bap-logo
Politics

အဓိကရုဏ်းများ ပြင်းထန်လာသည့်အတွက် ဗြိတိန်ဝန်ကြီးချုပ် အရေးပေါ်အစည်းအဝေးခေါ်မည်

hcicZ4b1tzKVvzWO8FIiu-image

လွန်ခဲ့သော တစ်လ က

 

နိုင်ငံတွင်း လူဝင်မှု ဆန့်ကျင်ဆန္ဒပြပွဲများ ရက်အတန်ကြာ ပြင်းထန်လာပြီး အဆောက်အဦများ၊ ယာဉ်များ မီးရှို့ခံရခြင်း၊ ခိုလှုံခွင့်တောင်းခံသူများ လက်ခံထားသည့် ဟိုတယ်များ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းများကြောင့် တနင်္လာနေ့တွင် ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နှင့် ရဲတပ်ဖွဲ့အကြီးအကဲများ အရေးပေါ် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်သည်။

 

ပြီးခဲ့သည့်အပတ်တွင် မြို့များအနှံ့ အဓိကရုဏ်းများ ပျံ့နှံ့ဖြစ်ပေါ်ခဲ့ကာ အင်္ဂလန် အနောက်မြောက် Southport တွင် ဓားဖြင့်တိုက်ခိုက်မှုတစ်ခုကြောင့် မိန်းကလေးသုံးဦး သေဆုံးခဲ့ကာ လက်ရှိအချိန်ထိ လူပေါင်း ၄၂၀ ဖမ်းဆီးထိန်းသိမ်းထားသည်။

 

တိုက်ခိုက်သူဟု သံသယရှိသူမှာ ဗြိတိန်သို့ လတ်တလော ရောက်ရှိလာသည့် အစွန်းရောက် အစ္စလာမ်ဝါဒီတစ်ဦးဖြစ်သည်ဟု အွန်လိုင်းတွင် သတင်းမှားများ ပျံ့နှံ့ခဲ့ပြီးနောက် လူဝင်မှုဆန့်ကျင်သူများနှင့် မူဆလင်ဆန့်ကျင်သူအဖွဲ့များက လူသတ်မှုများကို အသုံးချ လှုံ့ဆော်ခဲ့ကြသည်။ သံသယရှိသူမှာ ဗြိတိန်တွင် မွေးဖွားသူဖြစ်ပြီး အကြမ်းဖက်ဝါဒီ ဟု မယူဆကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 

အဓိကရုဏ်းလုပ်ဆောင်သူများသည် "လူမျိုးရေးမုန်းတီးမှုကို လှုံ့ဆော်ရန် ၎င်းအချိန်အခိုက်အတန့်က တွန်းအားပေးခဲ့ပြီး" ရဲအရာရှိများကို အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဈေးဆိုင်များ၊ ဗလီများ၊ အာရှသားများ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်ခဲ့ကြသည်ဟု ပြည်ထဲရေးဝန်ကြီး Yvette Cooper က ပြောသည်။

 

သီတင်းပတ်အကုန်ပိုင်းတွင် အဓိကရုဏ်းများ လီဗာပူး၊ ဘရစ်စတို၊ တမ်းဝါ့သ်၊ မစ်ဒယ်စ်ဘရော့နှင့် အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖက်စ်တို့တွင် ဖြစ်ပွားခဲ့သည်။ လူငယ်အမြောက်အများက မျက်နှာဖုံးစွပ်များဝတ်ဆင်ပြီး ဗြိတိသျှအလံခြုံရုံ၍ ကျောက်ခဲများပစ်ပေါက်ကာ "လှေတွေကို တားဆီးကြဟု အော်ဟစ်ကြသည်။ မကြာသေးခင်နှစ်များအတွင်း ရွှေ့ပြောင်းဝင်ရောက်လာသူများ တောင်ဘက်ကမ်းရိုးတန်းသို့ ရောက်ရှိလာခြင်းကို ရည်ညွှန်းအော်ဟစ်ခြင်းဖြစ်သည်။

 

အင်္ဂလန်မြောက်ပိုင်း ရော့သာဟမ်တွင် ဆန္ဒပြသူများက ခိုလှုံခွင့်တောင်းခံသူများထားရှိသည့် ဟိုတယ်တစ်ခုကို ဖျက်ဆီးဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။

 

ရဲတပ်ဖွဲ့က အွန်လိုင်းသတင်းမှား ဖြန့်ဝေခြင်းကို အပြစ်တင်

 

