bap-logo
Article

ကမ္ဘာကြီး 'သမိုင်းဝင် အလှည့်အပြောင်း’ သို့ ရောက်ရှိနေဟု ဂျပန်ဝန်ကြီးချုပ် သတိပေး

1XLUL0qZQn4EB-1_yoxF8-image

လွန်ခဲ့သော တစ်လ က

ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်းက ကမ္ဘာကြီးကို "သမိုင်းဝင် အလှည့်အပြောင်း” တစ်ခုသို့ တွန်းပို့နေကြောင်းနှင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ရပ်တည်မှုကို ပြောင်းလဲရန် တွန်းအားပေးနေကြောင်း အနီးကပ်စောင့်ကြည့်နေကြသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် လာမည့်အပတ် ထိပ်သီးတွေ့ဆုံမှု မတိုင်မီ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က CNN ကို တနင်္ဂနွေနေ့တွင် ပြောသည်။

 

ရုရှားရဲ့ ယူကရိန်းအပေါ် ရန်လိုမှု၊ အရှေ့အလယ်ပိုင်းက ဆက်လက်ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ အရှေ့အာရှက အခြေအနေတွေကို မျက်မြင်တွေ့နေရတဲ့အချိန်မှာ ကျွန်တော်တို့ဟာ သမိုင်းဝင်အလှည့်အပြောင်းကို ရင်ဆိုင်နေရပါပြီ။ဟု Kishida က တိုကျိုရှိ ၎င်း၏ ပုဂ္ဂလိက နေအိမ်တွင် ပြုလုပ်သော မေးမြန်းခန်းတွင် ပြောသည်။

 

ဒါကြောင့် ဂျပန်နိုင်ငံဟာ ကာကွယ်ရေးစွမ်းဆောင်ရည်ကို အခြေခံအားဖြင့် အားဖြည့်ဖို့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ အဲဒီ မျက်နှာစာတွေမှာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးမူဝါဒကို ကြီးကြီးမားမား ပြောင်းလဲခဲ့ပါတယ်။” ဟု ၎င်းက ပြောသည်။

 

ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဝန်းကျင်မှာ ပဲ့ထိန်းဒုံးတွေနဲ့ အဏုမြူလက်နက်တွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတဲ့ နိုင်ငံတွေ၊ သူတို့ရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည်တွေကို မြင်သာမှုမရှိဘဲ တည်ဆောက်နေတဲ့ နိုင်ငံတွေ ရှိပါတယ်။ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်နှစ်ခုလုံးမှာ ပိုနေမြဲ ကျားနေမြဲအခြေအနေကို တစ်ဘက်သတ် အတင်းအကျပ် ပြောင်းလဲဖို့ ကြိုးစားမှုတစ်ခုလည် ရှိပါတယ်

 

လုံခြုံရေး စိန်ခေါ်မှုများ မြင့်မားလာသည်ကို ရင်ဆိုင်နေရခြင်းက ဝန်ကြီးချုပ်ကို ဖိအားများ ဖြစ်ပေါ်စေခဲ့ပြီး ဂျပန်-အမေရိကန် မဟာမိတ်ရပ်တည်မှုသည် "ယခင်ထက် ပိုမိုအရေးကြီးလာ” ပြီး အမေရိကန်အစိုးရက နှစ်နိုင်ငံ စုပေါင်းသဘောတူချက်ကို ထောက်ခံမည်ဟု ၎င်းက မျှော်လင့်နေသည်။

 

Kishida သည် ဝါရှင်တန်မြို့တွင် ဘိုင်ဒန်နှင့် ဗုဒ္ဓဟူးနေ့၌ တွေ့ဆုံမှု မပြုလုပ်မီ မှတ်ချက်ပေးခြင်းဖြစ်ကာ လွှတ်တော်နှင့် ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင် သုံးနိုင်ငံတို့ ပထမဆုံး ပူးတွဲထိပ်သီးတွေ့ဆုံမှုကို တက်ရောက်၍ မိန့်ခွန်းလည်း ပြောကြားသွားမည်ဖြစ်သည်။

