bap-logo
Article

ပြန်တိုက်မလား၊ ထွက်ပြေးမလား? လူငယ်တို့အတွက် ခက်ခဲစွာ အတင်းအကျပ် ရွေးချယ်စေသည့် စစ်မှုထမ်းဥပဒေ

2gMLHQ-RlNxo99GRtmnoX-image

လွန်ခဲ့သော တစ်လ က

 

တစ်နိုင်ငံလုံးအကျုံးဝင်သည့် စစ်မှုထမ်းဥပဒေကို မြန်မာစစ်တပ်အုပ်ချုပ်သူများက ကြေညာအပြီး ရက်သတ္တပတ်များအကြာတွင် မြန်မာနိုင်ငံမှ အမျိုးသမီးငယ်နှစ်ဦးသည် စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်ရန် တောတွင်းသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

 

မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့နှစ်မြို့မှ အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦးအတွက် ဖေဖော်ဝါရီလ စစ်မှုထမ်းဥပဒေ၏ ခြိမ်းခြောက်မှုက ၎င်းတို့၏ ဘဝများကို ကပြောင်းကပြန်ဖြစ်စေခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

 

၎င်းလူငယ်လေးဦး၏ ပုန်ကန်ရန် သို့မဟုတ် ထွက်ပြေးရန် ရွေးချယ်မှုသည် စစ်အာဏာရှင်ကို စစ်ရေးအရ ခုခံမှုများက အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာနေချိန် မြန်မာနိုင်ငံ၏ ဝရုန်းသုန်းကားအခြေအနေကို လှစ်ဟပြနေခြင်းဖြစ်သည်။

 

ကျွန်တော်တို့ရဲ့ အနာဂတ်အတွက်၊ အလုပ်အကိုင်အတွက် ရည်မှန်းချက် မရှိတော့ပါဘူး။ တစ်ရက်ချင်း ဘယ်လို ရှင်သန် နေထိုင်သွားရမလဲဆိုတာပဲ စဉ်းစားကြံဆနေရတာပဲ

 

 

၂၀၁၀ ခုနှစ် ဥပဒေကို ဖေဖော်ဝါရီလတွင် အသက်သွင်းခြင်းအားဖြင့် စစ်အာဏာရှင်တို့သည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို နှစ်နှစ်အထိ စစ်မှုထမ်းစေမည်ဖြစ်ကာ အသက် ၄၅ နှစ်အထိ ဆရာဝန်ကဲ့သို့သော ကျွမ်းကျင်ပညာရှင်များမှာ သုံးနှစ်အထိ တာဝန်ထမ်းစေမည်ဖြစ်သည်။

 

၎င်းအချက်က မြန်မာနိုင်ငံလူဦးရေ၏ ၂၇ % ဖြစ်သော လူပေါင်း ၁၄ သန်းမှာ စစ်မှုထမ်းရန် အကျုံးဝင်သည်ဟု စစ်အာဏာရှင်ဘက်က ပြောပြီး တစ်နှစ်လျှင် ၆၀,၀၀၀ ခန့် စစ်မှုထမ်းစာရင်းသွင်းမည်ဟု ဆိုသည်။ လက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ ခန့်မှန်းပမာဏ၊ ပုန်ကန်သူအဖွဲ့များ သို့မဟုတ် စစ်မှုထမ်းဥပဒေရှောင်လွှဲရန် ကြိုးပမ်းနေသူတို့ အရေအတွက်ကို အတိအကျ မသိရှိနိုင်ပါ။

 

ကျွန်မ ရွေးချယ်ပြီးပြီ။’

 

စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးတဲ့နောက် လူငယ်အားလုံး ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်။ဟု သူမ၏ အမေကို မပြောဘဲ ကရင်အမျိုးသားအစည်းအရုံး၏ လက်နက်ကိုင်အဖွဲ့သို့ ဝင်ရောက်ရန် မွန်ပြည်နယ်မှ ထွက်ခွာခဲ့သူ အသက် ၁၈ နှစ်အရွယ် ကွန်ပျူတာသိပ္ပံကျောင်းသူတစ်ဦးက ပြောသည်။

 

ကျွန်မ တိုက်ပွဲတွေကို မကြောက်ပါဘူး။ ကျွန်မ ရွေးချယ်ပြီးပြီ။” ဟု သူမက ပြောသည်။

ပြီးခဲ့တဲ့ ရက်ကပဲ ကျွန်တော့်မှာ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ ချက်ချင်းပဲ ခုတော့ ဒီကို ရောက်နေပြီ။

 

 

ဘန်ကောက်မြို့ရှိ မန္တလေးမြို့မှ ထွက်ပြေးလာသူ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက "ပြီးခဲ့တဲ့ ရက်ကပဲ ကျွန်တော့်မှာ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ ချက်ချင်းပဲ ခုတော့ ဒီကို ရောက်နေပြီ။” ဟု ပြောသည်။

 

လေးဦးလုံးက လုံခြုံရေးအရ အမည်မဖော်ပြရန် တောင်းဆိုခဲ့ကြသည်။ တပ်သားသစ် ပထမအသုတ်မှာ လေ့ကျင့်ရေးစခန်းများသို့ ရောက်ရှိနေပြီး ဒေသခံအာဏာပိုင်များက အကျုံးဝင်သူများကို အကြောင်းကြားစာများ ပေးပို့ထားပြီဖြစ်သည်။

 

စစ်အာဏာရှင်ထောက်ခံသူ လူမှုမီဒီယာချန်နယ်များက လူငယ်များ စစ်တပ်လေ့ကျင့်ရေး ခန်းမများသို့ ဝင်ရောက်လာပုံ၊ တခါတရံ စစ်အာဏာရှင်ထောက်ခံသူများက ပန်းများကိုင်၍ ဝန်းရံနေပုံတို့ကို ပြသနေကြသည်။

