်ထဲမှာ မခံစားရဘူး။ တစ်ခုဆို ကျွန်တော်က ဖြစ်ပြီးတာကို ထားခဲ့လိုက်တယ်။ ရှေ့ကို ပြန်သယ်မသွားတော့ဘူး။ အဲဒီလိုမျိုး” ဟု သူ့ကိုသူ အားပေးခဲ့ပုံကို ပြန်ပြောပြသည်။
“ရှင်သွားတော့ ကိုယ့်ဟာနဲ့ ကိုယ်ဘယ်လိုကောင်းကောင်းနေထိုင်
မိုင်းမတော်မဆမှုဖြစ်စဉ်ကြောင့် ကိုပေတိုး၏ ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်မှာ ပေးဆပ်ခဲ့ရသည်။ ညာဘက်ခြေထောက်မှာ ပေါင်ရင်းမှဖြတ်ခဲ့ရပြီး၊ ဘယ်ဘယ်မှာမူ ဒူးအောက်ပိုင်း ခြေသလုံးတစ်ခုလုံးကို ဖြတ်တောက်ခဲ့ရသည်။ ညာဘက်လက်မှာလည်း လက်ကောက်ဝတ်မှဖြတ်တောက်ခဲ့ရသည့်
ညာဘက်ခြေထောက်နှင့် လက်မှာ အခင်းဖြစ်ပွားပြီးနောက် ချက်ခြင်းဖြတ်တောက်ခဲ့ရခြင်းဖြ
“ကျွန်တော်က ဒီခြေထောက်တော့ ပြန်ကောင်းမယ်ပဲထင်တာ။ ဆေးဝါးပစ္စည်းသာစုံရင် ဖြတ်ရမှာ မဟုတ်ဘူးလို့ ထင်တယ်၊ ၆ လ လောက်ကြာတော့ အရိုးကိုပိုးဝင်လို့ ဖြတ်ရမယ်ပြောတော့ ဖြတ်လိုက်ရတယ်” ဟု ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ကိုပေတိုးက ပြောသည်။
ကိုပေတိုးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်နေထိုင်သည့် နိုင်ငံရေးနောက်ခံမရှိသော သာမန်လူတန်းစား မိသားစုတွင်ကြီးပြင်းလာခဲ့သူတစ်
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုသာ မဖြစ်ခဲ့ပါက သူ့အတွက် အထူးတလည်ကိစ္စများမရှိဘဲ အိမ်အလုပ်များကို ဝိုင်းကူလုပ်ပေးနေသူ သာမန်လူ တစ်ယောက်အဖြစ်သာ ရှိနေမည်ဟု ကိုပေတိုးက ဆိုသည်။
“ကျွန်တော်တို့ နိုင်ငံတကယ်သာကောင်းရင် ကျွန်တော်တို့လည်း ဒီလို ဘဝမျိုးမှာ မနေရဘူး။ လူတန်းစေ့ ကောင်းကောင်းမွန်မွန်နဲ့ လက်မထောင်ပြီးနေလို့ရတယ်။ ကျွန်တော်တို့လည်း တက္ကသိုလ်တွေ တက်ခဲ့တယ်။ ဒါပေမဲ ဘာမှထူးမလာဘူး။ ပညာအရည်အချင်းတွေက အစပေ့ါ။ ကျွန်တော့်တို့လို နောက်ကလေးတွေ ကျွန်တော့််မှာလည်း တူတွေ တူမတွေရှိတယ်။ သူတို့ကို ကျွန်တော်တို့လို မဖြစ်စေချင်ဘူး။ အကောင်းမွန်ဆုံးပဲဖြစ်စေချင်တယ်
‘ပေတိုး’ ဆိုသည် နာမည်သည်လည်း သူ ပြည် တက္ကသိုလ်တက်စဉ်ရလာခဲ့ခြင်းဖြစ်