 

မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်ခြင်း၊ ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်လာခြင်းမှသည် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တွင် တရုတ်နိုင်ငံ၏ ရန်လိုမှုများအထိ ဒေသတွင်း ခြိမ်းခြောက်မှုများကို နှစ်နိုင်ငံလုံးက စောင့်ကြည့်နေသည့်အတွက် Kishida-Biden ထိပ်သီးတွေ့ဆုံမှုကို နှစ်နိုင်ငံ မဟာမိတ် ဆန်းသစ်ရေးအတွက် သမိုင်းဝင် ကြုံတွေ့မှု အခိုက်အတန့်အဖြစ် အမေရိကန်အစိုးရက ဖော်ပြခဲ့သည်။

 

အမေရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာအဖြစ် ဂျပန်နှင့် မိတ်ဖက်ပူးပေါင်းခြင်းမှာ ကာလကြာရှည်ခဲ့ပြီဖြစ်သော်လည်း ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုမှာမူ ဂျပန်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာ လုံခြုံရေးရပ်တည်ချက်ပုံရိပ်ကို မြှင့်တင်ခဲ့သည့် Kishida လက်ထက်တွင်မှ တိုးချဲ့လာခြင်းဖြစ်သည်။

 

ငြိမ်းချမ်းရေးဝါဒီအဖြစ်မှ ဖယ်ခွာခြင်း

 

၂၀၂၁ ခုနှစ်တွင် ရာထူးရရှိလာခဲ့စဉ်က စပြီး ဝန်ကြီးချုပ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်နိုင်ငံက ချမှတ်ခဲ့သော ငြိမ်းချမ်းရေးဝါဒ ဖွဲ့စည်းတည်ဆောက်ပုံမှ ဦးတည်ချက် ပြောင်းလဲကာ ၂၀၂၇ ခုနှစ်တွင် ကာကွယ်ရေးအသုံးစားရိတ်ကို ပြည်တွင်းအသားတင်ထုတ်ကုန်၏ % သို့ တိုးမြှင့်သုံးစွဲရန်၊ တန်ပြန်တိုက်ခိုက်မှု စွမ်းဆောင်ရည်များ ရယူရန်တို့အတွက် ဂျပန်အစိုးရ၏ ကာကွယ်ရေးဆိုင်ရာ ရပ်တည်မှုအရွေ့ကို ပြောင်းလဲချဲ့ထွင်ရန် ကြီးမှူးလုပ်ဆောင်ခဲ့သည်။

 

၎င်းလှုပ်ရှားမှုသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၏ စစ်ဝါဒအောက် ကြီးမားပြင်းထန်စွာ ဒုက္ခခံစားခဲ့သည့် ဒေသများ အထူးသဖြင့် တရုတ်နှင့် အခြား အာရှဒေသများတွင် အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်။

 

၎င်းပြောင်းလဲမှုအကြောင်း မေးမြန်းသောအခါ Kishida က ၎င်း၏ ကမ္ဘာ့ စတုတ္ထမြောက် စီးပွားရေးအကြီးမားဆုံး အရှေ့အာရှနိုင်ငံကို ဝန်းရံနေသည့် "ပြင်းထန်၍ ရှုပ်ထွေးသော” လုံခြုံရေးဝန်းကျင်ကို ထောက်ပြသည်။

 

ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဝန်းကျင်မှာ ပဲ့ထိန်းဒုံးတွေနဲ့ အဏုမြူလက်နက်တွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတဲ့ နိုင်ငံတွေ၊ သူတို့ရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည်တွေကို မြင်သာမှုမရှိဘဲ တည်ဆောက်နေတဲ့ နိုင်ငံတွေ ရှိပါတယ်။ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်နှစ်ခုလုံးမှာ ပိုနေမြဲ ကျားနေမြဲအခြေအနေကို တစ်ဘက်သတ် အတင်းအကျပ် ပြောင်းလဲဖို့ ကြိုးစားမှုတစ်ခုလည် ရှိပါတယ်။” ဟု ၎င်းက ပြောသည်။ ၎င်းက ဖိလစ်ပိုင်နှင့် ဂျပန်နှစ်နိုင်ငံလုံးနှင့် နယ်မြေအငြင်းပွားမှုဆိုင်ရာဖြစ်ပေါ်နေသော တရုတ်နိုင်ငံ၏ ရေကြောင်း ရန်လိုမှုကို ရည်ညွှန်းပုံရသည်။

