bap-logo
Article

ကွဲရှလွယ်သည့် စုစည်းမှုဖြင့် စစ်အာဏာရှင်ကို ချောက်ကမ်းပါးစွန်းသို့ တွန်းပို့နေသည့် မြဝတီမြို့

zcPYrO4MI3oR5IahxEuX8-image

လွန်ခဲ့သော ၁၄ ရက် က

 

ပြီးခဲ့သည့်အပတ်တွင် စစ်အာဏာရှင်တို့ အုပ်ချုပ်မှုမှ ပုန်ကန်သူအင်အားစုများက သိမ်းယူလိုက်သည့် အဓိက ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သော မြဝတီမြို့သည် စစ်မြေပြင်တိုက်ပွဲများတွင် ရှုံးနိမ့်နေသည့် နာမည်ကြီး မြန်မာစစ်တပ်နှင့်အတူ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ ပြောင်းလဲဖြစ်ပျက်မှုကို လှစ်ဟဖော်ပြနေသည်။

 

နယ်စပ်မြို့၏ ဆင်ခြေဖုံးဖြစ်သော တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည့် နေရာတွင် စွန့်ပစ်ထားသည့် နေအိမ်များသည် ကျည်ပေါက်ရာများဖြင့် အဆောက်အအုံများ၊ ပေါက်ကွဲမှုများကြောင့် ထိခိုက်ပျက်စီးနေသော ဂတ်စ်ဖြည့်ဆိုင်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြားပြားဝပ်သွားသော အဆောက်အအုံများဘေးတွင် ရှိနေကြသည်ကို Reuters သတင်းထောက်များက ယခုအပတ် သွားရောက်စဉ် တွေ့ရှိခဲ့ကြသည်။

 

မြဝတီမြို့မှ စစ်အာဏာရှင်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့် ပုန်ကန်သူတို့က မြေပြင်ကို ဆက်လက်ထိန်းသိမ်းမထားလိုတော့သည့် စိတ်ဓာတ်ပျက်ယွင်းနေသော စစ်တပ်အကြောင်း ရှင်းပြကြသည်။

 

ကျွန်တော်တို့ အခြေစိုက်စခန်း သုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေထိန်းချုပ်မှုကို အလွန်တိုတောင်းတဲ့အချိန်အတွင်း လုပ်နိုင်ခဲ့တယ်

 

 

ကျွန်တော်တို့ အခြေစိုက်စခန်း သုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေထိန်းချုပ်မှုကို အလွန်တိုတောင်းတဲ့အချိန်အတွင်း လုပ်နိုင်ခဲ့တယ်။ဟု မြဝတီတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပုန်ကန်သူတပ်မှူးတစ်ဦးဖြစ်သူ စောကော်က ပြောသည်။ "ပြီးတော့ သူတို့ ပြေးတာပဲ။

 

မကြာသေးခင်အထိ စစ်တပ်အုပ်ချုပ်မှုကို သစ္စာခံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များက မြဝတီသည် နှစ်စဉ် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ဘီလီယံ ပုံမှန် ရှိသော မြဝတီမြို့ကို ကာကွယ်ထားသည်။ ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သော တပ်ဖွဲ့များက ဧပြီလ အစောပိုင်းတွင် မြို့ကို ဝိုင်းလာသောအခါ ၎င်းတိုက်ခိုက်ရေးသမားများက ဘေးသို့ ထွက်၍ ရပ်နေခဲ့ကြသည်။

 

Reuters က ပုန်ကန်သူတို့ ထိန်းချုပ်ထားသည့် နယ်မြေကို တနင်္လာနေ့တွင် ရှားရှားပါးပါး ဝင်ရောက်ခွင့်ရခဲ့ပြီး ခုခံတော်လှန်ရေးအဖွဲ့အရာရှိ ခုနှစ်ဦးနှင့် ပဋိပက္ခအကြောင်း အသေးစိတ်သိရှိသူ ထိုင်းအရာရှိ သုံးဦးနှင့် လုံခြုံရေး အကဲဖြတ်ဆန်းစစ်သူ လေးဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။