“ကျောင်းမှာ ကျွန်တော်က ဒီအတိုင်း ရိုးရိုး ပေပေတေတေနေတော့ သူငယ်ချင်းတွေက ပေတိုးလို့ခေါ်တယ်။ အဲဒီနာမည်ကိုပဲ တော်လှန်ရေးမှာ ဆက်သုံးဖြစ်တယ်” ဟု ရဲဘော် ပေတိုးက ပြောသည်။
တက္ကသိုလ်ကျောင်းအကြောင်းပြောနေ
ထိုသို့ သာမန်လူတစ်ယောက်လိုဖြတ်သန်းလာ
တော်လှန်ရေးနယ်မြေအတွင်း အခြေခံစစ်သင်တန်း၊ မိုင်းသင်တန်းများကို သင်ယူခဲ့ရပြီးနောက် နောက်ထပ် ဝင်ရောက်လာသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား မိုင်းနှင့်ပတ်သတ်သည့် အတတ်ပညာများကို မျှဝေနေခဲ့ခြင်းဖြစ်သည်။
“ကိုယ့်နိုင်ငံကိုလည်း သူများနိုင်ငံလိုဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံက အခြားနိုင်ငံကို မေ့မကြည့်စေချင်ဘူး။ အဲဒီစိတ်နဲ့ရောက်လာတာ။ ကျန်တဲ့အထွေအထူးတော့ မရှိဘူး။ နိုင်ငံကောင်းဖို့အတွက်ပဲ” ကိုပေတိုးက သူတောခိုလာရသည့်အကြောင်းရင်းကို တုံးတိတိဖြေသည်။
ထိုသို့တောခိုလာချိန်တွင် အခြားသော ပြည်သူ့ကာကွယ်ရေးတပ်သားများနည်း
“ကျွန်တော်တို့ အပတ်စဉ် ၁ ပြီးရင် လက်နက်တွေပေးမယ်ပြောတယ်။ ဒါပေမယ့် ဘာမှရောက်မလာဘူး။ အခုတိုက်နေတဲ့ လူတွေက ကျည်ဆံလည်း မရှိဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲ စိုက်ထုတ်ပြီးလုပ်နေကြတာ။ PDF တပ်သားတစ်ယောက်လုပ်ဖို့က မလွယ်ဘူး။ နောက်ခံဘက်ဂရောင်း မရှိနဲ့ပေ့ါ။ ပြီးတော့မိသားစုက ထောက်ပံ့တာတို့ဘော်ဒါတွေရဲ့ အထောက်အပံ တွေ မရှိရင် လုပ်ဖို့က အဆင်မပြေဘူး” ဟု သူနှင့်တကွ တောတွင်းရောက် တော်လှန်ရေးရဲဘော်များ ကြုံတွေ့နေရသည့်အခြေအနေကို ပေတိုးက ပြောပြသည်။
“ကျွန်တော်တို့ အပတ်စဉ် ၁ ပြီးရင် လက်နက်တွေပေးမယ်ပြောတယ်။ ဒါပေမယ့် ဘာမှရောက်မလာဘူး။ အခုတိုက်နေတဲ့ လူတွေက ကျည်ဆံလည်းမရှိဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲ စိုက်ထုတ်ပြီးလုပ်နေကြတာ။ PDF တပ်သားတစ်ယောက်လုပ်ဖို့က မလွယ်ဘူး။ နောက်ခံ ဘက်ဂရောင်းမရှိနဲ့ပေ့ါ။ ပြီးတော့မိသားစုက ထောက်ပံ့တာတို့ဘော်ဒါတွေရဲ့ အထောက်အပံ တွေ မရှိရင် လုပ်ဖို့က အဆင်မပြေဘူး” ဟု သူနှင့်တကွ တောတွင်းရောက် တော်လှန်ရေးရဲဘော်များ ကြုံတွေ့နေရသည့်အခြေအနေကို ပေတိုးက ပြောပြသည်။
