bap-logo
Politics

သားသမီးများနှင့် လမ်းပေါ်တွင် အိပ်နေရသည့် ဂါဇာမှ ဘာသာပြန်နှင့် မီဒီယာလုပ်ကိုင်သူ

ceNwY8jlAr3hEGUDZkUdO-image

လွန်ခဲ့သော ၂ လ က

 

မေလတွင် ၂၄ နာရီအတွင်း ထွက်ခွာရန် သတိပေးချက် ရရှိပြီးနောက် Besan Imad Mohamed al-Mabhouh သည် သူမ၏ သားသမီး သုံးဦးအပါအဝင် မိသားစုနှင့်အတူ နေအိမ်မှ စွန့်ခွာလာခဲ့သည်။ ၎င်းတို့သည့် နေထိုင်ရန်တဲ ရှာဖွေ၍ မရသေးဘဲ မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ အရေးတကြီးလိုအပ်နေသည်။

 

အသက် ၃၁ နှစ်အရွယ်ရှိ Besan Imad Mohaed al-Mabhouh သည် ဂါဇာတောင်ပိုင်း Rafah မှ ဘာသာပြန်နှင့် မီဒီယာလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး The Guardian မှ မေးမြန်းထားသည်။

 

-အခု ခင်ဗျားတို့ ဘယ်မှာလဲ။

 

ကျွန်မတို့ ဂါဇာအလယ်ပိုင်း Deir Al-Balah မှာပါ။ အရင်က တောင်ပိုင်း Rafah မှာ နေခဲ့တာပါ။ မြောက်ပိုင်းမှာ စစ်ပွဲစတဲ့အချိန်မှာတောင် Rafah ကို ဝင်လာမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ (Rafah က) ဘေးကင်းတဲ့နေရာတစ်ခုပါ။ နောက်တော့ အစ္စရေးစစ်တပ်က ကျွန်မတို့ကို ခေါ်ပြီး ပြောတယ်။ ၂၄ နာရီအတွင်း အိမ်ကနေ ထွက်ရမယ်တဲ့။ ကျွန်မတို့ မေလ ရက်နေ့မှာ ထွက်ခဲ့ပါတယ်။

 

- ၂၄ နာရီအတွင်း ဘယ်လို ထွက်ခဲ့လဲ။

 

ကျွန်မတို့ မရှိမဖြစ်ပစ္စည်းတွေလောက်ပဲ ယူခဲ့ကြတယ်။ အိပ်ယာခင်းနဲ့ အကာတွေပေါ့။ ကျန်တာတွေအကုန်လုံး ဆုံးရှုံးသွားပြီ။ ကျွန်မတို့နေရာဒေသမှာ ဘာမှ မကျန်တော့ဘူးလို့ သတင်းတွေအကုန်လုံးက ဖော်ပြနေကြတယ်။ စစ်ပြီးသွားရင်တောင်မှ အဲဒီကို ပြန်သွားလို့ ဘာကျန်မှာလဲ။

 

-ထွက်လာခဲ့ကြတာ ဘယ်နှစ်ယောက်လဲ။

 

ကျွန်မ၊ ကျွန်မအမျိုးသား၊ ကလေးသုံးယောက်၊ ယောက္ခမ၊ ကျွန်မရဲ့ ညီမ၊ သူ့ရဲ့ အမျိုးသားနဲ့ သူတို့ရဲ့ ကလေးသုံးယောက်ပါ။ ကလေးတွေက ၁၂ နှစ်၊ ၁၁ နှစ်၊ ၁၀ နှစ်၊ နှစ်၊ နှစ်နဲ့ နှစ်သားတွေပါ။

 

-Deir al-Balah မှာ အခြေအနေ ဘယ်လို ရှိသလဲ။

 

ကျွန်မတို့ရောက်တော့ တရားစီရင်ရာနေ့လိုပါပဲ။ လူတိုင်းက ကားတွေ၊ ထရပ်တွေ၊ လူအပြည့်နဲ့ ဘတ်စ် ကားတွေပေါ်မှာ ပြေးလွှား သွားလာနေကြတယ်။ ကျွန်မတို့ အိပ်စရာနေရာတစ်နေရာ မတွေ့ခင် လမ်းပေါ်မှာ တစ်ရက်နေရတယ်။ ယာယီတဲလည်း မတွေ့သေးပါဘူး။ ကိုယ့်ရင်သွေးတွေကို ကာကွယ်ဖို့ ကျွန်မတို့ သယ်လာတဲ့ ပစ္စည်းတွေကိုပဲ သုံးနေရတုန်းပါပဲ။ စောင်တွေ၊ အခင်းတွေ၊ သုံးလို့ရတဲ့ အဝတ်မှန်သမျှနဲ့ အကာအကွယ်လုပ်ရတာပေါ့။ ကျွန်မတို့က လမ်းဘေး ပလက်ဖောင်းပေါ်မှာနေတာ။ တခြားသူတွေဆို ပလက် ဖောင်းမှာတောင် နေရာမရကြပါဘူး။

 