 

၎င်းတို့က ကာလရှည်ကြာ ပြိုင်ဆိုင်နေခဲ့ပြီး အဓိက လူဦးရေများပြားသည့် နေရာများကို ထိန်းချုပ်လိုသည့် လက်နက်ကိုင် အစုအဖွဲ့များအကြားမှ သိမ်မွေ့သည့် သံတမန်ရေးရာကို ထိုးထွင်းသိမြင်စေခဲ့သည်။

 

မြဝတီမြို့ကို လက်လွှတ်ကျရှုံးခြင်းကြောင့် မြန်မာနိုင်ငံမှ အဓိက အရေးအကြီးဆုံး ကုန်းတွင်းပိုင်း နယ်စပ်ဖြတ်ကျော်ရာနေရာ နှစ်ခု ခုခံတော်လှန်သူတို့ လက်သို့ ကျရောက်သွားခြင်းပင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် တရုတ်နယ်စပ် မူဆယ်မြို့ကို ပုန်ကန်သူတို့က ထိန်းချုပ်ထားကြောင်း ပြောသည်။

 

ပုန်ကန်သူတို့၏ အောင်မြင်မှုများသည် ငွေကြေးပြတ်လပ်နေသော စစ်အာဏာရှင်ကို အဓိက ကုန်းတွင်းပိုင်းနယ်စပ်အားလုံးနီးပါးမှ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ ကုလသမဂ္ဂအဆိုအရ မြန်မာနိုင်ငံသည် စီးပွားရေး ကျဆင်းနေပြီး ဆင်းရဲမွဲတေမှုမှာ ၂၀၁၇ ခုနှစ်ထက် နှစ်ဆ မြင့်မားလာသည်။

 

ထိုင်းနိုင်ငံအခြေစိုက် မဟာဗျူဟာနှင့် မူဝါဒ မြန်မာ (ISP) အင်စတီကျုက မြဝတီမြို့ လက်လွှတ်ဆုံးရှုံးမှုအပြီး စစ်အာဏာရှင်၏ ကုန်းတွင်းပိုင်း အခွန်ရရှိမှု ၆၀% ထိခိုက်ဆုံးရှုံးစေမည်ဟု ခန့်မှန်းထားသည်။

 

ထို့အတွက် အောက်တိုဘာလမှ စတင်ကာ ပုန်ကန်သူတို့၏ ထိုးစစ်တစ်ခုကိုမျှ မတွန်းလှန်နိုင်ခဲ့သော စစ်အာဏာရှင်အတွက် အားအနည်းဆုံး အခြေအနေတွင် ရောက်ရှိနေစေခဲ့သည်ဟု အကဲဖြတ်ဆန်းစစ်သူများ ပြောသည်။

 

ယခင်က စစ်အာဏာရှင်နှင့် ထိတွေ့ဆက်ဆံရန် အာရုံစိုက်ခဲ့သော ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်းများက ပဋိပက္ခတွင် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် စဉ်းစားမှု စတင်လာကြသည်။

 

ကျွန်တော်တို့ မြန်မာစစ်တပ်နဲ့ မျက်ကန်းရပ်တည်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုချင်တာ ဖြစ်တဲ့အတွက် သူတို့နဲ့ စကားပြောရပါတယ်

 

 

ထိုင်းနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး Sihask Phuangetkeow က ထိုင်းလုံခြုံရေးအရာရှိများသည် KNU နှင့် အခြားအဖွဲ့များနှင့်ပါ ဆက်သွယ်ပြောဆိုနေကြောင်း၊ ၎င်းတို့သည် အထူးသဖြင့် လူသားချင်းစာနာမှု အရေးကိစ္စများအတွက်ပိုမိုပြောဆိုဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း” Reuters ကို ပြောသည်။

 

