bap-logo
Article

မြန်မာ့ပုန်ကန်သူတို့၏ ထိုးစစ်၊ အိန္ဒိယ မည်မျှ စိုးရိမ်သင့်သနည်း

a2HI74CnjuKQps0cIbqJ4-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာစစ်တပ်အာဏာပိုင်တို့၏ အာဏာချုပ်ကိုင်မှုကို ခြိမ်းခြောက်လာသည့် မြန်မာပုန်ကန်သူတို့၏ ထိုးစစ်သည် အိန္ဒိယ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသများသို့ ပျံ့နှံ့လာခဲ့ပြီး စိုးရိမ်မှုများ မြင့်တက်လာစေသည်ဟု ဆန်းစစ် အကဲဖြတ်သူတို့က ပြောသည်။

 

ညီနောင်သုံးဖွဲ့ "Three Brotherhood Alliance (3BHA)” ထိုးစစ်ချဲ့ထွင်လာမှုကို အိန္ဒိယက သတိဖြင့် စောင့်ကြည့်နေခဲ့သည်။

 

အိန္ဒိယအစိုးရက အထူးသဖြင့် မြန်မာနယ်စပ် မနီပူရ်နှင့် မီဇိုရမ်ပြည်နယ်များတွင် လုံခြုံရေးအရ စိုးရမ်မှု မြင့်မားလာသည်။

 

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သည့် ညီနောင်သုံးဖွဲ့သည် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် "၁၀၂၇ စစ်ဆင်ရေး” ဖြင့် ထိုးစစ်စတင်ခဲ့သည်။ ၎င်းစစ်ဆင်ရေးသည် စစ်တပ်စခန်း ၁၃၅ ခု ကျော် သိမ်းပိုက်နိုင်ခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြကြသည်။

 

တိုက်ပွဲများကြောင့် ထွက်ပြေးရ

 

မြန်မာစစ်တပ်သည် တရုတ်နှင့် အဓိက နယ်စပ်ဖြတ်ကျော်ရာဒေသကိုသာမက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ရိခေါ်ဒါရ် ကိုလည်း ဆုံးရှုံးသွားပြီဟု ယုံကြည်ရသည်။

 

လက်နက်ကိုင်တပ်ဖွဲ့များသည် ထိုင်းနိုင်ငံနယ်စပ် ကယားပြည်နယ်၊ အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်လည်း တိုက်ခိုက်နေကြသည်။

 

"မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည် ရရှိဖို့ ကျွန်တော်တို့ ထပ်မံတောင်းဆိုပါတယ်။”

 

 

တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသာမက စစ်သားအချို့ပါ အပါအဝင် မီဇိုရမ်ပြည်နယ်သို့ ခိုလှုံရန် ဝင်ရောက်လာကြသည်။ စစ်သားများကို အခြား နယ်စပ်ဖြတ်ကျော်ရာနေရာသို့ ပို့ဆောင်ခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။

 

အိန္ဒိယက အကြမ်းဖက်မှုများ ရပ်တန့်ရန် မြန်မာကို တောင်းဆိုခဲ့သည်။ "မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ ကျွန်တော်တို့ ထပ်မံတောင်းဆိုပါတယ်။” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Arindam agchi က သတင်းထောက်များကို ပြောသည်။

 

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ Zokhawthar တစ်ဘက် မှာရှိတဲ့ ချင်းပြည်နယ် ရိခေါ်ဒါရ် ဒေသက တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသားတွေ အိန္ဒိယဘက်ကို ရွှေ့ပြောင်းမှုရှိပါတယ်။ ကျွန်တော်တို့ရဲ့ နယ်စပ်မှာ ဒီလို ဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်မိပါတယ်။ဟု Bagchi က ပြောသည်။

 

မီဇိုရမ်ပြည်နယ်သည် မြန်မာမှ စိမ့်ဝင်လာနိုင်သည့် နယ်စပ်ချင်း ၅၁၀ ကီလိုမီတာ (၃၁၇ မိုင်) ထိစပ်နေသည့် အတွက် ရန်မီးပွားမှုများ ဆက်လက်ကျယ်ပြန့်လာလျှင် ပြဿနာဖြစ်လာနိုင်သည်ဟု အခြေအနေကို အနီးကပ် စောင့်ကြည့်နေသူ ကျွမ်းကျင်သူများနှင့် ပညာရှင်များက ယုံကြည်ကြသည်။

 

အိန္ဒိယအာဏာပိုင်များသည် မြန်မာနိုင်ငံမှ ၎င်းတို့၏ ကျယ်ပြန့်သော အကျိုးစီးပွားများ ပျက်စီးဆုတ်ယုတ်ခြင်းမှ ရှောင်ရှားရန် စစ်အာဏာရှင်များကို ဆက်လက်ထောက်ခံအားပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော်ရာဒေသများတွင် စစ်ဆေးမှုများ မြှင့်တင်ခြင်းတို့ဖြင့် ကာကွယ်ရေးနှစ်မျိုးချဉ်းကပ်မှုကို ကျင့်သုံးခဲ့သည်ဟု လန်ဒန်မှ SOAS တက္ကသိုလ်တွင် ပို့ချနေသူ Avinash Paliwal က ပြောသည်။

 

