bap-logo
Politics

လာမည့် ဆောင်းဦးရာသီမှ စ၍ ကယ်လီဖိုးနီးယား အုတ်ကလန်မြို့ တိရစ္ဆာန်ရုံတွင် ဆင်များ ပြသခြင်းမပြုတော့

vqsHt9Hk2Gl3oN7keCL-C-image

လွန်ခဲ့သော တစ်လ က

 

အုတ်ကလန်မြို့ တိရစ္ဆာန်ရုံမှ Osh အမည်ရှိ နောက်ဆုံးလက်ကျန် ဆင်သည် ပြီးခဲ့သည့်နှစ် ဆောင်းဦးရာသီတွင် တိရစ္ဆာန်ရုံမှ ထွက်ခွာသွားသည့် Donna နှင့် ပြန်လည်တွေ့ဆုံ ပေါင်းစည်းတော့မည်ဖြစ်သည်။

 

ဆင်များကို ရှေးဆန်သည့် တိရစ္ဆာန်ရုံများမှ ဖယ်ရှားရန် တွန်းအားပေးမှုများ ရှိနေသည်ဟု တိရစ္ဆာန်ရုံများနှင့် ငါးပြတိုက်များ အသင်း The Association of Zoos and Aquariums (AZA) အကြီးအကဲ Dan Ashe က ပြောသည်။ ၎င်းတို့အတွက် အချင်းချင်း ပေါင်းသင်းဆက်ဆံရန်၊ သဘာဝနှင့် ထိတွေ့ရန် အခွင့်အလမ်းပိုမိုများပြားသော ပိုမို ကြီးမားကျယ်ပြန့်သည့် နေရာများသို့ ပို့ဆောင်ရန် တိုက်တွန်းနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

 

ဆင်တွေနဲ့ ပတ်သတ်လို့ ပိုပြီး နေရာကျယ်ကျယ်ပြန့်ပြန့်ပေးဖို့၊ မျိုးဆက်များစွာအထိ အုပ်စုဖွဲ့နေတဲ့ ဆင်တွေကို စီမံထိန်းသိမ်းနိုင်တဲ့ ဝန်ထမ်းတွေ ထားရှိပေးဖို့ လှုပ်ရှားမှုတစ်ခု လုပ်နေကြပါတယ်

 

 

ဆင်တွေနဲ့ ပတ်သတ်လို့ ပိုပြီး နေရာကျယ်ကျယ်ပြန့်ပြန့်ပေးဖို့၊ မျိုးဆက်များစွာအထိ အုပ်စုဖွဲ့နေတဲ့ ဆင်တွေကို စီမံထိန်းသိမ်းနိုင်တဲ့ ဝန်ထမ်းတွေ ထားရှိပေးဖို့ လှုပ်ရှားမှုတစ်ခု လုပ်နေကြပါတယ်။” Ashe က ပြောသည်။ "Osh နဲ့ တခြား ဆင်တွေရဲ့ အခြေအနေကို အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းတဲ့ အုတ်ကလန် တိရစ္ဆာန်ရုံကို လက်ခုပ်တီး အားပေးပါတယ်။ သူတို့ အများကြီး စဉ်းစားပြီး လုပ်ဆောင်ခဲ့တာပါ။

 

အုတ်ကလန် တိရစ္ဆာန်ရုံတွင် ၂၀၁၉ ခုနှစ် မတိုင်ခင်ထိ ဆင်လေးကောင် ရှိခဲ့ပြီး အသက် ၅၀ အရွယ် M’Dunda မှာ မမျှော်လင့်ဘဲ သေဆုံးခဲ့ကာ၊ အသက် ၄၆ နှစ်အရွယ်ရှိ Lisa မှာ ၂၀၂၃ တွင် သေဆုံးခဲ့သည်။ အသက် ၄၄ အရွယ်ရှိ Donna မှ အဖွဲ့တွင်း ကျန်ရှိသည့် တစ်ကောင်တည်းသော ဆင်မ ဖြစ်လာခဲ့သည်။

 

ဆင်မများမှာ အပြန်အလှန် ပေါင်းသင်းဆက်ဆံမှု ပိုမို လိုအပ်သဖြင့် တန်နက်ဆီရှိ ဆင်ဘေးမဲ့တောသို့ Donna ကို ပို့ဆောင်ခဲ့ကြသည်။ တိရစ္ဆာန်ရုံတွင် အသက် ၃၀ အရွယ် Osh ကို ချန်ထားခဲ့ကာ ၎င်းအတွက် ဆင်ထီးအဖော် ရရှိရန် မျှော်လင့်ထားသော်လည်း ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ပေ။ AZA ဆင်များကို ပြသရန် အသိအမှတ်ပြု စံနှုန်းမှာ အနည်းဆုံး ဆင်မ သုံးကောင် (သို့မဟုတ် ဆင်မနှင့် ဆင်ထီး အရောအနှော) သို့မဟုတ် ဆင်ထီးနှစ်ကောင် ထားရှိရန် ဖြစ်သည်။

 

Osh အတွက် ပျော်ရွှင်ဖွယ် အဆုံးသတ် တစ်ခုဖြစ်လာသည်။ ၎င်းသည် Donna နှင့် လာမည့် ဆောင်းဦးတွင် ပြန်လည် တွေ့ဆုံ ပေါင်းစည်းတော့မည်ဖြစ်သည်။