စည်သွပ်ဗူးတွေကြောင့် ကလေးတွေ နေမကောင်းဖြစ်ကြတယ်။ အဲဒီတော့ ချိစ်တွေ စားတယ်။ ပေါင်မုန့်ရှိတယ်။ ကလေးတွေ ဆန်းဒဝစ်ပဲ နေ့တိုင်းစားရတယ်။

 

 

အခက်ခဲဆုံးကတော့ ရေချိုး၊ အိမ်သာပါပဲ။ အချို့ စာနာတတ်တဲ့သူတွေက သူတို့ရဲ့ ရေချိုး၊ အိမ်သာတွေ ပေးသုံးကြတယ်။ သူတို့ကလည်း မိန်းမနဲ့ ကလေးတွေအတွက် စိတ်မကောင်းကြဘူးပေါ့။ ရေသုံးဖို့က အရမ်းခက်ခဲနေတယ်။ ရေက ပင်လယ်ရေတွေပါ။ ခန္ဓာကိုယ်အတွက် ပင်လယ်ရေက ဘယ်လောက် အန္တရာယ်ရှိမလဲ စဉ်းစားကြည့်လို့ရပါတယ်။ ရေချိုက ဝယ်သုံးရပါတယ်။ ချက်ပြုတ်ဖို့ ဂတ်စ်လည်း ရှိတယ်။ ဒါပေမယ့် ဟင်းချက်စရာတွေက ဈေးအရမ်းကြီးလို့ မချက်နိုင်ပါဘူး။ စည်သွပ်ဗူးတွေကြောင့် ကလေးတွေ နေမကောင်းဖြစ်ကြတယ်။ အဲဒီတော့ ချိစ်တွေ စားတယ်။ ပေါင်မုန့်ရှိတယ်။ ကလေးတွေ ဆန်းဒဝစ်ပဲ နေ့တိုင်းစားရတယ်။

 

-ကလေးတွေအခြေအနေ ဘယ်လိုရှိလဲ။

 

သူတို့ ထိတ်လန့်တုန်လှုပ်နေတာပေါ့။ သဲပေါ်မှာ အိပ်ရတယ်။ ဝမ်းရောဂါ ကူးစက်မှုတွေ၊ အရေပြားရောဂါ ကူးစက်မှုတွေ ရကြတယ်။ ရေသန့်တောင်မှ မသန့်ဘူး။ အနယ်အမှုန်တွေ မြင်နေရတယ်။ အမေတစ်ယောက်အနေနဲ့ ကိုယ်တိုင်က ဖိအားများနေတဲ့အချိန်၊ ဖိစီးခံနေရတဲ့အချိန် သူတို့ကို စိတ်ပိုင်းဆိုင်ရာ မကောင်းတဲ့အခြေအနေကနေ ဘယ်လိုကယ်ထုတ်မလဲ။ ဒီလို မကြုံဘူးတဲ့ အခြေအနေတွေမှာ ဘယ်လို ယှဉ်တွဲနေထိုင်ရမလဲ။ အိမ်ကို ထားခဲ့ရတယ်။ အခန်းတွေ၊ နေရာလွတ်တွေ အများကြီးရှိတဲ့ အိမ်ကို ထားခဲ့ရတယ်။ ပြီးတော့ လမ်းပေါ်မှာနေဖို့ ထွက်လာရတယ်။ အရမ်းခက်ခဲပါတယ်။

 

-စစ်မဖြစ်ခင်က ဘာလုပ်သလဲ။

 

ကျွန်မတို့ဘဝတွေက ကောင်းခဲ့ပါတယ်။ ကျွန်မက အင်္ဂလိပ်ဘာသာပြန် လေ့လာနေခဲ့တာပါ။ မီဒီယာတွေမှာ အလုပ်လုပ်တယ်။ ဘာသာပြန်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်မအမျိုးသားက ရေအေးစက် ဖြန့်ချိရေးကုမ္ပဏီမှာ လုပ်ခဲ့ပါတယ်။

 

အကုန်လုံး ဆုံးရှုံးခဲ့ပါပြီ။ ဘာမှ မကျန်တော့ပါဘူး။ ကုမ္ပဏီလည်း မရှိတော့ဘူး။ ကျွန်မအလုပ်လုပ်ခဲ့တဲ့ မီဒီယာအဖွဲ့အစည်းလည်း မရှိတော့ဘူး။ အခု အွန်လိုင်းကလုပ်ပါတယ်။ မြေပြင်မှာ သတင်းနဲ့ အင်တာဗျူးတွေ လုပ်ပါတယ်။ ဒါပေမယ့် အလုပ်က အရမ်းနည်းပါတယ်။

 

-အလုပ်လုပ်တော့ လုပ်ခ ဘယ်လို ရယူသလဲ။

 

ကျွန်မတို့ အလုပ်အတွက် ပိုက်ဆံရပါတယ်။ ငွေထုတ်ဖို့ကတော့ ကော်မရှင် ပေးရပါတယ်။ ဒီနည်းလမ်းပဲ ရှိပါတယ်။

 

