bap-logo
Article

ပျူနဲ့စစ်ရှို့တဲ့ မီးတလူလူနဲ့ ကန့်ဘလူ

vO-qvbo03yi07Iahnkj8G-image

လွန်ခဲ့သော တစ်နှစ် က

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်နှင့်ပျူစောထီးများက အောက်တိုဘာ ၂၂ ရက် မှစ၍ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဒေသတွင်းစစ်ဘေးရှောင် သုံးသောင်းကျော် ရှိလာ ပြီ ဖြစ်သည်။ 

 

စစ်ကိုင်းတိုင်းအတွင်း အခြားမြို့နယ်များနှင့် နှိုင်းယှဉ်ပါက ပျူစောထီး အများဆုံးဖြစ်သည့် ကန့်ဘလူမြို့နယ် သည် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ခံနေရသလို အနီးဝန်းကျင်ရှိ တန့်ဆည်၊ ကျွန်းလှ စသည့် မြို့များသည်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီးမှုကို ခံနေကြရသည်။

 

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ များပြားပြီး စစ်‌ကောင်စီတပ်များကို ဒရုန်းဖြင့်လည်းကောင်း၊ မိုင်းဖြင့်လည်းကောင်း၊ ပြောက်ကျားစနစ်ဖြင့်လည်းကောင်း အပြင်းအထန် ခုခံတိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်းသည် စစ်ကောင်စီ၏ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စစ်ကြောင်းထိုး ဖျက်ဆီးမှု အခံရဆုံး တိုင်းတစ်ခု ဖြစ်သည်။ တစ်နိုင်ငံလုံး တွင် မီးရှို့ ဖျက်ဆီးခံရသည့်နေအိမ် ၃၈၀၀၀ ကျော် ရှိသည့်အနက် ၂၆၀၀၀ ကျော် (၇၀ရာခိုင်နူန်းနီးပါး) သည် စစ်ကိုင်းတိုင်းမှ ဖြစ်သည်။

 

ပျူအားကောင်းတဲ့မြို့

================

စစ်ကိုင်းတိုင်းအတွင်း အချို့မြို့နယ်များတွင် စစ်ကောင်စီ ကျောထောက်နောက်ခံပြုထားသော ပျူစောထီးရွာ နည်းပါးသော်လည်း ကန့်ဘလူမြို့နယ်တွင်မူ ပျူစောထီးရွာ ၄၀ ထက်မနည်းရှိနေသည်။ စစ်ကောင်စီထောက်ခံသူ ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ဦးဝါသဝ ကိုယ်တိုင်ကျေးရွာများသို့ လိုက်လံခြိမ်းခြောက်စည်းရုံးနေသဖြင့် ပျူစောထီးရွာ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုကြသည်။

 

ဦးဝါသဝနှင့်အပေါင်းအပါများသည် ဒေသခံများအား ပျူစောထီးသင်တန်းတက်ရန် လက်နက်ပြခြိမ်းခြောက်ခြင်း ၊ မိသားစုဝင်များကို ဖမ်းဆီး၍ အကြပ်ကိုင် ခြိမ်းခြောက်ခြင်း ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်းများကြောင့် ကန့်ဘလူဒေသခံတို့မှာ စိတ်မပါသော်လည်း ပျူစောထီးသင်တန်း တက်နေကြရသည်ဟု ဆိုသည်။

 

စစ်ကောင်စီသည် ပျူစောထီးများကို လက်နက်တပ်ဆင်ပေးထားသလို အချို့ရွာများတွင် လခပါပေးထားပြီး ပျူစောထီးတစ်ဦးလျှင် တစ်လ ကျပ် ၁၇၀,၀၀၀ ခန့်အထိ ရကြောင်း ကန့်ဘလူဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီသည် ပျူစောထီးများကို လက်နက်တပ်ဆင်ပေးထား သလို အချို့ ရွာများတွင် လခပါပေးထားပြီး ပျူစောထီးတစ်ဦးလျှင် တစ်လ ကျပ် ၁၇၀,၀၀၀ ခန့်အထိ ရကြောင်း ကန့်ဘလူဒေသခံ တစ်ဦးက ပြောသည်။