ကျွန်တော်တို့ မြန်မာစစ်တပ်နဲ့ မျက်ကန်းရပ်တည်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုချင်တာ ဖြစ်တဲ့အတွက် သူတို့နဲ့ စကားပြောရပါတယ်။ဟု ၎င်းက ပြောသည်။

 

စစ်အာဏာရှင်ပြောခွင့်ရသူက မှတ်ချက်ပေးရန် Reuters ခေါ်ဆိုမှုကို မတုန့်ပြန်ခဲ့ပါ။

 

စစ်အာဏာရှင်အကြီးအကဲ မင်းအောင်လှိုင်သည် ပုန်ကန်သူ အစုအဖွဲ့များကို လက်နက်ကိုင်ပုန်ကန်မှုဖြင့် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်ဆောင်နေကြောင်း စွပ်စွဲထားပြီး ၎င်း၏ စစ်အုပ်ချုပ်ရေးမှ ခုခံတော်လှန်တိုက်ခိုက်ရေးသမားများကို "အကြမ်းဖက်များဟု ခေါ်ဆိုသည်။

 

DKBA နှင့် KNA တို့သည် စစ်အာဏာရှင်ကို စွန့်ခွာခဲ့ပြီး ဖြစ်သော်လည်း မြဝတီမြို့နှင့် အနီးတစ်ဝိုက်တွင် ကင်းလှည့်နေဆဲဖြစ်ကာ မှတ်ချက်ပေးရန် တောင်းဆိုမှုကို အကြောင်းမပြန်ခဲ့ပါ။ ၎င်းအဖွဲ့များသည် ခုခံတော်လှန်သူများနှင့် သစ္စာခံယူထားသည့် ကတိကဝတ်များ မရှိကြပါ။

 

-တိုက်ခိုက်ရေးသမားများ စုစည်းခြင်း

 

KNU လက်နက်ကိုင်တပ်ဖွဲ့ တပ်မဟာ မှ ဗိုလ်မှူးကြီး နာဒါထူးက တစ်ပတ်ခန့်အတွင်း စစ်တပ်ကို နှိမ်နင်းခဲ့သည့် ခုခံတော်လှန်ရေးတိုက်ခိုက်သူများ ပြန်လည်စုစည်းမှုကို ဦးဆောင်ပြီးလျှင် ရှေ့ဆက်ရန် ခြေလှမ်းအတွက် စဉ်းစားနေသည်ဟု မြဝတီမြို့ အနောက်ဘက်စွန် တစ်နေရာတွင် ပြောသည်။

 

လက်နက်ကိုင်အစောင့်အရှောက်များ ဝိုင်းရံထားသည့် နာဒါထူးသည် ကွမ်းယာကို ဝါးလိုက်ပြီး Louis Buitton နေကာမျက်မှန်ပေါ်မှ ကြည့်ရှုကာ အခြား တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များနှင့် ဆွေးနွေးလက်စဖြစ်သော စစ်အာဏာရှင်ကို ဒေသတွင်း တိုက်ခိုက်မှုများအကြောင်း ရှင်းပြသည်။ မြန်မာနိုင်ငံမှ အခြားဒေသများတွင်လည်း ပုန်ကန်တော်လှန်သူတပ်ဖွဲ့များအကြား မကြုံစဖူး အဆင့်အထိ ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေကြောင်း Reuters က သိရှိရသည်။

 

နာဒါထူးနှင့် အခြားသော ခုခံတော်လှန်ရေးအရာရှိတစ်ဦးက လက်နက်အင်အားသာလွန်သည့် စစ်တပ်ကို ဆန့်ကျင်သည့် ခက်ခဲသော စစ်ပွဲတစ်ခုဆင်နွှဲရာတွင် ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းထားရေး စိန်ခေါ်မှုများ ရှိကြောင်း နှစ်ဦးလုံးက အသိအမှတ်ပြုကြသည်။

 

