bap-logo
Data

လွတ်မြောက်လာသူ ၇,၀၀၀ ကျော်အနက် နိုင်ကျဉ်း ၁၂၀ ကျော် သာ ပါဝင်

hrJnXPWD3N8H5C8mU-H8V-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ်၂။

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPP၏ စာရင်းအရ ယမန်နေ့က လွတ်မြောက်လာသူ ခုနစ်ထောင်ကျော်အနက် နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာ ပါဝင်သည်ဟု သိရသည်။

 

ယနေ့ ဩဂုတ် ၂ ရက် နံနက် ၁၀ နာရီအထိ  ကောက်ယူရရှိသည့် အချက်အလက်များအရ ဖော်ပြထားခြင်းဖြစ်ပြီး ကျန်သူများကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်ဟုလည်း AAPPက ဆိုသည်။

 

စစ်ကောင်စီက လွှတ်ပေးသည့် နိုင်ကျဉ်းများသည် ပြန်လည်လွတ်မြောက်ရန် လပိုင်းမျှသာ ကျန်ရှိသူများဖြစ်ပြီး မည်သည့် အခါမှ အဖမ်းဆီးခံသင့်သူများ မဟုတ်ဟုလည်း AAPPက ဆိုသည်။

 

စစ်အုပ်စုက နိုင်ကျဉ်းများ၏ ကိုယ်ရေးအချက်အလက်များကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ခဲ့ခြင်းမရှိ သည့်အတွက် လွတ်မြောက်လာသည့် နိုင်ကျဉ်းများကို စာရင်းကောက်ရာတွင် အဟန့်အတားဖြစ်စေ သည်ဟု ပြောသည်။

 

“အခုလို မဖမ်းသင့်တဲ့လူတွေကို အဓမ္မဖမ်းဆီးထားပြီး ပြန်လွတ်ပေးတယ်ဆိုတဲ့ကိစ္စက နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဖြေလျော့လိုက်တယ်ဆိုတဲ့သဘောမဆောင်ပါဘူး။ စစ်အုပ်စုက ဒီလို ကြေညာ ချက်တွေ ထုတ်ပြန်ပြီး နိုင်ငံတကာအမြင်ကို လှည့်ဖျားဖို့ လုပ်ဆောင်နေကျဖြစ်ပြီး သူတို့အနေနဲ့ သဘောထားပျော့ပြောင်းတယ်လို့ ပြင်ပကမ္ဘာကို မြင်စေချင်နေတာပါ” AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

 

စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့သည့် ၇,၇၄၉ ဦးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ပြီး အမှုရင်ဆိုင်နေရသူ ၇၂ ဦးနှင့် ထောင်ဒဏ်ကျခံနေရသူ ၂၂ ဦး ပါဝင်သည်။

 

နိုင်ငံခြားသား ၁၂၅ ဦး ပါဝင်သည်ဟုလည်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဒါ့အပြင် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ ပြစ်ဒစ်အချို့ကိုလည်း လျှော့ပေါ့ပေးခဲ့သည်။

 

လက်ရှိအကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၂၄,၁၃၀ ဦး ရှိနေသည်ဟု AAPP ၏ စာရင်းများအရ သိရသည်။

 

ပုံစာ- ယမန်နေ့ အင်းစိန်ထောင်ရှေ့ လွတ်ငြိမ်းမြင်ကွင်း

 

Burma Associated Press

အာဏာသိမ်းမှု
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo