bap-logo
Article

“လေးလကြာ ပိတ်ဆို့ထားတဲ့ ကော့ကရိတ်ထဲကနေ သံချပ်ကာကားတွေ ဘယ်လိုထွက်သွားသလဲ”

7Cb4bhrzsZUCyosRKD3Oy-image

လွန်ခဲ့သော တစ်လ က

 BAP မြေပြင်သတင်းပေးပို့ချက်။

 

ဧပြီလ ၁၁ ရက် ကထဲက ယခုသတင်းရေးနေတဲ့အချိန်အထိ ကော့ကရိတ်အခြေစိုက် လှိုင်ဝ အမြောက်ကုန်းကနေ မြို့အနီးဝန်းကျင်နဲ့ တောင်ဘက်ပိုင်းကျေးရွာတွေကို အတွဲလိုက်ပစ်ဒုံးတွေနဲ့ အကြိမ်များစွာ ပစ်ခတ်နေဆဲဖြစ်ပါတယ်။

 

အဲဒီ ပေါက်ကွဲသံတွေကြောင့်ပဲ ကင်မရာနဲ့ အကာအကွယ်ပစ္စည်းတွေကို ယူပြီး ဧပြီ ၁၂ ရက် မနက်အစောပိုင်းမှာ တိုက်ပွဲရှိရာကို သတင်းယူဖို့ ထွက်ခဲ့လိုက်ပါတယ်။

 

ပစ်ခတ်သံတွေရဲ့ အနီးကို မရောက်ခင် စနည်းနာနေကျပုံစံအတိုင်း ရွာသားတစ်ယောက်ကို ရှေ့က အခြေအနေတွေမေးတဲ့အခါ-

 

ဒီဘက် (တော်လှန်ရေးရဲဘော်တွေ) ကတော့ အနားရောက်မှပစ်မယ်ထင်တယ်၊ အခုက စကစကပဲ လက်နက်ကြီးလျှောက်ပစ်နေတာလို့ သူက ပြောပါတယ်။

 

စစ်ကောင်စီ စစ်ကြောင်းဟာ ကော့ကရိတ်ကို အလွယ်တကူတော့ မကျော်နိုင်လောက်ပါဘူးဆိုတဲ့ အတွေးမှာ ရွာသားတွေနဲ့ ထပ်တူကျမိပါတယ်

 

 

သူနဲ့ စကားပြောအပြီး ရှေ့တန်းကိုသွားရာလမ်းမှာလည်း ဆိုင်တွေ၊ ဈေးရောင်းဈေးဝယ်တွေ မနက်စာ အစာပြေဆိုင်တွေက ပုံမှန်အတိုင်းဖွင့်နေပါတယ်။

 

စစ်ကောင်စီ စစ်ကြောင်းဟာ ကော့ကရိတ်ကို အလွယ်တကူတော့ မကျော်နိုင်လောက်ပါဘူးဆိုတဲ့ အတွေးမှာ ရွာသားတွေနဲ့ ထပ်တူကျမိပါတယ်။"

 

အချိန်က မနက် နာရီခွဲဝန်းကျင်ပါ။

 

အဲဒီအချိန်မတိုင်မီကစပြီး ကင်းထောက်လေယာဉ်တစ်စင်းဟာ ကော့ကရိတ်ကောင်းကင်မှာ စက်ဝိုင်းပုံပျံသန်းနေသလို မြို့ထဲကဘက်နေလည်း လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပါတယ်။

 

ဒါပေမဲ့ ကော့ကရိတ်နဲ့အနီးဆုံးလို့ ပြောရမဲ့ ရွာသစ်ရွာ ဘုန်းကြီးကျောင်းမှာ တရားနာတွေရှိနေပြီး ပုံမှန်နေ့တစ်ခုလိုရှိနေခဲ့ပါတယ်။ အသံတွေနီးနီးကပ်ကပ် ကြားနေရပေမဲ့ မြန်မြန်ဆန်ဆန်တော့ စစ်ကောင်စီဟာ ဖြတ်မသွားနိုင်ဘူးလို့ ယူဆထားကြပုံပါပဲ။

 

ရှေ့တန်းကိုရောက်တဲ့အခါ မြို့သိမ်းတိုက်ပွဲမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးမှူးက

 

သွားပြီဆိုပြီး စိတ်ပျက်လက်ပျက် အမူအရာ၊ ယူကျုံးမရတဲ့ ခံစားချက်နဲ့ တိုတိုတုတ်တုတ် ရင်ဖွင့်ပါတယ်။

 

သူတို့နဲ့ စကားပြောကြည့်ရင်းသိလာတာတော့ လွန်ခဲ့တဲ့ ရက်လောက်ထဲက သတင်းကြိုရထားတဲ့ သံချပ်ကာကားတွေပါတဲ့ စစ်ကြောင်းအတွက် ခုခံတိုက်ခိုက်ဖို့ တာဝန်ရှိသူတွေက ဗျူဟာသတ်မှတ် ထားတာ မရှိဘူးဆိုတာပါပဲ။

 

ဧပြီ ၁၂ ရက် ဒီနေ့မတိုင်ခင် တစ်ရက်အလိုမှာ မြို့သိမ်းတိုက်ပွဲမှာပါတဲ့ ဒေါနစစ်ကြောင်းကို မြို့ထဲကနေ ဆွဲထုတ်ပြီး နောက်တန်းပို့ပါတယ်။ ဒီဘက်စစ်ရေးလှုပ်ရှားမှု ဗျူဟာမှာ ဒီစစ်ကြောင်းမပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။

 

 