 

သို့သော် လပေါင်းများစွာ မရပ်မနားတိုက်ခိုက်မှုများက စစ်တပ် တပ်ရင်းများကို သတ်မှတ်အင်အား၏ တစ်ဝက်အထိ ပြုန်းတီးလာစေခဲ့ပြီး စစ်အာဏာရှင်ကို စစ်မှုထမ်းဥပဒေအသက်သွင်းစေရန် ဖြစ်လာစေခဲ့သည်။

 

၎င်းအနှောင့်အယှက်သည် "စီးပွားရေးအတွက် ပြင်းထန်တဲ့ အနှုတ်လက္ခဏာ အကျိုးဆက်တွေ ရရှိစေမယ်။” ဟု Crisis Group မှ မြန်မာရေးရာ အကြီးတန်း အကြံပေး Richard Horsey က ပြောသည်။

 

လူငယ်တွေအတွက် အနာဂတ်မရှိတော့”

 

၁၉၆၀ မှ စတင်ခဲ့သည့် ခေတ်အဆက်ဆက် အကျပ်အတည်းများက အထူးသဖြင့် ပညာတတ်များ အစုအပြုံလိုက် ထွက်ခွာမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု မင်နီဆိုတာ Carleton College မှ နိုင်ငံရေးသိပ္ပံပါမောက္ခ၊ မြန်မာ့အရေးကျွမ်းကျင်သူ ဦးထွန်းမြင့်က ပြောသည်။

 

ဆရာဝန်ဖြစ်လာမယ့်သူတွေ၊ အင်ဂျင်နီယာဖြစ်လာမယ့်သူတွေ ပြီးတော့ တခြား ပညာရှင်ဖြစ်လာမယ့်သူတွေ တိုင်းပြည်ကို စွန့်ခွာနေကြပြီ။” ဟု ၎င်းက ပြောသည်။ "လူငယ်တွေအတွက် အနာဂတ်မရှိတော့ဘူး။”

ဆရာဝန်ဖြစ်လာမယ့်သူတွေ၊ အင်ဂျင်နီယာဖြစ်လာမယ့်သူတွေ ပြီးတော့ တခြား ပညာရှင်ဖြစ်လာမယ့်သူတွေ တိုင်းပြည်ကို စွန့်ခွာနေကြပြီ

 

 

မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးတိုင်းဒေသကြီးမှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဘာသာစကားသင်တန်းများ တက်ရောက်ရန်၊ ဧည့်လမ်းညွှန်တစ်ဦး ဖြစ်လာရန် နှစ်ချီ အိပ်မက်ခဲ့သူဖြစ်သည်။ အာဏာသိမ်းခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါတို့က နှစ်ထပ်ကွမ်း ကံဆိုးမိုးမှောင်ကျစေခဲ့ကာ သူမကို အရောင်းစာရေးတစ်ဦးအဖြစ် အတင်းအကျပ် လုပ်ကိုင်စေခဲ့သည်။

 

ထို့နောက် လွန်ခဲ့သော ရက်သတ္တပတ်အတန်ကြာက သူမသည် ကဗျာဆရာတစ်ဦးက စစ်ရေးခေါင်းဆောင်တစ်ဦးဖြစ်လာပြီး တည်ထောင်ထားသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သို့ ဝင်ရောက်ခဲ့သည်။

 

ဥပဒေကို ကြေညာတော့ ကျွန်မအမေက စစ်အာဏာရှင်တပ်က ခေါ်တာခံရမယ့်အစား တော်လှန်ရေးအဖွဲ့တွေကို ဝင်ဖို့ ကျွန်မကို ပြောတယ်” ဟု သူမက လေ့ကျင့်ရေးစခန်းတစ်ခုတွင် Reuters သို့ ပြောသည်။

 

မန္တလေးမြို့မှ အမျိုးသားသည် အင်ဂျင်နီယာအဖြစ် လေ့ကျင့်သင်ကြားခဲ့ရသူဖြစ်ပြီး ထိုင်းနိုင်ငံမြို့တော်သို့ ပြောင်းရွှေ့ရန် ဒေါ်လာ ၂,၀၀၀ ရရှိရေး အိမ်သုံးပစ္စည်းများ ရောင်းချခဲ့ရသည်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်။

 

ကျွန်တော်တို့ရဲ့ အနာဂတ်အတွက်၊ အလုပ်အကိုင်အတွက် ရည်မှန်းချက် မရှိတော့ပါဘူး။ တစ်ရက်ချင်း ဘယ်လို ရှင်သန် နေထိုင်သွားရမလဲဆိုတာပဲ စဉ်းစားကြံဆနေရတာပဲ။” ဟု ၎င်းက ပြောသည်။

 

ကိုးကား - Reuters

ပုံစာ - ဆန့်ကျင်ဆန္ဒပြသူများမှ ပျောက်ကြားတိုက်ခိုက်ရေးသမားဖြစ်လာသူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကော့ကရိတ်မြို့ ရှေ့တန်းတစ်နေရာတွင် ဒီဇင်ဘာလ ၁၉ ရက် ၂၀၂၁ ခုနှစ်က တွေ့မြင်ရစဉ်။ (REUTERS/Stringer/File Photo)

 

 

Burma Associated Press

မြန်မာ
လူငယ်
မြန်မာ့နွေဦးတော်လှန်ရေး
စစ်မှုထမ်းဥပဒေ

Share With
bap-logo