bap-logo
Data

ကော့ကရိတ်တွင် တစ်ရက်အတွင်း အမျိုးသမီး ၃ ဦး မိုင်းနင်းမိ၍ ဒဏ်ရာရရှိ

Q54eOM22UDo-ZjxvwHVb0-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၃၀။

 

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာတွင် ဇူလိုင် ၂၉ ရက်က စစ်ကောင်စီမိုင်း နင်းမိ၍ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။

 

စစ်ကောင်စီလက်အောက်ခံ ဝေါ်လေဗျူဟာကုန်းစခန်းမှ ပြည်သူနေ ကျေးရွာအနီးတွင် အဆိုပါ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

 

ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊  မိုင်းများ လိုက်လံထောင်ထားခြင်းကြောင့် နယ်မြေခံပြည်သူများ ဥယာဥ်ခြံမြေသို့ သွားလာလုပ်ကိုင်ရန် မဝံ့မရဲကြတော့ပဲ စိုးရိမ်ထိတ်လန့်လျှက် ရှိနေသည်ဟု ထုတ်ပြန်ချက်ကတဆင့် သိရသည်။

 

ဓာတ်ပုံ- ကေအဲန်ယူ

 

Burma Associated Press

မြေမြှပ်မိုင်း
အမျိုးသမီး
ကော့ကရိတ်
အရပ်သား
ကေအဲန်ယူ

Share With
bap-logo