 

ဂျပန်နိုင်ငံ၏ အဟန့်အတားနှင့် တုန့်ပြန်မှု စွမ်းဆောင်ရည်မှာ အမေရိကန်နှင့် မဟာမိတ်ဖြစ်မှုအတွက် "မရှိမဖြစ်” ဟုလည်း ၎င်းက စောဒကတက်သည်။

 

အမေရိကန်နိုင်ငံက ဒါကို နားလည်မယ်၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုးတက်အောင် ကျွန်တော်တို့ အတူတကွ လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အမေရိကန်နဲ့ ဂျပန်ဟာ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တိုးတက်ပြောင်းလဲလာစေမယ်ဆိုတာ တခြားသောကမ္ဘာ့နိုင်ငံတွေကို ကျွန်တော်ရဲ့ သွားရောက်လည်ပတ်မှုကနေ ပြသနိုင်ဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။” ဟု Kishida က ပြောသည်။

 

လာမည့်အပတ် အခမ်းအနားသည် ဂျပန်နင့် အမေရိကန်၏ အခြားသော အဓိက ဒေသတွင်း မိတ်ဖက်၊ အပြန်အလှန် ကာကွယ်ရေးချုပ်ဆိုထားသည့် မဟာမိတ် ဖိလစ်ပိုင်နှင့်လည်း တိုးတက်ချဲ့ထွင်မှု နက်ရှိုင်းစေရန် စင်္ကြံတစ်ခု ဖြစ်လာမည်ဖြစ်သည်။

 

၎င်းအခမ်းအနားသည် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတို့အကြား ဦးဆောင်လမ်းပြတွေ့ဆုံးမှုတစ်ခု အပြီး တစ်နှစ်မကြာမီ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိပ်သီးတွေ့ဆုံမှုနှစ်ခုလုံးသည် အမေရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် လုံခြုံရေးမဟာဗျူဟာတွင် ဂျပန်နိုင်ငံ၏ ဗဟိုချက်ကျမှု၊ ဒေသတွင်း တင်းမာမှုများ မြင့်တက်လာစဉ် မဟာမိတ်များနှင့် မိတ်ဖက်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တွန်းအားပေးရန်တို့ကို အလေးပေးထားသည်။

 

ဂျပန်ဝန်ကြီးချုပ်သည် ၎င်း၏ ပါတီပါဝင်နေသော အရှုပ်တော်ပုံများနောက်ပိုင်း စိတ်ပျက်ဖွယ် သဘောတူခွင့်ပြုမှု နှုန်းများနှင့် လုံးပန်းနေရပြီး လာမည့် အမေရိကန် ရွေးကောက်ပွဲက လာမည့်နှစ်တွင် အိမ်ဖြူတော်သို့ သမ္မတဟောင်း ဒေါ်နယ်ထရန့် ပြန်လာမည်ဆိုလျှင် မူဝါဒ လှုပ်ခတ်မှု ဖြစ်ပေါ်နိုင်ချေမြင့်တက်လာနေသည်

 

ယခင်ထက် အားကောင်းလာခြင်း’

 

Kisida လာမည့်အပတ် သွားရောက်ခြင်းသည် ခေါင်းဆောင်နှစ်ဦးလုံး ၎င်းတို့၏ နိုင်ငံများတွင် မရေရာသည့် အခြေအနေများနှင့် ရင်ဆိုင်နေရချိန်တွင်လည်း ဖြစ်သည်။

 