 

 

ဒီနှစ်အစောပိုင်းကစပြီး ပျူတွေကို တစ်တောင့်ထိုး တူမီးတွေပေးတာ။ အစစ်တွေမပေးသေးဘူး။ ခုနောက်ပိုင်း တော့ တစ်ယောက်တစ်လက် ပေးမယ်လို့ ကျနော်တို့ကြားရတယ်။ တချို့ရွာတွေမှာဆို ကာဘိုင်တွေပေးနေပြီဟု အဆိုပါဒေသခံက ပြောသည်။

 

ယင်းသို့ လက်နက်တပ်ဆင်ပေးထားသဖြင့် ပျူစောထီးများသည် လက်နက်အားကိုးဖြင့် အကြမ်းဖက်မှုများကို စစ်ကောင်စီတပ်များနှင့် ပူးပေါင်း၍ တက်တက်ကြွကြွ ပြုလုပ်နေသည်။

 

ကန့်ဘလူခရိုင်အတွင်း ၂၀၂၂ နှစ်ဆန်းပိုင်းမှစ၍ ပျူစောထီးများ အားကောင်းလာကာ ဒေသတွင်းကျေးရွာများသို့ မကြာခဏ ဝင်ရောက် ဖျက်ဆီး မီးရှို့ခဲ့သည်။ အချို့ကျေးရွာများဆိုလျှင် အကြိမ်ကြိမ်မီးရှို့ခံခဲ့ရပြီး ဒေသခံများမှာ လည်း လနှင့်ချီ၍ တောတိုက်များတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

 

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းကို လက်လွှတ်၍မရသောကြောင့် စစ်ရေးအရ ဖိအားပေးနေပြီး အခြားတိုင်း နှင့် ပြည်နယ်များထက် ပို၍ စစ်ကြောင်းထိုးမှုကို ခံနေရကြောင်း ဒေသတွင်းကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

 

စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့သည့် အောက်တိုဘာလတွင် နေအိမ်ပေါင်း ၁,၁၂၄ လုံး မီးရှို့ဖျက်ဆီးခံရသည့်အနက် ကန့်ဘလူမြို့နယ်မှ ၇၃၆ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar)က ထုတ်ပြန်သည်။

 

စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရမှု၏ ၆၅ ရာခိုင်နှုန်းမှာ ကန့်ဘလူမြို့နယ်မှ ဖြစ်နေပြီး နိုဝင်ဘာလတွင်လည်း ကျေးရွာများ ဆက်တိုက်မီးရှို့ခံနေရကြောင်း ဒေသတွင်းကူညီရေး အဖွဲ့များက ဆိုကြသည်။

 

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ကန့်ဘလူခရိုင် စစ်ကြောင်းထိုးခံနေရခြင်းနှင့် ပတ်သက်၍ကန့်ဘလူခရိုင်ဟာ နယ်မြေအနေအထားအရ အရမ်းကျယ်တယ်၊ ဒီတော့ စကစအနေနဲ့ နယ်မြေစိုးမိုးမှုရအောင် အင်အားအလုံးအရင်းနဲ့သုံးပြီး စစ်ကြောင်းတွေ ထိုးနေတယ်လို့ မြင်တယ်ဟု ပြောသည်။

 

ကန့်ဘလူခရိုင်အတွင်းရှိ ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်တွင် နိုဝင်ဘာလအတွင်း မီးရှို့ခံရသည့် ရွာ ၁၁ ရွာရှိသည့် နက် ၁၀ ရွာသည် ကန့်ဘလူမြို့နယ်မှ ဖြစ်သည်။

 

ကန့်ဘလူမြို့နယ်မှ ဇီးကနား၊ ပင့်သာ၊ ဂုံညင်းရှို၊ အင်းမ ရှမ်းကုန်း၊ ဆားတွင်းကြီး၊ ကျောက်တိုင်၊ ကျီစု၊ ဖို့ကုန်းနှင့် သောက္ကန်ရွာများ မီးရှို့ခံထားရပြီး ကျွန်းလှမြို့နယ်မှ ခဝါသည်ရွာသည် နိုဝင်ဘာ ၂၁ ရက်တွင် နှစ်ကြိမ် မီးရှို့ခံခဲ့ရကာ အိမ်ခြေ ၁၃၅ အိမ်ရှိသည့်အနက် နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။

