bap-logo
International

အပြာမယ်ကို နှုတ်ပိတ်ခပေးခဲ့ကြောင်းစွပ်စွဲထားမှုအတွက် တရားစွဲခံရပါက "သေကြေပျက်စီးမှု" ရှိလာနိုင်ဟု ထရမ့်သတိပေး

e68PUbd9KCouZEm3l5eFY-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၅

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၁၆ မဲဆွယ်ကာလအတွင်း အပြာမယ်တစ်ဦးကို နှုတ်ပိတ်ငွေ ပေးချေမှုနှင့်ပတ်သက်၍ မန်ဟတ်တန်ခရိုင်တရားသူကြီး၏ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရပြီး အကယ်၍ တရားစွဲဆိုခံရပါက "သေကြေပျက်စီးမှု"များ ရှိလာနိုင်ကြောင်း ၎င်း၏ Truth Social တွင် ရေးသား သတိ ပေးခဲ့သည်။

 

ပြီးခဲ့သည့်သတင်းပတ်အကုန် ပေါက်ကြားမှုများအရ စုံစမ်းစစ်ဆေးမှုအတွင်း အဖမ်းခံရမည်ဖြစ်ကြောင်း ထရမ့်ကပြောကြားခဲ့ကာ သူဖမ်းဆီးခံရပါက "ဆန္ဒပြ၍ နိုင်ငံကိုပြန်လည်ထိန်းချုပ်ကြ" ဟု ထရမ့်က ထောက်ခံသူများကို နှိုးဆော်ခဲ့သည်။

 

ထိုအချိန်မှစ သမ္မတဟောင်းသည် မန်ဟတ်တန်ခရိုင်တရားသူကြီး အဲလ်ဗင်ဘရက်ကို ဆိုရှယ်မီဒီယာတွင် စတင် တိုက်ခိုက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုမှာ နိုင်ငံရေးပယောဂမကင်းဟုဆိုကာ ခရိုင်တရားသူကြီးကို ရာထူးမှဖယ်ရှားရန် တောင်းဆိုခဲ့သည်။

 

သောကြာနေ့အစောပိုင်းက ထရမ့်၏ပြောဆိုမှုမှာ ထရမ့်၏အရဲတင်းဆုံး အကြမ်းဖက်လှုံ့ဆော်မှုဖြစ်ပြီး ၎င်း၏ ထောက်ခံသူများ အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်ဦးကို စီးနင်းဝင်ရောက်ခဲ့သည့် ၂၀၁၆ အဖြစ်အပျက် ကို ထင်ဟပ်နေသည်။

 

"အမေရိကန်သမိုင်းတလျှောက် မဲအများဆုံးရထားတဲ့ သမ္မတဟောင်း၊လာမယ့်ရွေးကောက်ပွဲမှာ အခုထိ ဦး‌ဆောင်နေတဲ့ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းတစ်ဦးကို ဘယ်လိုလူမျိုးကို ရာဇဝတ်မှုနဲ့ တရားစွဲမှာ တဲ့လဲ။ ဘာရာဇဝတ်မှုမှ ကျူးလွန်မထားဘဲရားစွဲရင် နိုင်ငံအတွက် ကြီးမားတဲ့ သေကြေပျက်စီးမှုတွေ ဖြစ်သွားနိုင်တယ်။ ဘယ်သူက ဘာကြောင့် ဒီလိုကိစ္စမျိုးကို လုပ်မှာလဲ။ အမေရိကန်ပြည်ထောင်စုကို မုန်းတီး ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ အရူးတွေပဲ ဒါမျိုးတွေ လျှောက်လုပ်မှာပါ။"ဟု ထရမ့်ကရေးသားခဲ့သည်။

 

ခရိုင်တရားသူကြီး၏ စုံစမ်းစစ်ဆေးမှုတွင် သမ္မတဟောင်းထရမ့်၏ ညွှန်ကြားချက်ဖြင့် အပြာမယ် Stormy Daniels အား နှုတ်ပိတ်ခ ကန်ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့ကြောင်း ထရမ့်ရှေ့နေ မိုက်ကယ်ကိုဟင်ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပြီးဖြစ်သည်။

 

လက်ရှိတွင် ခရိုင်ရှေ့နေက ထရမ့်အနေဖြင့် မိုက်ကယ်ကိုဟင်ကို တရားရေးစရိတ်အဖြစ် ထုတ်ပေးခဲ့သည့်ငွေကို ၎င်း၏စီးပွားရေးမှတ်တမ်းတွင် လိမ်လည်ထားခြင်းရှိမရှိ စုံစမ်းလျှက်ရှိသည်။

 

ထရမ့်က ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုပြီးနောက်ပိုင်း ရီပတ်ဘလီကန်အမတ်များ ၎င်းတို့၏ သမ္မတဟောင်းကို ဝန်းရံလာကြပြီး ခရိုင်ရှေ့နေကြီး ဘရက်အား ကွန်ဂရက်ရှေ့မှောက်တွင် သက်သေခံရန် အောက်လွှတ်တော်ရီပတ်ဘလီကန်များက တောင်းဆိုလျှက်ရှိသည်။

 

Source/ပုံ – CNBC/Al Jazeera

Burma Associated Press

ဒေါ်နယ်ထရမ့်

Share With
bap-logo