“တော်လှန်ရေးက အထက်နဲ့အောက် လင့်ချ်ကပြတ်နေတယ်။ ထောက်ပံ့မှုကနည်းတယ်။ ဘက်ဂျက်က လုံလုံလောက်လောက်ကျမလာဘူး။ အဓိကတော့ ကျည်ဆံ၊ သေနတ် လက်နက်ပစ္စည်းတွေမရှိတာ အတော်ဆိုးတယ်။ ဖြစ်သလိုပဲတိုက်နေရတယ်။ မိုင်းပစ္စည်းတွေထုတ်တယ်ဆိုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုပဲ စိုက်ထုတ်ပြီးလုပ်နေရတာ” တော်လှန်ရေးကို အားမလို အားမရဖြစ်နေပုံဖြင့် ကိုပေတိုးကပြောသည်။
ထိုသို့ပြောနေရင်းနှင့်လည်း တုံးတိဖြစ်နေသည့် သူ၏ ညာဘက်လက်ကို အကောင်းတိုင်းကျန်သည့် ဘယ်လက်ဖြင့် တစ်ဖြတ်ဖြတ်ရိုက်နေသည်။
ရှေ့တန်းတွင် သူ ပြင်းပြင်းထန်ထန် ထိခိုက်မိသည့်အကြောင်းကို နောက် ၉ လ ကျော်ကြာမှ မိသားစုက သိခဲ့ရသည်။
“အသိကပြောပြလို့ အိမ်ကသိတာ။ မပြောဘူးဆိုတာ သူတို့ စိတ်ညစ်တာပဲ အဖတ်တင်မယ်။ ကျွန်တော့်ဘာသာ ဆက်သွားရမှာပဲ။ အချိန်တန်ရင်သိမှာပဲမို့ အခုချိန်ပေးမသိတာ။ စိတ်ညစ်မှုဆိုတာ သူများကို မပေးတာကောင်းပါတယ်” ဟု ကိုပေတိုးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောသည်။
နိုင်ငံရေးမျိုးမရှိသည့် မိသားစုထံမှ တော်လှန်ရေးတွင် ပါဝင်ခဲ့သူမှာ သားသုံးယောက်အနက် အကြီးဆုံးဖြစ်သည့် ကိုပေတိုးတစ်ဦးတင်မဟုတ်။
ကိုပေတိုး၏ ညီအငယ်ဆုံးဖြစ်သူမှာလည်း ပြည်မြို့တွင် လှို့ဝှက်လှုပ်ရှားရင်း အဖမ်းခံခဲ့ရပြီး ထောင်ထဲတွင် ရောက်ခဲ့သည်။ အိမ်နှင့်အဆက်အသွယ်ပြတ်နေသည့်
အဆိုပါ ဇနီးသည်သည် ကိုပေတိုး ဒဏ်ရာရပြီးနောက်တွင်မှ တော်လှန်ရေးနယ်မြေသို့ ကိုယ်တိုင်လာရောက်၍ မင်္ဂလာဆောင်ခဲ့သည့် သူ၏ ချစ်သူလည်းဖြစ်သည်။
ထိုအဖြစ်အပျက်များအတွက် စိတ်ညစ်ညူးမှုများဖြစ်ပေါ်ခဲ့
“အဲ့လိုတွေဖြစ်သွားပေမယ့် စိတ်က ဒီဟာကို ဆက်လုပ်ဖို့ တွန်းအားပေးနေတယ်။ ဖြစ်ခဲ့တာတွေကို ရှေ့ကို ခေါ်မသွားဘူး၊ စိတ်ညစ်စရာတွေကို ခေါင်းထဲ မထည့်ဘူး” ဟု ကိုပေတိုးက ပြောသည်။
အားသန်သည့် ညာဘက်လက်ကိုဆုံးရှုံ့းလိုက်ရသည့်
“ဘယ်လက်နဲ့ သေနတ်ပစ်တယ်။ အရှည်တော့မရဘူး အတိုပဲပစ်နိုင်တယ်။ ညာသန်ပေမယ့် ဘယ်လက်ပဲရှိတော့ ၊ ဖြည်းဖြည်းချင်းနဲ့ အသားကျအောင် ကြိုးစားရမှာပေါ့ ၊ အလေးတုံးတွေလည်း မတယ် သန်အောင်လို့” ဟု သူ့ဘဝအတွက်အခြေအနေအတွက် အကောင်းဆုံးပြင်ဆင်ထားမှုကို ပြောပြသည်။
