bap-logo
Data

နှစ်နှစ်အတွင်း တရားမမှု ၂၉ မှုနှင့် ရာဇဝတ်မှု နှစ်ရာနီးပါး ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ ဟု NUG တရားရေးဝန်ကြီးဌာနဆို

zv5dYsPm1-xO7WMUha7_R-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၄။

 

စစ်အုပ်စု၏ အာဏာသိမ်းကာလ နှစ်နှစ်အတွင်း တရားမမှု ၂၉ မှုနှင့် ရာဇဝတ်မှုပေါင်း ၁၇၃ မှုကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

 

ယခုနှစ် ဇွန်လအထိ တရားမမှု ၇၄ မှုနှင့် ရာဇဝတ်မှု ၃၀၆ မှု တို့ကို ကြားနာစစ်ဆေးခဲ့သဖြင့် ၅၃ ရာခိုင်နှုန်း အထိ အမှုပြီးပြတ်မှုရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

NUG ၏ အခြားဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားမျှတမှု ဖော်ဆောင်ရေး ကဏ္ဍများအတွက် သင့်လျော်သော ပုဂ္ဂိုလ်များကို ရွေးချယ်ခန့်အပ်ခြင်း၊ လိုအပ်သော သင်တန်းများ ပို့ချခြင်းများကို ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

 

ထို့ပြင် တရားသူကြီးများနှင့် ဥပဒေအရာရှိများအတွက် သင်တန်းများစွာကို ပို့ချနိုင်ခဲ့ပြီး လုံခြုံရေး အခြေအနေ အမျိုးမျိုးကြောင့် အချို့သင်တန်းများအား Online မှတဆင့် Virtual Training လူတွေ့နှင့် Online ပေါင်းစပ်ထားသော Hybrid Training ပုံစံမျိုးဖြင့် ပို့ချခဲ့သည်ဟု သိရသည်။

 

ယခု ဩဂုတ်လ ၃ရက်မှ ရက်နေ့အထိ တရားသူကြီး ၁၉ ဦး၊ ဥပဒေအရာရှိ ဦး၊ ရုံးချုပ်မှအရာရှိ ဦး စုစုပေါင်း ၃၀ ဦးတို့ကို အခြားနည်းဖြင့်အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာသင်တန်းအား ဖွင့်လှစ်ပို့ချလျက် ရှိသည်ဟုလည်း အသိပေးထားသည်။

 

NUG တရားရေးဝန်ကြီးဌာနကို CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ဥပဒေအရာရှိများ၊ တရားသူကြီးများ၊ ရှေ့နေရှေ့ရပ်များ အပါအဝင် ကဏ္ဍအရပ်ရပ်ရှိ ဥပဒေပညာရှင်များ၊ အခြားပညာရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများ ဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန

Share With
bap-logo