ဂျပန်ဝန်ကြီးချုပ်သည် ၎င်း၏ ပါတီပါဝင်နေသော အရှုပ်တော်ပုံများနောက်ပိုင်း စိတ်ပျက်ဖွယ် သဘောတူခွင့်ပြုမှု နှုန်းများနှင့် လုံးပန်းနေရပြီး လာမည့် အမေရိကန် ရွေးကောက်ပွဲက လာမည့်နှစ်တွင် အိမ်ဖြူတော်သို့ သမ္မတဟောင်း ဒေါ်နယ်ထရန့် ပြန်လာမည်ဆိုလျှင် မူဝါဒ လှုပ်ခတ်မှု ဖြစ်ပေါ်နိုင်ချေမြင့်တက်လာနေသည်။

 

ထရန့်၏ အုပ်ချုပ်မှုကာလအတွင်းနှင့် မကြာသေးခင်နှစ်များအတွင်း ထရန့်သည် အမေရိကန်အစိုးရ၏ ကာကွယ်ရေးနှင့် လုံခြုံရေး သဘောတူညီချက်များကို ဝေဖန်ခဲ့ပြီး အများ အယုံအကြည်ကင်းမဲ့စေရန် အကြိမ်ကြိမ်ပြုမူခဲ့ခြင်းကြောင့် အာရှနှင့် ဥပေရာပကဲ့သို့သော နိုင်ငံများမှ မဟာမိတ်များအတွက် စိုးရိမ်တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

 

ယခင်သမ္မတဟောင်း ပြန်လာလျှင် စိုးရိမ်မှု ရှိ၊ မရှိ မေးမြန်းချက်ကို Kishida က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ သို့ရာတွင် အမေရိကန်-ဂျပန် မဟာမိတ်ပြုခြင်း၏ အရေးကြီးမှုသည် "ပါတီ ဆက်နွယ်မှုနှင့် မသက်ဆိုင်ကြောင်း” ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားကြသည်ဟု ၎င်းက ယုံကြည်ကြောင်း ပြောဆိုသည်။

 

ဂျပန်နဲ့ အမေရိကန် ဆက်ဆံရေးဟာ အရင်ကထက် ပိုပြီး အားကောင်းလာပါတယ်။ သမ္မတရွေးကောက်ပွဲ ရလဒ်နဲ့ မသက်ဆိုင်ပါဘူး။ အမေရိကန်လူထုဟာ ဂျပန်-အမေရိကန် ဆက်ဆံရေးရဲ့ အရေးကြီးပုံကို အသိအမှတ်ပြုတာ သေချာဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။” ဟု ၎င်းက ပြောသည်။

 

ရာထူးရယူစဉ်ကပင် Khshida သည် ဂျပန်နိုင်ငံကို အမေရိကန်နိုင်ငံ၏ အာရှတွင်သာမက ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖြစ် နေရာချထားခဲ့သည်။

 

၎င်းသည် ယူကရိန်း၏ ခိုင်မာယုံကြည်ရသော ကျောထောက်နောက်ခံပြုသူတစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့ပြီး ရုရှားနှင့် ပတ်သတ်သည့် ရပ်တည်ချက်တွင် G7 နိုင်ငံများကို အနီးကပ် တစ်သဘောထားတည်း ထောက်ခံခဲ့ပြီး ဥရောပနှင့် အင်ဒို-ပစိဖိတ်ဒေသ၏ လုံခြုံရေးသည် ခွဲခြား၍ မရနိုင်‌အောင် ချိတ်ဆက်နေကြောင်း အမြင်ရှုထောင့်တစ်ခုပေါ်တွင် ရပ်တည်ခဲ့သည်။

 

ရုရှားနှင့် တရုတ်စစ်တပ်များ၏ ဒေသတွင်း စစ်ရေးလေ့ကျင့်မှုများ၊ မြောက်ကိုးရီးယားကို ရုရှားအစိုးရအတွက် ယူကရိန်းတွင် အသုံးပြုရန် လက်နက်များ ထောက်ပံ့မှုတို့ဖြင့် G7 နိုင်ငံများက စွပ်စွဲမှုများဖြစ်ပေါ်လာခြင်း၊ အမေရိကန်နှင့် တင်းမာသည့် ဆက်ဆံရေးရှိသော သုံးနိုင်ငံ အကြား ဝင်ရိုးတစ်ခု ဖြစ်ပေါ်လာခြင်းတို့က ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည့်အတွက် ၎င်းချိတ်ဆက်မှုများက ဂျပန်နိုင်ငံအတွက် မသက်မသာဖြစ်စေခဲ့သည်။