ကျွန်တော်တို့ စဉ်ဆက်မပြတ် ညှိနှိုင်းဆောင်ရွက်နေမှ ရမယ်။ ဒါမှ အမှားတစုံတရာ မရှိမှာ။ဟု ဗိုလ်မှူးကြီးက Reuters ကို ပြောသည်။ ၎င်းက လုံခြုံရေးအရ စစ်ဆင်ရေးမပြီးမချင်း ဓာတ်ပုံရိုက်ခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်း တို့ မပြုလုပ်ရန် ငြင်းဆန်ခဲ့သည်။

 

မြဝတီတွင် အနည်းဆုံး လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ညှိနှိုင်းပူးပေါင်း၍ ဆက်လက် ထိန်းချုပ်ထားသည်ကို Reuters က လေ့လာသိရှိခဲ့ရသည်။

 

ပထမဆုံးတစ်ချက်က ကျွန်တော်တို့ အချင်းချင်း မသတ်ဘူး

 

 

မြဝတီမြို့ကို အဓိက တိုက်ယူခဲ့သည်မှာ ကရင်တိုင်းရင်းသားများဖြစ်ပြီး အချို့သော ဗမာတိုင်းရင်းသားအဖွဲ့ဝင်များနှင့် အတူတကွ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မှူး စောကော်က ပြောသည်။

 

ပထမဆုံးတစ်ချက်က ကျွန်တော်တို့ အချင်းချင်း မသတ်ဘူး။ဟု KNU ပြောခွင့်ရ စော‌တောနီးက ၎င်း၏ KNU နှင့် စစ်အာဏာရှင်နှင့် မကြာသေးမီက မဟာမိတ်မပြုတော့သည့် အခြားသော ကရင်တိုင်းရင်းသားအဖွဲ့များအကြား တင်းမာမှုနှင့် ပတ်သက်၍ ပြောသည်။ "ကျွန်တော်တို့ အဲဒီက စရတာပဲ။

 

-မြဝတီ၏ ဆိုလိုချက်

 

ပြီးခဲ့သည့် အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေးဖြင့် တရုတ်နယ်စပ် စစ်တပ်ထိန်းချုပ် နေရာဒေသ တခွင်တပြင်ကို ခုခံတော်လှန်သူများက သိမ်းယူနိုင်ခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း ရခိုင်ပြည်နယ်မှာ AA က စပြီး တွန်းအားပေးတာ ကျွန်တော်တို့ တွေ့လာရတယ်။ AA က ဖြေလျော့လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ စပြီး တွန်းဖို့ ဆုံးဖြတ်လိုက်တယ်။ဟု မတူညီသည့် ပုန်ကန်တော်လှန်သူများက စစ်တပ်ကို နေရာဒေသအများအပြားတွင် အောင်မြင်သည့် ထိုးစစ်များ ဖြင့် ထိုးနှက်ခဲ့ပုံကို KNU မှ နာဒါထူးက ပြောသည်။

 

စစ်အာဏာရှင်သည် "စစ်မျက်နှာစာ အများအပြားမှာ တိုက်ခိုက်နေရတယ်။ဟု ထိုင်းနိုင်ငံ kasetsart တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Lalita Hanwong က ပြောသည်။

 

၁၀၂၇ စစ်ဆင်ရေး အစပိုင်းကို ပြန်ကြည့်လိုက်ရင် ခုခံတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းလိုက်တဲ့ မြို့တွေကို ပြန်မသိမ်းနိုင်တော့ဘူး။

 

မြဝတီတိုက်ပွဲတွင် KNU ဦးဆောင်သည့် တပ်ဖွဲ့များကု မြို့ကို ဝိုင်းရံထားပြီး သိမ်းပိုက်ခြင်းမပြုမီ ဒေသခံ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ပြိုလဲစေခဲ့သည်ဟု နာဒါထူးက ပြောသည်။

 