 

အင်းမရွာသည်လည်း နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နှစ်ရက်ဆက်တိုက် မီးရှို့ခံခဲ့ရပြီး အိမ်ခြေ ၂၅၀ ခန့် ရှိသည့်အနက် ထက်ဝက်နီးပါး မီးလောင်ဆုံးရှုံးခဲ့သည်။

 

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

=========================

စစ်ကောင်စီတပ်သည် ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးရာတွင် စစ်ကြောင်းတစ်ကြောင်းလျှင် ပျူစောထီး နှင့် စစ်ကောင်စီတပ်အင်အား အနည်းဆုံး ၁၀၀ ကျော်မှ အများဆုံး ၃၀၀ အထိရှိကြောင်း ဒေသခံများက ဆိုကြသည်။

 

စစ်ကြောင်းထိုးရာတွင် ကန့်ဘလူ တောင်ခြမ်း၊ မြောက်ခြမ်းနှင့် အရှေ့မြောက်ခြမ်းစသည်တို့ကို တစ်ပြိုင်တည်း စစ်ကြောင်းထိုးခြင်းဖြစ်ရာ ဒေသခံပြည်သူများမှာ စစ်ကြောင်းများ ညှပ်ပူးညှပ်ပိတ် ထိုးသည့် အခြေအနေကို လည်း ရင်ဆိုင်နေကြရသည်။

 

ယင်းသို့သောအခြေအနေတွင် စစ်ကောင်စီ၏ လက နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ် ရာရ သေဆုံးခြင်း၊ ဖမ်ဆီးသတ်ဖြတ်ခံရခြင်းများလည်း ဆက်တိုက် ဖြစ်ပွားနေသည်။

 

နိုဝင်ဘာ ရက်တွင် ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့အထိုင် ခမရ-၃၆၃ စစ်ကြောင်းသည် စစ်ဘေး ရှောင်နေသည့် လျှော်ဖြူကုန်းရွာမှ ပြည်သူ ၁၃ ဦးနှင့် ဇီးကနားရွာမှ ပြည်သူ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နိုဝင်ဘာ ရက်တွင် သတ်ဖြတ်ခဲ့သည်။

 

ဖမ်းဆီးခံရသူ အားလုံးသည် အသက် ၁၆ မှ ၅၀ နှစ်အတွင်းရှိ အမျိုးသားများဖြစ်ပြီး တန်းကျောင်းသား တစ်ဦး လည်း ပါဝင်သည်။ ဖမ်းဆီးခံရသူအားလုံးကို PDF ဟု စွပ်စွဲကာ မီးရှို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကန့်ဘလူ ဒေသခံတစ်ဦးက ဆိုသည်။

 

လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိတဲ့ ပြည်သူတွေကို ရက်ရက်စက်စက်လုပ်တာပါဟု အဆိုပါ ဒေသခံက ပြောသည်။

 

လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိတဲ့ ပြည်သူတွေကို ရက်ရက် စက်စက်လုပ်တာပါဟု အဆိုပါ ဒေသခံက ပြောသည်။

 

 

ထို့ပြင် နိုဝင်ဘာ ရက်တွင် စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ် ဇီးကနား ရွာမှ ၁၃နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး သက် ၆၇ နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် အသက် နှစ် အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

စစ်ရှောင်များအခက်အခဲနှင့် မြွေအန္တရာယ်

===============================

မြေနိမ့်ရာလှံစိုက် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ် ခတ် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ကန့်ဘလူစစ်ရှောင်များကို တစ်ဖက် တစ်လမ်းက စိတ်သောကပေးနေသူက မြွေဆိုးအန္တရာယ် ဖြစ်သည်။

 