ဒေါနစစ်ကြောင်းနေရာမှာတော့ ( စစ်ရေးအခြေအနေရ အမည်ဖော်ဖို့မသင့်တော်ပါ ) လူအယောက် ၃၀ ပါ အဖွဲ့တစ်ဖွဲ့ကို လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အစားထိုးခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ကော့ကရိတ်မှာ တစ်ရက်သာ စခန်းချခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းဖြတ်သန်းမသွားခင်မှာပဲ ဆုတ်ခွာသွားခဲ့ပါတယ်။

 

စစ်ကောင်စီလမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်ဖို့ သီးခြားအစီအမံချထားခြင်းလည်း ရှိမနေခဲ့ပါဘူး။

 

စစ်ကောင်စီဟာ သူတို့အပိုင်နယ်မြေတွေဖြစ်တဲ့ ချောင်းတောင်ရပ်ကွက် တစ်ဖက်ခြမ်းကနေ စစ်ကြောင်း သုံးကြောင်းထက်မနည်းခွဲပြီး အာရှလမ်းဘက်ကို ထိုးတက်ခဲ့ပါတယ်။

 

ကော့ကရိတ်မှာ လေးလကြာ ပိတ်ဆို့ထားတဲ့ အင်အားအနည်းငယ်သာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လက်ကျန် စစ်ကြောင်းတွေဟာ စစ်ကောင်စီစစ်ကြောင်းထိုးလာချိန်မှာ ခုခံဖို့ မဖြစ်နိုင်တော့ဘဲ ဆုတ်ပေးခဲ့ရပါတယ်။

 

ဗျူဟာကျကျ အမိန့်ညွန်ကြားမှုမရှိတဲ့အချိန်မှာ အားလုံးနီးပါး ကစဉ့်ကလျား ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းဟာ ကော့ရိတ်မြို့ထဲကနေ အာရှလမ်းပေါ်ထွက်ကာနီးအချိန်မှသာ Special Operation Group-SOG နဂါးနီစစ်ကြောင်းတို့ ပိတ်ဆို့ထားတဲ့နေရာအနီးမှာ မိုင်းဆွဲခံရတဲ့အပြင် ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီ ဦး မျက်မြင်ထိခိုက် သေဆုံးခဲ့တယ်လို့ ရဲဘော်တွေထံက သိရပါတယ်။

 

အဲဒီ အချိန်အပိုင်းအခြားကလွဲရင် သံချပ်ကာကားတွေပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထိရောက်တဲ့ ခုခံမှု မခံရဘဲ ပစ်ချင်ရာ လျှောက်ပစ်ရင်း ပန်းခြံထဲ လမ်းလျှောက်သလို ကော့ကရိတ်ကို အလွယ်တကူ ဖြတ်ကျော်ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ ၁၂ ရက် မနက် မိုးသောက်စအချိန်က စပြီး တဖြည်းဖြည်း ရှေ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ မနက် ၁၁ နာရီ ဝန်းကျင်မှာ အာရှလမ်းကို ခြေချနိုင်ပြီး ဖျက်စီးခံထားရတဲ့ ကော့နွဲတံတားမှာ အခြေပြုနိုင်ခဲ့ပါတယ်။

 

နောက်တန်းမှာတော့ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကြောင်းတွေကရော ပြန်ရုတ်ခံရတဲ့ ရဲဘော်တွေ တပ်ခွဲမှူးတွေဟာ ကော့ကရိတ်ကို အလွယ်လေး လက်လွှတ်ခဲ့တဲ့အပေါ် ခံစားချက် ပြင်းပြင်းနဲ့ ပေါက်ကွဲနေကြပါတယ်။

 

 

အာရှလမ်းပေါ် တက်နိုင်ပြီဆိုရင်ပဲ စစ်ကောင်စီဟာ ကျေးရွာတွေထဲက လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်တာကြောင့် ရွာသစ်ကျေးရွာက အသက် ၃၀ အရွယ် ကရင်အမျိုးသမီး နော်မူမူဟာ လက်နက် ကြီးစထိမှန် သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ နေအိမ်အချို့ မီးလောင်မှုလည်းရှိခဲ့ပါတယ်။

 

 

နောက်တန်းမှာတော့ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကြောင်းတွေကရော ပြန်ရုတ်ခံရတဲ့ ရဲဘော်တွေ တပ်ခွဲမှူးတွေဟာ ကော့ကရိတ်ကို အလွယ်လေး လက်လွှတ်ခဲ့တဲ့အပေါ် ခံစားချက် ပြင်းပြင်းနဲ့ ပေါက်ကွဲနေကြပါတယ်။ ကျဆုံးထိခိုက်ခဲ့တဲ့ ရဲဘော်တွေအတွက်လည်း မချိတင်ကဲဖြစ်နေကြပုံပါပဲ။

 

လက်ရှိအချိန်မှာတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက ထိမ်းချုပ်ထားတဲ့ ကော့ကရိတ်မြို့ တစ်စိတ် တစ်ပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်တော့ မရှိခဲ့ပါဘူး။

 

အပြန်လမ်းမှာတော့ ထော်လာဂျီတွေ၊ ဆိုင်ကယ်တွေပေါ် အထုပ်တင်ပြီး အသည်းအသန်ပြေးလွှားနေတဲ့ ရွာသားတွေရယ် မနက်ကဖွင့်တဲ့ ဈေးဆိုင်တွေကိုလည်း ပိတ်ထားလျက်သားတွေ့ရပါတယ်။

 

သံချပ်ကာကားတွေ တံတားထိုးယာဉ်တွေပါတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ သင်္ကန်းညီနောင်နဲ့ မြဝတီမြို့ကို ဦးတည်နေပါတယ်။

 

Burma Associated Press

စစ်တပ်
ပီဒီအက်ဖ်
မြဝတီမြို့

Share With
bap-logo