Reuters က ၎င်း၏ နည်းဗျူဟာကို သီးခြား အတည်မပြုနိုင်ပါ။ KNU လက်နက်ကိုင်အဖွဲ့သည် ယခင်က စစ်အာဏာရှင်တို့၏ တည်နေရာများကို အဆုံးအဖြတ်တိုက်ခိုက်မှုများ မပြုလုပ်မီ ဝိုင်းရံထားခဲ့ဖူးသည်။

 

စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၂၀၀ ခန့်မှာ မြဝတီနှင့် ထိုင်းနိုင်ငံအကြား တံတားတစ်ခုအနီး ပိတ်မိနေဆဲ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံတွင်ဖြစ်စေ၊ KNU ထံတွင်ဖြစ်စေ လက်နက်ချကောင်း ချနိုင်သည်ဟု နာဒါထူးက Reuters ကို ပြောသည်။

 

ဗိုလ်မှူးကြီးနှင့် ဘန်ကောက်အခြေစိုက် လုံခြုံရေးအကဲဖြတ် Anthony Davis က စစ်အာဏာရှင်သည် ခုခံတော်လှန်ရေးတပ်ဖွဲ့များအတွက် အရေးကြီးသော မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ချိတ်ဆက်ထား‌သော အဝေးပြေးလမ်းမကြီးကို အသုံးပြုနိုင်မှု ဖြတ်တောက်ရန် လာမည့်အပတ်များတွင် မြဝတီကို ပြန်လည်ရယူရန် ကြိုးပမ်းလာနိုင်သည်ဟု မျှော်မှန်းထားသည်။

 

စစ်အာဏာရှင်သည် အရေးကြီးသည့် ကုန်သွယ်မှုစင်တာ၊ အရှေ့တောင်အာရှသို့ အဓိက ထွက်ပေါက် မြဝတီမြို့ကို ပြန်လည်ရယူရန် လိုလားမည်ဟု Davis က ပြောသည်။

 

ဧပြီလ ၂၀၂၃ ခုနှစ်နှင့် မတ်လ ၂၀၂၄ ခုနှစ်အကြား ကုန်းတွင်းပိုင်း နယ်စပ်မှတဆင့် မြန်မာ့စုစုပေါင်း ကုန်သွယ်မှု ဒေါ်လာ .၁၅ ဘီလီယံ၏ ၁၄% သည် မြဝတီမြို့မှ ဖြတ်သန်းသွားခြင်းဖြစ်သည်ဟု အစိုးရအချက်အလက်များအရ သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး အစပိုင်းကို ပြန်ကြည့်လိုက်ရင် ခုခံတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းလိုက်တဲ့ မြို့တွေကို ပြန်မသိမ်းနိုင်တော့ဘူး

 

 

နယ်စပ်ဒေသများကို ထိန်းချုပ်ခြင်းသည် အကျိုးအမြတ်လည်း ရရှိနိုင်သည်။ ကုလသမဂ္ဂနှင့် ဗြိတိသျှအစိုးရတို့က ပြီးခဲ့သည့်နှစ်တွင် KNA ခေါင်းဆောင်များကို မြဝတီမြို့အနီးဒေသများကို အသုံးပြု၍ အလိမ်အညာလုပ်ငန်းများနှင့် တရားမဝင် လောင်းကစားရုံများ ဖွင့်လှစ်လုပ်ကိုင်နေသည်ဟု စွပ်စွဲထားသည်။

 

-အဆုံးသတ်တိုက်ပွဲ

 

မြန်မာနိုင်ငံ ရှေ့တန်းနေရာအနှံ့တွင် ကျရှုံးနေသည့် အတွက် စစ်တပ်ကို ယခင်က တပ်သားသစ် စုဆောင်းရာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာအများစုရှိသည့် အလယ်ပိုင်းသို့ ပိုမို တွန်းပို့နေသည်။

 

စစ်အာဏာရှင်သည် KNU အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် မဟာမိတ်ပြုထားသူ အများအပြားပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟု သိရှိကြသော တပ်ဖွဲ့ ရာဂဏန်းနှင့် မပြင်းထန်သည့် ပဋိပက္ခများအတွင်း ထောင်ချောက်မိနေသည်။