 

Kishida က ၎င်း၏ အစိုးရသည် "အရေးကြီးကိစ္စရပ်များ" ကို ဖြေရှင်းရန်၊ နှစ်နိုင်ငံအကြား တည်ငြိမ်သော ဆက်ဆံရေးများ မြှင့်တင်ရန် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံရေး"အဆင့်မြင့် ချဉ်းကပ်မှုများ” ပြုလုပ်နေကြောင်း ပြောသည်။

 

ဂျပန်နှင့် တောင်ကိုးရီးယားတို့သည် မြောက်ကိုးရီးယား၏ ရန်လိုသော လက်နက်စမ်းသပ်မှု အစီအစဉ်၏ ရှေ့တန်းမျက်နှာစာတွင် ရှိနေပြီး စမ်းသပ်သည့် ဒုံးကျည်များမှာ ဒေသတွင်း ရေပြင်သို့ ပုံမှန် ကျရောက်နေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအကျော်က မြောက်ကိုးရီးယားက ဖမ်းဆီးခဲ့သည့် ဂျပန်နိုင်ငံသားများအရေးသည် အထူးသဖြင့် စိတ်ခံစားချက်ပြင်းထန်စေသည့် သဘောထားကွဲလွဲချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသေးသည်။

 

Kishida က ၎င်း၏ အစိုးရသည် မြောက်ကိုးရီးယားအစိုးရနှင့် ရုရှားအစိုးရတို့အကြား ကိရိယာတန်ဆာများ လဲလှယ်မှုကို စောင့်ကြည့်နေကြောင်း၊ တရုတ်နှင့် ရုရှား စစ်ရေး လေ့ကျင့်မှုများကိုလည်း "နိုင်ငံတကာ အစဉ်အလာနဲ့ တည်ငြိမ်မှုကို လေးစားလိုက်နာမှုအရ စိုးရိမ်စရာကောင်းတဲ့” ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။

 

တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လွတ်လပ် ပွင့်လင်းတဲ့၊ တရားဥပဒေ စိုးမိုးရေးပေါ် အခြေခံတဲ့ နိုင်ငံတကာအစဉ်အလာ ကြွယ်ဝပြည့်စုံမှုအတွက် အရေးကြီးတယ်ဆိုတာကိုလည်း မြောက်ကိုးရီးယားနဲ့ တရုတ်ကို ခိုင်မာတဲ့ သတင်းစကား ပေးဖို့ အရေးကြီးပါတယ်။” ဟု Kishida က ပြောသည်။

 

ခွဲခြားမှုနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်သူတွေ မဟုတ်ဘဲ ခိုင်မာတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုအဖြစ် မြှင့်တင်နိုင်အောင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။” ဟုလည်း ၎င်းက ဖြည့်စွက်သည်။ "ခွဲခြားထားဖို့ မဟုတ်ဘဲ၊ ထိပ်တိုက်ရင်ဆိုင်ဖို့ မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းကို အဆင့်မြှင့်တင်ဖို့အတွက် အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေအတွက် ပူးပေါင်းဆောင်ရွက်မှု ဝန်းကျင်တစ်ခု ဖန်တီးဖို့ အတူတကွလုပ်ဆောင်ကြဖို့ အရေးကြီးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

 

ကိုးကား - CNN

 

ပုံစာ - ဧပြီလ ၇ ရက်နေ့တွင် CNN နှင့် တွေ့ဆုံနေသည့် ဂျပန်ဝန်ကြီးချုပ် Fumio Kishida (CNN)

 

 Burma Associated Press

Fumio Kishida
ဂျပန်
ဝန်ကြီးချုပ်

Share With
bap-logo