 

လူတွေအတွက် စိတ်လှုပ်ရှားခံစားရပါတယ်။ ကျွန်မအတွက် စိတ်လှုပ်ရှားခံစားရပါတယ်။အုတ်ကလန်တိရစ္ဆာန်ရုံမှ တိရိစ္ဆာန် စောင့်ရှောက်၊ ထိန်းသိမ်း၊ သုတေသနပြုမှုဌာန ဒုတိယ အကြီးအကဲ Colleen Kinzley က ပြောသည်။ "ကျွန်မ ဆင်တွေနဲ့ အလုပ်လုပ်လာတာ ၃၅ နှစ် ရှိပြီ။ ဒါက ကျွန်မ ကျွမ်းကျင်တဲ့ နယ်ပယ်ပါ။

 

ဆင်ထီများသည် ဆင်မများနှင့် တရင်းတနှီး နေလေ့ မရှိကြပေ။ သို့သော် ၎င်း ဆင်နှစ်ကောင်မှာ "ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြပါတယ်။ဟု သူမက ပြောသည်။

 

ပြီးခဲ့တဲ့ ၃၄ နှစ်အတွင်း ဆင်တွေကို ကျွန်မတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအားလုံးဟာ အပြုသဘော ဆောင်တဲ့ အားဖြည့်မှုတွေပါပဲ

 

 

အုတ်ကလန်တိရစ္ဆာန်ရုံတွင် ဆင်ထိန်းသိမ်းစောင့်ရှောက်မှု သိသာထင်ရှားစွာ ပြောင်းလဲ ဖြစ်ပေါ်လာသည်ကို Kinzley မြင်တွေ့ခဲ့ရသည်။ ၎င်းတိရစ္ဆာန်ရုံသည် အမေရိကားတွင် ပထမဆုံး ချွန်း အသုံးပြုမှု တားမြစ်ခဲ့သည့် တိရစ္ဆာန်ရုံများအနက် တစ်ခုလည်း ဖြစ်သည်။ ချွန်းမှာ ချိတ်ကို ထက်မြအောင် သွေးထားပြီး နာကျင်အောင်ပြု၍ ကြောက်ရွံ့မှု၊ နာခံမှုရှိစေရန် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

 

ကျွန်မတို့က ဆင်တွေဆီကို ဝင်မသွားဘဲ အကာအရံခြားပြီး စောင့်ရှောက်မှုပြတဲ့ ပထမဆုံး တိရစ္ဆာန်ရုံတွေထဲက တစ်ခုဖြစ်ပါတယ်။ ချွန်းကိုလည်း မသုံးဘူး။ ကိုယ်ကာယပိုင်းဆိုင်ရာ အမိန့်နာခံစေခြင်းလည်း မရှိဘူး။ဟု Kinzley က ပြောသည်။ "ပြီးခဲ့တဲ့ ၃၄ နှစ်အတွင်း ဆင်တွေကို ကျွန်မတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအားလုံးဟာ အပြုသဘောဆောင်တဲ့ အားဖြည့်မှုတွေပါပဲ။

 

AZA က ၂၀၁၉ ခုနှစ်တွင် ချွန်းအသုံးပြုမှု တားမြစ်ခဲ့သည်။

 

တန်နက်ဆီ ဘေးမဲ့တောတွင် ဆပ်ကပ်များ၊ အခြားသော ဖျော်ဖြေရေးလုပ်ငန်းခွင်များမှ ဆင်များကို ကယ်တင်ထားသည်။ ဧက ၃၀၀၀ ရှိ ဘေးမဲ့တောသည် ဆင် ၁၂ ကောင် အိမ်ပင်ဖြစ်သည်။ အချို့မှာ အသက် ၇၂ နှစ်အထိ နေထိုင်ခဲ့ကြပြီး အများစုမှ အသက် ၅၀ ကျော် ၆၀ ကျော် အထိ နေထိုင်နိုင်ကြသည်။

 

အခြားသော တိရစ္ဆာန်ရုံများလည်း အုတ်ကလန် တိရစ္ဆာန်ရုံအတိုင်း လိုက်လံလုပ်ဆောင်ခြင်းဖြင့် ဆင်အုပ် ပိုမိုကြီးထွားလာမည်ဟု မျှော်လင့်ရသည်။

 

ခေတ်သစ် တိရစ္ဆာန်ရုံများတွင် ဆင်များ ပါဝင်မှု ပျောက်ကွယ်သွားနိုင်ကြောင်း၊ တိရိစ္ဆာန်ရုံများ၏ အနာဂတ်မှာ တောက်ပနေကြောင်း ဘေးမဲ့တော ဆက်သွယ်ရေး မန်နေဂျာ Ashley Dehnke က ပြောသည်။

 

ကိုးကား - The Mercury News

ပုံစာ - အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ် Hohenwald မြို့အနီးရှိ ဆင်ဘေးမဲ့တော။ (Michael Tercha /Chicago Tribune)

 

Burma Associated Press

ကယ်လီဖိုးနီးယား
ဆင်
တိရိစ္ဆာန်ရုံ

Share With
bap-logo