 

တပ်တွင်းပုန်ကန်မှုနှင့် ပြင်ပ ဝင်ရောက်စွက်ဖက်ခြင်းမရှိလျှင် စစ်အာဏာရှင်သည် အစိုးရနှင့် နိုင်ငံအလယ်ပိုင်းကို ဆက်လက်ထိန်းချုပ်နိုင်သည့် ပြိုင်ဘက်တစ်ဦးအဖြစ် ရှိနေသေးကြောင်း နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအဖွဲ့မှ မတ်လ အကဲဖြတ်ဆန်းစစ်ချက်တွင် Morgan Michaels က ရေးသားထားသည်။

 

ကျွန်တော်တို့ နိုင်ငံမှာ အဖွဲ့တွေ အများကြီး ရှိတယ်။ ကွဲပြားမှုတွေ အများကြီး ရှိတယ်

 

 

သို့ရာတွင် စစ်တပ်ကို မြန်မာနိုင်ငံအလယ်ပိုင်းသို့ ရှုံးနိမ့်ဝင်ရောက်စေခြင်းသည့် စစ်အာဏာရှင်၏ အဓိက သယ်ယူပို့ဆောင်ရေး သွေးကြောကို ဖြတ်တောက်ခြင်း၊ ၎င်း၏ အကျအဆုံးများနေပြီးဖြစ်သည့် စစ်တပ်အတွက် အဓိက စိတ်ဓာတ်ရေးရာ ထိုးနှက်ခြင်းတို့ ဖြစ်နိုင်မည်ဟု Davis က ပြောသည်။ "ဆုတ်ခွာခြင်းနှင့် ဖြစ်နိုင်ချေရှိသော ပြိုလဲခြင်းတို့ကိုလည်း အရှိန်မြှင့်တင်ပေးနိုင်သည်ဟုလည်း ပြောသည်။

 

မည်သည့်နည်းနှင့်ဖြစ်စေ ခုခံတော်လှန်သူများက ညှိနှိုင်းဆောင်ရွက်စစ်ဆင်ရေးများဖြင့် တွန်းအားပေးခြင်းနှင့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်လျှင်သော်မှ အကြမ်းဖက်မှုများ ပိုမိုလာခြင်း၊ မလွယ်ကူသော အောင်ပွဲတို့ကို KNU အရာရှိများ၊ ပုန်ကန်တော်လှန်သူတိုက်ခိုက်ရေးသမားများနှင့် အကဲဖြတ်ဆန်းစစ်သူများက မျှော်လင့်ခန့်မှန်းထားကြသည်။

 

ကျွန်တော်တို့ နိုင်ငံမှာ အဖွဲ့တွေ အများကြီး ရှိတယ်။ ကွဲပြားမှုတွေ အများကြီး ရှိတယ်။ဟု စောတောနီးက ပြောသည်။ "ကျွန်တော်တို့ အချိန်ယူရမယ်။ ပြီးရင် ကျွန်တော်တို့ စုစည်းညီညွတ်လာမှာပဲ။

 

ကိုးကား - Reuters

ပုံစာ - ဧပြီလ ၁၅ ရက် ၂၀၂၄ ခုနှစ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အစွန်ရှိ သင်္ဃန်းညီနောင်ရွာရှိ မြန်မာစစ်တပ်အခြေစိုက်စခန်းတစ်ခုတွင် မြန်မာအမျိုးသားအလံကို မီးရှို့ပြီး ကရင်အမျိုးသားအလံကို လွှင့်ထူနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ကော်ဘရာစစ်ကြောင်းမှ တပ်မှူး စောကော်။ (REUTERS/Athit Perawongmetha/File Photo)

 

Burma Associated Press

ကရင်အမျိုးသားအစည်းအရုံး
နယ်ခြားစောင့်တပ်
စစ်ကောင်စီ
မြဝတီမြို့
စစ်တပ်
ထိုင်း

Share With
bap-logo