Data
ဇူလိုင်လအတွင်း နေအိမ် သုံးထောင်နီးပါး မီးရှို့ခံရ၊ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်
လွန်ခဲ့သော တစ်နှစ် က
ဩဂုတ် ၂။
ယခုနှစ် ဇူလိုင်လအတွင်း စစ်တပ်က တိုင်းနှင့် ပြည်နယ် ၇ ခုရှိ နေအိမ် ၂,၇၄၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ယမန်နေ့က ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နှင့် ကရင်ပြည်နယ်တို့ရှိ နေအိမ်များ မီးရှို့ခံရမှုကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းက အများဆုံး မီးရှို့ခံထားရသည်။
စစ်တပ်က ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၌ ၅၅ ကြိမ် ၊ မန္တလေးတိုင်း၌ ၇ ကြိမ်၊ မကွေးတိုင်း၌ ၅ ကြိမ်၊ ပဲခူးတိုင်း၌ ၉ ကြိမ်၊ တနင်္သာရီတိုင်း၌ ၅ ကြိမ်၊ ကချင်၌ ၃ ကြိမ်နှင့် ကရင်ပြည်နယ်၌ ၁ ကြိမ် စုစုပေါင်း မီးရှို့ဖျက်ဆီးမှု ၈၅ ကြိမ် ကျူးလွန်ခဲ့သည်။
မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များမှာ စစ်ကိုင်းတိုင်း၌ ၁,၇၅၀ လုံး၊ မန္တလေးတိုင်း၌ ၄၄၁ လုံး၊ ပဲခူးတိုင်း၌ ၆၃ လုံး၊ မကွေးတိုင်း၌ ၃၇၁ လုံး၊ တနင်္သာရီတိုင်း၌ ၁၅ လုံး၊ ကချင်၌ ၉၇ လုံးနှင့် ကရင်ပြည်နယ်၌ ၄ လုံး တို့ ဖြစ်သည်။
ဒါ့အပြင် စစ်တပ်က စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းရှိ ပြည်သူ ၁၅ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ သည်ဟု ထုတ်ပြန်ချက်ကတဆင့် သိရသည်။
ပုံစာ- ဇူလိုင် ၃ ရက်က မီးရှို့ခံရသည့် စစ်ကိုင်းတိုင်း၊ မကျီးကုန်းကျေးရွာရှိ ပြည်သူပိုင် နေအိမ်များ
ဓာတ်ပုံ- ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့