bap-logo
Politics

ထိုင်းနှင့်တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှု သုံးကြိမ် ပြုလုပ်မည်

y8bVI9HMgS_EOejSVL127-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၇။

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကြည်း၊ ရေ၊ လေတပ်များ ပါဝင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှု သုံးကြိမ် ဂျူလိုင်လမှ စက်တင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်သည်ဟု စစ်တပ်ရင်းမြစ်က ပြောကြားသည်။

 

ပထမတစ်ကြိမ်အဖြစ် နှစ်ပတ်လည် ပူးတွဲလေကြောင်းတိုက်ပွဲ လေ့ကျင့်မှုသိမ်းငှက် တိုက်ခိုက်ရေး ၂၀၂၃ကို ဂျူလိုင်လ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်း ရေးအတွက် ထိုင်းနှင့် တရုတ်လေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ ဖွင့်ပွဲအခမ်းအနားကို Udon Thani ရှိ ထိုင်းလေတပ်အခြေစိုက်စခန်းတွင် ကျင်းပခဲ့သည်။ လေ့ကျင့်မှုများကို ဂျူလိုင် ၂၁ ရက်အထိ ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

 

သိမ်းငှက်တိုက်ခိုက်ရေးလေ့ကျင့်မှုသည် ၂၀၁၅ တွင် စတင်ပြုလုပ်ခဲ့ ပြီး ကိုဗစ်-၁၉ ပျံ့နှံ့ဖြစ်ပွားမှုမတိုင်ခင် ၂၀၁၇၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် လည်း ပြုလုပ်ခဲ့သည်။

 

၂၀၂၃ ခုနှစ် လေ့ကျင့်မှုများတွင် ပါဝင်သည့် ထိုင်းလေယာဉ်များမှာ Gripen 39 C/D Alpha Jets နှင့် Saab 340 AEW တိုက်ခိုက်ရေး လေယာဉ်များဖြစ်သည်။ ထိုင်းနိုင်ငံမှ J-10C/S JH-7 A/AII J-11B/S နှင့် KJ-500 တိုက်ခိုက်ရေးလေယာဉ်များ ပေးပို့ခဲ့သည်။

 

ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ သဘောတူညီချက်အရ ထိုင်းတော်ဝင်လေတပ်၏ F16 နှင့် F5 တိုက်လေယျာဉ်များမှာ တရုတ်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်ခွင့်မရပါ။

 

ဩဂုတ် ၁၆ မှ စက်တင်ဘာ ရက်အတွင်း ထိုင်းနှင့် တရုတ် စစ်တပ် တို့၏ အထူးစစ်ရေးအဖွဲ့များသည် ပူးတွဲစစ်ရေးလေ့ကျင့်မှု ၂၀၂၃ ကို Lop Buri ပြည်နယ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

 

နှစ်ဘက်ရေတပ်များပါဝင်သော အပြာရောင်တိုက်ခိုက်ရေး ပူးတွဲ လေ့ကျင့်မှုကို စက်တင်ဘာ ရက်မှ ၁၀ ရက်အထိ Chon Buri Rayong နှင့် Chanthaburi ပြည်နယ်တို့တွင် ပြုလုပ်သွားရန် စီစဉ်ထားသည်။ လေ့ကျင့်မှုသည် နှစ်နှစ်တစ်ကြိမ် ပြုလုပ်ပြီး နှစ်နိုင်ငံအလှည့်ကျ အိမ်ရှင်အဖြစ် ပြုလုပ်လေ့ရှိသည်။

 

ဩဂုတ်လ ၃၁ ရက်နေ့တွင် တရုတ် စစ်သင်္ဘောများနှင့် ကုန်း၊ ရေ နှစ်မျိုးသွား ယျာဉ်များ Chon Buri ပြည်နယ်ရှိ Sattahip သို့ ဆိုက်ကပ်မည် ဖြစ်သည်။

 

ထိုင်းရေတပ်သတင်းရင်းမြစ်က ယခုနှစ် လေ့ကျင့်မှုသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် အမေရိကန် တို့၏ တင်းမာမှုများကြောင့် တိတ်ဆိတ်စွာ ပြုလုပ်မည်ဖြစ်သည်ဟု ဆိုသည်။

 

ကိုးကား - Bangkok Post

ပုံစာ - ၂၀၁၉ ခုနှစ် Guangdong တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသော ထိုင်းနှင့် တရုတ်စစ်သားများ။

 

Burma Associated Press

 

အမေရိကန်
ထိုင်းနိုင်ငံ

Share With
bap-logo