အခြားသောလူငယ်များနည်းတူ ကိုပေတိုးတွင်လည်း သူ့အနာဂတ်အတွက် ပြတ်သားသည့် ရည်မှန်းချက် တစ်ခုသာရှိသည်။ ယင်းမှာ တော်လှန်ရေးပြီးသည်နှင့် ဇာတိမြေသို့ပြန်ရန်ဖြစ်သည်။ သူ့စိတ်ကူးယဉ်ထားသည့် အိုင်တီနှင့်ပတ်သတ်သည့် ဆိုင်တစ်ဆိုင်ပြန်ဖွင့်မည်ဟုလည်းဆိုသည်။
အကောင်းဆုံးတွေ မျှော်လင့်ထားသလို အဆိုးတွေအတွက်လည်း ကိုပေတိုးက ကြိုတင်ပြင်ဆင်ထားသည်။
“လွယ်မယ်တော့ မထင်ပါဘူး အလုပ်တစ်ခုလုပ်ရင်ငွေရေးလို ၊ တော်လှန်ရေးထဲ အတော်များများက ပေးဆပ်ပြီးပြီ၊ ဘာတွေဖြစ်လာမလဲ ဆိုတာမသိသေးတဲ့ အတွက် ရှေ့ကိုကြိုမတွေးဘူး လက်ရှိဖြစ်နေတဲ့ တစ်နေ့တာ အရာလေးကိုပဲ တွေးတယ် ၊ကြိုတွေးရင်ကြိုခံစားရတယ်၊ ဖြစ်လာတဲ့ အရာလေးကိုပဲ လက်ခံလိုက်တယ်” ဟုဆိုသည်။
ထို့အတွက် တော်လှန်ရေးအမြန်ဆုံးပြီးရန်လည်း ကိုပေတိုးမျှော်လင့်နေသည်။ သူတစ်ယောက်ထဲအတွက်တော့ မဟုတ်။
“တော်လှန်ရေးမြန်မြန်ပြီးချင်
တယ် အတော်များများက စိတ်ဓာတ်တွေ ကျ နေပြီ ၊အားလုံးက မိသားစုနဲ့ ခွဲနေရတာ၊ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆို သူများနိုင်ငံ တက်တဲ့လူ တက်မယ် အိမ်ပြန်တဲ့လူပြန်မယ်ဆိုပြီးဖြ စ် နေကြပြီ” ဟု ကိုပေတိုးကဆိုသည်။
“တော်လှန်ရေးမြန်မြန်ပြီးချင်
သူ့အတွက်ကမူ ခြေလက်များအား လှုပ်ရှားသွားလာနိုင်သည့် အတုတပ်ဆင်ခြင်းအမြန်ဆုံးပြုလုပ်
“ကျွန်တော့် ခြေထောက်တွေ လမ်းပြန်လျှောက်နိုင်တဲ့ အခါကျရင် တော်လှန်ရေးကိုပဲ ဆက်လုပ်ချင်တယ်၊ မပြီးသေးရင်ပေါ့” ဟု ကိုပေတိုးက ဆိုသည်။
တော်လှန်ရေးအမြန်ပြီးရန်အတွက် အထက်လူကြီးများတွင် များစွာမူတည်သည်ဟုလည်း ကိုပေတိုးက လက်ခံယုံကြည်ထားသည်။
“လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ရင် မြန်မြန်ပြီးမှာပေ့ါ။ ဒီတိုင်းပဲ သွားနေရင်တော့ မပြီးတော့ဘူး ကျွန်တော်တို့ တော်လှန်ရေးက။ ရေစုန်မျောသွားတော့မှာ။ဘာလို့လဲ
သူကိုယ်တိုင် တော်လှန်ရေး လမ်းခုလတ်တွင် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့သည့်အတွက် အားမလိုအားမရခံစားမှုများကို ကိုပေတိုးတစ်ယောက်ခံစားနေရသည်။
