bap-logo
International

ဘီလာရုစ်တွင် နျူလက်နက်တပ်ဆင်မည်ဟု ပြောလာသည့် ပူတင်ကို နေတိုး ပြင်းပြင်းထန်ထန်ဝေဖန်

DgHybJ_vcYxDrKQ6UBZnL-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၇

ရုရှားမဟာမိတ် ဘီလာရုစ်နိုင်ငံတွင် ဗျူဟာမြောက်နျူလက်နက် တပ်ဆင်မည်ဟု ပြောကြားခဲ့သည့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) က ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်သည်။

 

အဆိုပါအစီအစဉ်မှာ ကျူးကျော်စစ် ၁၃ လတာ ကာလအတွင်း ရုရှား၏ အရဲတင်းဆုံး နျူကလီးယား လက်နက် အသုံးပြုရေး အချက်ပြမှုတစ်ခုဖြစ်ပြီး ကုလလုံခြုံရေးအကောင်အစီအနေဖြင့် အရေးပေါ်အစည်းအဝေး ခေါ်ယူ ၍ ရုရှား၏ ခြိမ်းခြောက်မှုကို တုန့်ပြန်ရန် ယူကရိန်းက တောင်းဆိုထားသည်။

 

"နျူလက်နက်နဲ့ပတ်သက်ပြီး ရုရှားရဲ့ပြောဆိုမှုဟာ အန္တရာယ်များပြီး တာဝန်မဲ့ရာလည်းကျလွန်းတယ်" ဟု နေတိုး ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Oana Lungescu က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

 

"ဒီအခြေအနေကို ကျွန်မတို့ အနီးကပ်စောင့်ကြည့်နေတယ်။ အခုအချိန်ထိတော့ ကျွန်မတို့ရဲ့ တပ်ဖြန့်ချထားမှု တွေကို ချိတ်ညှိရလောက်တဲ့ ရုရှားရဲ့ နျူကလီးယားလက်နက်တပ်ဆင်မှု အပြောင်းအလဲမတွေ့ရသေးဘူး။"

 

ပြီးခဲ့သည့် စနေနေ့ ပူတင်က ရုရှား၏ မဟာမိတ်ဘီလာရုစ်နိုင်ငံအတွင်း ၎င်းတို့၏ နျူလက်နက်တပ်ဆင်ရေး အစီ အစဉ်ကို အမေရိကန်ပြည်ထောင်စုက ဥရောပနိုင်ငံများတွင် နျူလက်နက်တပ်ဖြန့်ထားမှုနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ သည်။ သို့သော် ရုရှားက နျူကလီးယားမပြန့်ပွားရေး ကတိကဝတ်များကို ဖောက်ဖျက်မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။

 

ပူတင်က အိမ်နီးချင်းမဟာမိတ် ဘီလာရုစ်တွင် နျူလက်နက်တပ်ဆင့်မည့်ကြေညာချက်နှင့်ပတ်သက် အခြားသော နျူကလီးယားလက်နက်ပိုင် အင်အားကြီးနိုင်ငံ အမေရိကန်က ရှုံ့ချတုန့်ပြန်ထားသော်လည်း ပူတင်၏ နျူကလီးယားမပြန့်ပွားရေး ကတိနှင့် ဥရောပနိုင်ငံရှိ အမေရိကန်နျူလက်နက်များအကြောင်း ပြောဆိုမှုမှာ ရှေ့နောက် ကိုက်ညီမှု လုံးဝမရှိကြောင်း နေတိုးက တုံ့ပြန်ထားသည်။

 

"နေတိုးအဖွဲ့ရဲ့ နျူကလီးယား မျှဝေမှုနဲ့ပတ်သက်ပြီး ရုရှားရဲ့ပြောဆိုမှုဟာ ထင်ယောင်ထင်မှား ပြောဆိုမှုတစ်ခုပါ။ နေတိုးမဟာမိတ်တွေက နိုင်ငံတကာ ကတိကဝတ်တွေကို အပြန့်အဝလိုက်နာတယ်။ ရုရှားက သူပေးထားတဲ့ လက်နက်ထိန်းချုပ်ရေး ကတိကဝတ်တွေကို တောက်လျှောက် ချိုးဖောက်နေတာပါ" ဟု နေတိုးပြောရေး ဆိုခွင့်ရှိသူက ထောက်ပြထားသည်။

 

ယူကရိန်းသမ္မတ၏ ထိပ်တန်းလုံခြုံရေးအကြံပေး Oleksiy Danilov က - ရုရှားအစီအစဉ်သည် မော်စကို၏ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ဘီလာရုစ်နိုင်ငံကို မတည်မငြိမ်ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

 

ဘီလာရုစ်နှင့် ရုရှားတို့သည် နှစ်နိုင်ငံကြား အနီးကပ်စစ်ရေးဆက်ဆံရေးထားရှိပြီး ပြီးခဲ့သည့်နှစ် ရုရှားကျူး ကျော်မှု အတွင်း ဘီလာရုစ်နယ်မြေအား မော်စကိုတပ်ဖွဲ့များကို အသုံးပြုခွင့်ပေးခဲ့သည်။

 

SourceCNA/Reuters

ပုံ - ရုရှားသမ္မတဗလာဒီမီယာပူတင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှင်ကို

Burma Associated Press

ရုရှား
နျူကလီးယား
NATO

Share With
bap-logo