ကန့်ဘလူတစ်နယ်လုံးသည် မြွေပွေး အလွန်ပေါသည့်ဒေသဖြစ်ပြီး ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်နှင့် ပျူ စောထီးများရန်ကြောင့် တောတိုက်များအတွင်း ထွက်ပြေးတိမ်းရှောင်ရသည့်အခါ မြွေကိုက်ခံရမှုများ မကြာ ခဏ ကြုံတွေ့ရပြန်သည်။

 

ဒီဘက်ကမြွေပွေး ဟိုတုန်းကတည်းကပေါတာ၊ မူးတို့ချောင်းတို့နဲ့ နီးတာကိုးဟု ကန့်ဘလူဒေသခံတစ်ဦးက ပြောသည်။

 

ခုနစ်လခန့်အတွင်း ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၈ ဦးအထိ ရှိခဲ့ပြီး ယင်းတို့အနက် ဦး သေဆုံးခဲ့သည်။

 

ခုနစ်လခန့်အတွင်း ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရ သူ ၃၈ ဦးအထိ ရှိခဲ့ပြီး ယင်းတို့အနက် ဦး သေဆုံးခဲ့သည်။

 

 

မြွေဆိုးကိုက်ခံရသူများတွင် အသက် ရှစ်နှစ်အရွယ် ကလေးငယ်များအထိ ပါဝင်ကာ လျှော်ဖြူကုန်းကျေးရွာမှ အသက် ရှစ်နှစ်အရွယ် ကလေးငယ်မှာ မြွေဆိုးကိုက်ခံရ၍ သေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့က ဆိုသည်။

 

စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရတဲ့ လူနာတွေ မြင့်တက်လာတာကို တွေ့နေရပါတယ်ဟု ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

 

ပုံမှန်မဟုတ်သည့် လမ်းပန်းအခက်အခဲကြောင့် မြွေဆိပ်ဖြေဆေးတစ်လုံးလျှင် ကျပ်တစ်သိန်းကျော်နီးပါးပေး၍ ဝယ်ယူနေရသဖြင့် စစ်ရှောင်ပြည်သူများမှာ မြွေကိုက်ခံရပါက ဝယ်ယူထိုးနှံရန် မတတ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

 

ထို့ပြင် စစ်ရှောင်ပြည်သူများတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးငယ်များပါဝင်သဖြင့် ၎င်းတို့အ တွက် အမိုးအကာများနှင့် အဝတ်အစားများ အဓိကလိုအပ်နေသလို နာမကျန်းဖြစ်နေသူများလည်းရှိရာ ဆေးဝါး များလည်း အရေးပေါ်လိုအပ်နေကြောင်း ကူညီရေးအဖွဲ့များက ဆိုသည်။

 

စစ်ကြောင်းများက မြို့နယ်အတွင်း အကြိမ်ကြိမ်လှည့်ပတ်ကာ ကျေးရွာများအား စီးနင်းဖျက်ဆီးနေသဖြင့် စစ် ကြောင်းများ ထွက်သွားသည့်တိုင် ဒေသခံများမှာ ရွာခြေသို့ ပြန်မကပ်ဝံ့ကြသေးဘဲ တောတိုက်များတွင်သာ စစ် ဘေးရှောင်နေကြရပြီး အလွန်ဒုက္ခရောက်ကြရကြောင်း ကျွန်းလှဒေသခံတစ်ဦးကလည်း ပြောသည်။

 

စစ်ကောင်စီတပ်၏ လုပ်ရပ်များသည် မည်သည့်ရှု့ထောင့်က ကြည့်သည်ဖြစ်စေ လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များသာဖြစ်ပြီး နိုင်ငံတကာအနေနှင့်လည်း စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များကို လျစ်လျူမရှုဘဲ ထိရောက်သည့် ပိတ်ဆို့မှုများ၊ အရေးယူမှုများ လုပ်ပေးကြရန် တောင်းဆိုကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူ များအဖွဲ့ တာဝန်ရှိသူက ပြောသည်။

 

Burma Associated Press

 

ကလေးငယ်များ
စစ်ကိုင်း
မီးရှို့ခံရ
ပျူစောထီး
ကန့်ဘလူ
အမျိုးသမီး

Share With
bap-logo