“ဖြစ်တာစောသွားတယ်လို့ ခံစားရတယ်။ ဒီထဲ မလာခင်ထဲက သေရင်သေ မသေရင် ဒုက္ခိတ ဖြစ်မယ်လို့တွေးထားပီးသား၊ မဖြစ်ခဲ့ရင် အသက်ရှင်မယ်။ ဒီသုံးမျိုးထဲက ပြေးလို့မလွတ်ဘူးလေ။ အရင်ထဲက စိတ်ကိုပိုင်းဖြတ်ထားတော့ ထွေထွေထူးထူးတော့ မခံစားရဘူး။ ဒီလိုဖြစ်လို့ တော်လှန်ရေးကို နောင်တတော့ မရပေမယ့် တစ်ခါတစ်လေ စိတ်နာတယ်၊ အထက်နဲ့အောက်က Link တွေက ပြတ်နေတယ်၊ ကျွန်တော်ဖြစ်တာ ကိုးလရှိပြီ။ အခုချိန်ဆို ဆေးသွားကုဖို့ ဖြစ်နေရတော့မှာ။ ဒါပေမယ့် ဘာမှကျမလာဘူး။ အစီအစဉ်တွေကလည်း ဘာတစ်ခုမှ အဆင်မပြေဘူး။ ပြီးတော့ အပေါ်ကလူတွေမှာ အစီအစဉ်ကောင်းကောင်းဘာမှမရှိဘူး
တော်လှန်ရေးသည် ပန်းခင်းသောလမ်းမဟုတ်ကြောင်းနား
“အနယ်နယ် အရပ်ရပ်က တော်လှန်ရေးသမားတွေကို ပြောချင်တာက စစ်တိုက်ရင်တော့ ထိခိုက်မှာပဲ။ ကြိုတွေးထားရမယ့် ကိစ္စပဲ။ ကံနဲ့လည်းဆိုင် ဖြစ်ချိန်တိုင်လို့ ဖြစ်သွားတယ်လို့ပဲ သတ်မှတ်ထားတယ်။ စစ်တိုက်ပြီဆို တစ်ဖက်နဲ့တစ်ဖက် လက်နက်တွေနဲ့တိုက်နေကြတာ။ ဒီလိုဖြစ်မလာချင်ရင် အစထဲက တော်လှန်ရေးမလုပ်နဲ့။ စစ်မတိုက်နဲ့။ စစ်တိုက်ရင်တော့ ဖြစ်မှာပဲ” ဟု ၎င်းကဆိုသည်။
ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် စိတ်ပိုင်းဖြတ်ခဲ့သည့် ကိုပေတိုးသည် ဆေးရုံမှဆင်းလာချိန်တွင် သူလာခဲ့သည် ခဲယမ်းဂိုဒေါင်ဆီသို့သာ ခြေဦးလှည့်ရန်ထပ်မံရွေးချယ်ခဲ့
“တကယ်တမ်းပြောရရင်တော့ မလုပ်ချင်တော့ဘူး၊ ဒါပေမယ့် စထားပြီးပြီပဲ ဆုံးအောင်တော့ သွားရမှာပေါ့။ အခုလည်း တတ်နိုင်တဲ့ဘက်က လုပ်နေတာပဲ။ အရင်တုန်းကလို အများကြီး မဟုတ်ပေမယ့် နိုင်တဲ့ ဘက်က တတ်နိုင်သလောက် ပါဝင်နေဦးမှာပါ၊ မိုင်းပညာ ပြန်ပြီးဖြန့်ဝေသင့်သလောက်ဖြန့်
“ပြန်ကောင်းလာတဲ့အချိန်မှာ ဖောက်ခွဲပစ္စည်းတွေကိုင်တော့လည်
ကိုပေတိုးကတော့ ပေနေဆဲ တော်လှန်ရေးအတွက် မလျှော့သောဇွဲဖြင့် ရှေ့တိုးနေဆဲဖြစ်သည်။ တော်လှန်ရေးကြောင့် ခြေနှင့်လက်များ ဖယ်ထုတ် ဖြတ်တောက်ခံခဲ့ရသော်လည်း ရဲဘော်ပေတိုး၏ နှလုံးသားတွင် ကိန်းဝပ်နေသည့် တော်လှန်စိတ်ကိုမူ မည်သူကမျှ ဖယ်ထုတ်၍ မရနိုင်သေးသည်ကို သူ၏ သန်မာခိုင်မြဲသည့် စိတ်က သက်သေထူလျှက်ရှိသည်။
Burma Associated Press