bap-logo
International

မြောက်ကိုရီးယားက ရေအောက် နျူကလီးယားဒရုန်းသစ် စမ်းသပ်

S76BHKY-IzApwQKbtmb3H-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၄


 
မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်သယ်ဆောင်နိုင်စွမ်းရှိသည့် ရေအောက်ဒရုန်းသစ်တစ်ခုကို စမ်းသပ်ပြီးပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ယနေ့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။


 
တိုက်ခိုက်ရေး ရေအောက်ဒရုန်းသစ်သည် စမ်းသပ်မှုအတွင်း ရေအောက်အနက် မီတာ ၈၀ နှင့် ၁၅၀ (ပေ ၂၆၀- ၅၀၀) တွင် ၅၉ နာရီကြာမောင်းနှင်ခဲ့ပြီး နျူကလီးယားမဟုတ်သည့်ဗုံးတစ်လုံးအား ကြာသပတေးနေ့ အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်ပြင်တွင် ဖောက်ခွဲခဲ့ကြောင်း KCNA က ဖော်ပြသည်။


 
အဆိုပါလက်နက်သစ် စမ်းသပ်မှုနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားသည် လက်နက်ဆန်းများ စမ်းသပ် ထုတ်လုပ်၍ တောင်ကိုရီးယားနှင့် အမေရိကန်ကို ခြိမ်းခြောက်နေကြောင်း လေ့လာသူများက ပြောသည်။ သို့သော် အဆိုပါ မောင်းသူမဲ့ရေအောက်ယာဉ်မှာတိုက်ပွဲဝင်ရန်အသင့်ဖြစ်မဖြစ် သံသယရှိနေကြသည်။


 
မြောက်ကိုရီးယားက လက်နက်သစ်စမ်းသပ်ခြင်းဖြင့် စစ်ဖြစ်လာပါက ဆိုးလ်နှင့် ဝါရှင်တန်အစိုးရတို့အတွက် နျူကလီးယားလက်နက်နှင့်ပတ်သက်ပြီး ပိုမိုစိတ်ပူလာအောင် အချက်ပြလိုက်ခြင်းဖြစ်ကြောင်း အမေရိကန် အခြေစိုက် Carnegie Endowment for International Peace မှ အကြီးတန်းအဖွဲ့ဝင် Ankit Panda က ပြောကြားခဲ့သည်။


 
"
မြောက်ကိုရီးယားနဲ့စစ်ဖြစ်ရင် သူတို့ဘက်က မြေအောက်ဒုံးလက်နက်ကျီတွေ၊ သံချပ်ကာရထားတွေ၊ ရေငုပ် သင်္ဘောတွေ၊ ကုန်းပေါ်မှာ အလွယ်တကူ‌ရွှေ့ပြောင်းနိုင်တဲ့ လောင်ချာတွေသုံးလာပါမလိမ့်မယ်။ အခုဆိုရင် ရေအောက်တော်ပီဒိုတောင် ပါလာပြီ" ဟု ၎င်းက ဆိုသည်။


 
တနင်္လာနေ့ကလည်း မြောက်ကိုရီးယားသည် မြေအောက်တွင်ဝှက်ထားသည့် ဒုံးကျီတစ်ခုမှ တာတို ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။


 
"
ဆူနာမီ" ဟု အမည်ပေးထားသည့်ရေအောက်ဒရုန်းစနစ်ကို ရန်သူ့နယ်မြေထဲသို့ အလစ်ဝင်၊ ရေဒီယိုသတ္တကြွ ဆူနာမီလှိုင်းဖန်တီး၍ တိုက်ခိုက်ရေးရေယာဉ်စုများနှင့် စစ်ဘက်သုံးဆိပ်ကမ်းများကို ဖျက်ဆီးရန်‌ ရည်ရွယ် ထားကြောင်း ကေစီအင်န်အေက ဖော်ပြသည်။


 
"
ဒီရေအောက် တိုက်ခိုက်ရေးဒရုန်းကို ဘယ်ကမ်းခြေ၊ ဆိပ်ကမ်းမှာမဆို တပ်ဖြန့်ထားနိုင်သလို စစ်ဆင်ရေး အတွင်း သင်္ဘောနဲ့လည်း ဆွဲယူနိုင်ပြီး စမ်းသပ်မှုကို ကင်မ်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်" ဟု သတင်း ဌာနကပြောသည်။


 
တောင်ကိုရီးယား တာဝန်ရှိသူများကမူ ၎င်းတို့အနေဖြင့် မြောက်ကိုရီးယား၏ ပြောဆိုချက်များကို လေ့လာဆဲဖြစ်ကြောင်းပြောကြားထားပြီး နျူကလီးလက်နက်စမ်းသပ်မှုအရိပ်အယောင်မတွေ့ရဟု အမည်မဖော် လိုသည့် အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။


 
မြောက်ကိုရီးယားအနေဖြင့် လက်နက်ငယ်များတွင် တပ်ဆင်နိုင်လောက်အောင် သေးငယ်သည့် နျူကလီးယား ထိပ်ဖူး စမ်းသပ်ထုတ်လုပ်ထားခြင်း ရှိမရှိကို အသေအချာ မသိရသေးပေ။
 
 
Source – Reuters/AP
 
ပုံ - ရေအောက်ဒရုန်းစမ်းသပ်မှုမြင်ကွင်း။

Burma Associated Press

 

မြောက်ကိုရီးယား
နျူကလီးယား
ဒရုန်း

Share With
bap-logo