Politics
လုံခြုံရေးတင်းမာမှုများ မြင့်တက်နေစဉ် တရုတ် ရေတပ်သင်္ဘောများ မြန်မာသို့ လာရောက်
လွန်ခဲ့သော တစ်နှစ် က
တရုတ်နိုင်ငံနယ်စပ်အနီး မြန်မာစစ်အာဏာပိုင်တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့များ၏ တိုက်ပွဲများကို တရုတ်က စိုးရိမ်မှုရှိနေစဉ်မှာပင် တရုတ်ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှု အသစ် ပြန်လည်စတင်မှု တစိတ်တပိုင်းအဖြစ် တရုတ်ရေတပ်သင်္ဘောသုံးစင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးနှင့် လေ့ကျင့်ရေးခရီးအဖြစ် ရောက်ရှိလာခဲ့သည်။
ပဲ့ထိန်းဒုံးအသုံးပြု ဖျက်သင်္ဘော Zinbo၊ ပဲ့ထိန်းဒုံးအသုံးပြု ဖရီးဂိတ်စစ်သင်္ဘော Jingzhou တို့ကို မြန်မာဖရီးဂိတ်စစ်သင်္ဘောတစ်စီးက လမ်းပြဦးဆောင်ကာ ရန်ကုန်မြို့ ဆိပ်ကမ်းသို့ တနင်္လာနေ့က ရောက်ရှိလာသည်ဟု တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် People's Liberation Navy (PLAN) က ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြသည်။
တပ်ဖွဲ့အင်အား ၇၀၀ ပါဝင်သည့် လေးရက်ကြာ လာရောက်မှုကို စီနီယာကပ္ပတိန် Sun Bo က ဦးဆောင်ကာ ထောက်ပို့သင်္ဘော Qiandaohu လည်း ပါဝင်သည်ဟု မြန်မာ့ နိုင်ငံပိုင်သတင်းစာမှ ဖော်ပြခဲ့သည်။
တရုတ်တပ်ဖွဲ့များသည် မြန်မာနှင့် "ရေတပ်လုံခြုံရေးလေ့ကျင့်မှုများဆောင်ရွက်သွားမည်” ဟုလည်း ဖော်ပြထားသည်။
တရုတ်ရေယာဉ်များသည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာ ကမ်းလွန်တို့တွင် ၂၀၀၈ ခုနှစ်မှ စတင်ကာ ဓားပြတိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် တရုတ်ရေတပ်မှ အမှတ် ၄၄ ရေတပ်သင်္ဘောအစု၏ အစိတ်အပိုင်းဖြစ်သည်။ ၎င်းရေတပ်သင်္ဘောအစုသည် အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ယခုလအတွင်း တွေ့ရှိခဲ့ရသည်။
တရုတ်စစ်တပ်သည် ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ကိုဗစ်-သုည ကန့်သတ်ချက်များ ပယ်ဖျက်လိုက်ပြီးနောက် ယခုနှစ်တွင် အရှေ့တောင်အာရှ၌ ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်။
ယခုလအတွင်း တရုတ်နှင့် ဗီယက်နမ်ရေတပ်များသည် ၂၀၀၅ ခုနှစ်က စတင်ခဲ့သည့် ၎င်းတို့၏ ၃၅ ကြိမ်မြောက် ပူးတွဲ ကင်းလှည့်ခြင်းကို Beibu ပင်လယ်ကွေ့တွင် ပြုလုပ်ခဲ့ပြီး တရုတ်တပ်ဖွဲ့များနှင့် လာအိုမှ လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း နယ်စပ်ကာကွယ်ရေး ဖလှယ်မှုများ လုပ်ဆောင်ခဲ့သည်။
မြန်မာစစ်အာဏာပိုင်များနှင့် တိုင်းရင်းသားလူနည်းစုလက်နက်ကိုင်များ တရုတ်နယ်စပ်အနီး တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် တရုတ်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုထားစဉ် တရုတ်ရေတပ်များ ရောက်ရှိလာခြင်းဖြစ်သည်။
တရုတ်တပ်ဖွဲ့များသည် နယ်စပ်မှ ၎င်းနိုင်ငံဘက်အခြမ်းတွင် စနေနေ့မှစတင်ကာ လက်နက်ခဲယမ်းအစစ်များ အသုံးပြု လေ့ကျင့်နေပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့များအနေဖြင့် “မည်သည့်အရေးပေါ် အခြေအနေတွင် မဆို အသဆင့်ဖြစ်နေစေရန်” လေ့ကျင့်ခြင်းဖြစ်သည်ဟု PLA Daily က သတင်းစာတွင် ဖော်ပြထားသည်။
လေ့ကျင့်မှုများသည် အင်္ဂါနေ့တွင် အဆုံးသတ်ရန် ရည်ရွယ်ထားပြီး နှစ်ပတ်လည် လေ့ကျင့်ရေးအစီအစဉ်အရ ပြုလုပ်ခြင်းဖြစ်သော်လည်း မြန်မာမှ ပဋိပက္ခများသည် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်စေကြောင်း၊ "လုံခြုံရေး အခြေအနေများကို ရှုပ်ထွေးစေကြောင်း” PLA Daily တွင် ဖော်ပြခဲ့သည်။
ကိုးကား - Reuters
ပုံစာ - တရုတ် လူမှုမီဒီယာများတွင် တွေ့ရှိရသည့် 054A တရုတ်ဖရီးဂိတ်စစ်သင်္ဘောတစ်စီး။ (Photo: Sina Weibo)
Related Articles
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က