လူသိများကျော်ကြားသူများက အွန်လိုင်းသတင်းမှားများ ထပ်ဆင့် ဖြန့်ဝေခဲ့သည့်အတွက် အကြမ်းဖက်မှုများ ဖြစ်ပွားစေခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က အွန်လိုင်းသတင်းမှားများ ဖြန့်ဝေခြင်းကို အပြစ်တင်လိုက်သည်။ ၎င်းတို့အနက် အထင်ရှားဆုံးသူများမှ တစ်ဦးဖြစ်သော အစ္စလာမ်ဆန့်ကျင်ရေး အင်္ဂလိပ် ခုခံကာကွယ်ရေးအဖွဲ့ ဦးဆောင်သူ Stephen Yaxley-Lennon ကို ဆိုရှယ်မီဒီယာ X တွင် ၎င်းကိုစောင့်ကြည့်၊ ထောက်ခံသူ ၈၇၅,၀၀၀ ထံသို့ သတင်းမှားများ ဖြန့်ချိခဲ့ခြင်းအတွက် မီဒီယာများမှ ပြစ်တင်ရှုတ်ချခဲ့သည်။

 

နိုင်ငံက ငါ့ကို ဆန့်ကျင်တိုက်ခိုက်လာအောင် ကြိုးပမ်းနေကြတာ။ ငါ မင်းတို့ကို လိုအပ်တယ်။ မင်းတို့က ငါ့ရဲ့ အသံပါပဲ

 

 

သူတို့ မင်းတို့အားလုံးကို ညာနေတာ။ဟု အမည်ကွဲ Tommy Robinsin ဖြင့် လူသိများသည့် Yaxley-Lennon က ရေးသားခဲ့သည်။ "နိုင်ငံက ငါ့ကို ဆန့်ကျင်တိုက်ခိုက်လာအောင် ကြိုးပမ်းနေကြတာ။ ငါ မင်းတို့ကို လိုအပ်တယ်။ မင်းတို့က ငါ့ရဲ့ အသံပါပဲ။

 

X ပိုင်ရှင် အီလွန်မက်စ်သည်လည်း အကြမ်းဖက်မှုကို မှတ်ချက်ပေးခဲ့သည်။ အမြောက်အများ ရွှေ့ပြောင်းဝင်ရောက်မှုနှင့် နယ်စပ်ဖွင့်လှစ်မှုကြောင့် ဗြိတိန်တွင် မငြိမ်သက်ခြင်းဖြစ်ရသည်ဟု အပြစ်တင်သည့် X မှ ပို့စ်တစ်ခုတွင် "ပြည်တွင်းစစ်က ရှောင်လွှဲလို့မရဘူး။ဟု ရေးသားခဲ့သည်။

 

တင်းမာမှုများ မြင့်တက်လာပြီး အွန်လိုင်းတွင် ဒေါသထွက်နေကြကြောင်း၊ အစိုးရက ၎င်းအရေးအတွက် လူမှုမီဒီယာကုမ္ပဏီများနှင့် ဆက်သွယ်ဖြေရှင်းသွားမည်ဟု ပြည်ထဲရေးဝန်ကြီး Yvette Cooper က ရုပ်သံလွှင့်သူများကို ပြောသည်။

 

နိုင်ငံခြားတိုင်းပြည်များ ပါဝင်မှု ရှိ၊ မရှိ Sky News ၏မေးမြန်းချက်ကို သူမက ရှောင်လွှဲသည့်အနေဖြင့်မီးတောက်ကို ယပ်ခပ်ပေးဖို့ ကြိုးစားနေတဲ့ မတူညီတဲ့ တစ်ဦးတစ်ယောက်ချင်းရဲ့ ကွန်ရက်တွေ၊ အစုအဖွဲ့တွေကို ရှင်တို့ တွေ့မြင်ခဲ့ရတယ်လို့ပဲ ကျွန်မထင်ပါတယ်။ဟု ဖြေကြားခဲ့သည်။

 

လူထုတွင် ပြောင်းရွှေ့ဝင်ရောက်သူများကဲ့သို့သော အရေးများနှင့် ပတ်သတ်၍ အမြင်များ၊ စိုးရိမ်မှုများရှိကြောင်း သူမက ပြောပြီး အကြမ်းဖက်မှုများအတွက် အစွန်းရောက်များ၊ လူမျိုးရေးခွဲခြားသူများ၊ အကြမ်းဖက်အုပ်စုများကို အပြစ်တင်ခဲ့သည်။

 

ဒီလိုအမြင်တွေ၊ စိုးရိမ်မှုတွေရှိပေမယ့် စဉ်းစားချင့်ချိန်နိုင်သူတွေက အုတ်ခဲတွေကောက်ပြီး ရဲတွေကို ပစ်ပေါက်တာမျိုး မလုပ်ဘူး။ဟု သူမက ပြောသည်။

 

ကိုးကား - Reuters

ပုံစာ - ဩဂုတ်လ ရက် ၂၀၂၄ ခုနှစ် ဗြိတိန်နိုင်ငံ၊ ရော့သာဟမ်မှ ဟိုတယ်တစ်ခုအပြင်ဘက်တွင် ဆန္ဒပြသူများက မီးပုံပေါ်သို့ အမှိုက်ပုံးများ ပစ်တင်နေစဉ်။ (Stringer/Reuters)

 

Burma Associated Press

UK
ဆန္ဒပြပွဲ
ရဲတပ်ဖွဲ့

Share With
bap-logo