-အောက်တိုဘာ ရက် မတိုင်ခင်က ဘယ်လိုရှိခဲ့သလဲ။

 

အောက်တိုဘာ ရက်နေ့က ကျွန်မတို့ ဘဝတွေက ပျော်စရာပါ။ တက္ကသိုလ်ကို ကျွန်မသွားတယ်။ ကျွန်မတို့ ကလေးတွေ အပြင်ထွက် ဆော့ကြတယ်။ စနေ၊ တနင်္ဂနွေမှာ သူတို့ ပွဲခင်းသွားကြတယ်။ အခုတော့ သူတို့ နေရာလွတ် သန့်သန့်ရှင်းရှင်းလေးတစ်နေရာ၊ ရေသန့်ဖြည့်ပေးမယ့်နေရာ၊ အိမ်သာသွားလို့ရမယ့်နေရာ၊ အဖျားအနာတွေကနေ အကာအကွယ်ပေးမယ့်နေရာ ရှာနေရပြီ။ ထောက်ပံ့ရေးပစ္စည်းတွေ ရောက်လာရင်တောင်၊ အထောက်အပံ့တချို့ ရောက်လည်း ရောက်လာပါတယ်။ ဒါပေမယ့် ဝယ်ချင်ရင်တောင် ဝယ်လို့ မရဘူး။ ကူရာကယ်ရာမဲ့တဲ့ ခံစားမှုက သတ်နေသလိုပဲ။

 

ကျွန်မတို့က ကလေးတွေကို လိုချင်တာ အကုန်ပေးပြီး အလိုလိုက် ဖျက်ဆီးခဲ့တာပေါ့။ ကျွန်မ အလုပ်လုပ်ပြီး ဝင်ငွေရှိတဲ့အချိန်မှာ ကျွန်မကလေးတွေ သက်တောင့်သက်သာ ရှိနေအောင် ထားတယ်။

 

ကျွန်မအလုပ်ထဲမှာ ရှိနေတဲ့အချိန် သူတို့ ဖုန်းဆက်ပြီး လှမ်းပူဆာကြတယ်။ အလုပ်ပြီးတာနဲ့ အိမ်ကို လက် ဆောင်ပစ္စည်းတွေနဲ့ ပြန်လာတာပဲ။ ကစားစရာ ကားတွေ၊ PlayStation တွေပေါ့။ သူတို့ အရမ်းပျော်ကြတယ်။ အခုတော့ ကျွန်မ သူတို့ကို မကြည့်နိုင်တော့ဘူး။ သူတို့ ပုံစံပြောင်းသွားကြပြီ။ သူတို့ မျက်နှာတွေ၊ အဝတ်အစားတွေဆိုတာ ညစ်ပတ်နေတာပဲ။ သူတို့ အသားအရေတွေဆိုတာလည်း နေတွေလောင်လို့။ အငယ်လေးကို ကျွန်မကြည့်တော့ သူ့ကျောပေါ်မှာ ရေဗူးကြီးတစ်ဗူး သယ်ထားရတယ်။ သူတို့ ဘဝတွေ ဘယ်လောက် ပြောင်းလဲသွားလိုက်သလဲ။ ကျွန်မအသည်းနှလုံးတွေ လောင်ကျွမ်းရပါတယ်။

 

ကျွန်မတို့ဖြစ်ပျက်နေတာတွေဟာ မရိုးရှင်းပါဘူး။ ဘယ်လိုလူသားမဆို သူတို့ရဲ့ ဦးနှောက်က လက်ခံဖို့ ခက်ခဲပါတယ်။ အခု ကျွန်မ လိုက်တောင်းနေရတာတွေက သန့်ရှင်းတဲ့ ပစ္စည်းတွေ၊ ခေါင်းလျှော် ရည်၊ အဝတ်လျှော်ဆပ်ပြာ၊ ခြေညှပ်ဖိနပ်တွေ မရှိမဖြစ်ပစ္စည်းတွေပေါ့။ ဈေးတွေက မယုံနိုင်လောက်အောင်ပါပဲ။ တစ်ယောက်ယောက် ပရဟိတ လာလှူမှာကို စောင့်နေရတယ်။ ကျွန်မတို့ နေထိုင်ရှင်သန်နေရတာတွေက ဘယ်လူသားမှ လက်ခံ ခံစားနိုင်စရာ မရှိပါဘူး။ ဒါက အရှိတရားလို့ လက်ခံနိုင်စရာ မရှိဘူး။ ဒါက ဘဝတစ်ခုလို့ လက်ခံနိုင်စရာ မရှိဘူး။

 

ကိုးကား - The Guardian

ပုံစာ - နေရပ်စွန့်ခွာခဲ့ရသည့် ပါလက်စတိုင်းများ၏ တဲများဘေးတွင် လမ်းပေါ် ပြန့်ကျဲနေသော စွန့်ပစ်အမှိုက်သရိုက်များ။ (Eyad Baba/AFP/Getty Images)

 

Burma Associated Press

ဂါဇာ
သတင်းထောက်
အစ္စရေး
စစ်ပွဲ
ပါလက်စတိုင်းစ်

Share With
bap-logo