မနီပူရ်က အခြေအနေက မြန်မာနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ အရှေ့ဘက်က အိမ်နီးချင်းနဲ့ ပတ်သတ်လို့ အိန္ဒိယအစိုးရက သူတို့ရဲ့ ချဉ်းကပ်ကျင့်သုံးမှုကို မဟာဗျူဟာအရ ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ လတ်တလော လုပ်ဆောင်မယ့်ပုံ မရှိပါဘူး။အာရှတောင်ပိုင်း မဟာဗျူဟာအရေး အထူးပြုလေ့လာသူ Paliwal က DW ကို ပြောသည်။

 

အခုအချိန်မှာတော့ အသေအချာ မပြောနိုင်သေးတဲ့ မြန်မာစစ်အာဏာပိုင်တွေကို ပြန်လည်တိုက်ထုတ်မှု အောင်မြင်ပြီး စစ်အာဏာရှင်တွေကို ဖြုတ်ချနိုင်မယ်ဆိုရင် အိန္ဒိယက ခုခံရေးအဖွဲ့တွေက သတ်မှတ်တဲ့ အဆင့် သတ်မှတ်ချက်တွေအတွင်းမှာ တရားမျှတမှုတွေ တည်ဆောက်ဖို့ လိုအပ်လာပါလိမ့်မယ်။ဟု Paliwal က ပြောသည်။

 

အိန္ဒိယ လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး Vikram Misri သည် အောက်တိုဘာလ ၁၅ ရက် ရှစ်နှစ်မြောက် မြန်မာ အပစ်ရပ် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ၎င်းက တိုင်းရင်းသားများနှင့် ပဋိပက္ခများဖြေရှင်းရေးအတွက် သဘောတူညီမှုစာချုပ်ကို အားကောင်းခိုင်မာစေရန် တိုက်တွန်းခဲ့သည်။

 

မြန်မာနှင့် အိန္ဒိယ ပူးပေါင်းမှု ဆက်လက်ထိန်းနိုင်မလား။

 

၂၀၂၁ ခုနှစ်တွင် သဘောထားမတိုက်ဆိုင်သူများကို ရက်စက်စွာ ဖြိုခွင်းခြင်း၊ လက်မှတ်ရေးထိုးထားသူများနှင့် ပြန်လည်တိုက်ခိုက်ခြင်းတို့ ဖြစ်ပေါ်စေခဲ့ကာ ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ပျက်ပြယ်သွားပြီဖြစ်ကြောင်း ဝေဖန်သူတို့က ပြောသည်။

 

သို့သော် အိန္ဒိယအစိုးရသည် ၂၀၂၁ ခုနှစ် ပဋိပက္ခများ စတင်ခဲ့သည့်အချိန်မှ စတင်၍ပင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (SAC)ဟု ၎င်းတို့ကို ၎င်းတို့ခေါ်ဆိုသည့် မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံ ရေးကို ထိန်းသိမ်းထားခဲ့သည်။

 

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်မှ နောက်ပိုင်းတွင် အိန္ဒိယအစိုးရပိုင် ကုမ္ပဏီများနှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် ဒေါ်လာ ၅၁ မီလီယံ(ယူရို ၄၆. သန်း) တန်ဖိုးရှိ လက်နက်များ၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ၊ ကုန်ကြမ်းများကို စစ်အာဏာပိုင်များသို့ တင်ပို့ခဲ့သည်ဟု မေလက ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

မြန်မာစစ်အာဏာပိုင်တို့ထံ လက်နက်တင်ပို့မှုနှင့် ပတ်သတ်၍ မေးမြန်းချက်ကိုကျွန်တော်တို့ အရေးကိစ္စ များစွာနဲ့ ပတ်သတ်ပြီး အိမ်နီးချင်းနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်သမျှဟာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားအရ ထည့်သွင်းစဉ်းစားခဲ့တာ ဖြစ်ပါတယ်။” ဟု Bagchi က တုန့်ပြန်ခဲ့သည်။

 

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင် ထောက်ခံ ရပ်တည်မှု ပြောင်းလဲရေး အိန္ဒိယအစိုးရကို တောင်းဆိုမှုတွေ အများအပြား လုပ်ခဲ့ပေမယ့် ဒါတွေ ဆက်ဖြစ်နေတာပဲ။”

 

 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာစစ်အာဏာပိုင်တို့၏ နောက်ကွယ်မှ ရပ်တည်နေသည့် မူဝါဒကို ပြန်လည်လေ့လာပြင်ဆင်ရန် အရပ်အယောင်မရှိဟု လွတ်လပ်သော သုတေသနဖိုရမ်တစ်ခုဖြစ်သည့် Mantraya တည်ထောင်သူ၊ အကြီးအကဲ Shanthie Mariet D’Souza က ပြောသည်။

 

စစ်အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံမှု အပါအဝင် သူတို့ရဲ့ လုပ်ရပ်တွေဟာ အရင်က သူတို့ရဲ့ အရာရှိတွေကို လက်နက်နဲ့ လေ့ကျင့်ရေးတွေ ထောက်ပံ့ပြုလုပ်ပေးတာ၊ စစ်အာဏာပိုင်တွေစီစဉ်တဲ့ လုပ်ငန်းဆောင်ရွက် ချက်တွေ အတွက် အဆင့်မြင့်အရာရှိတွေ မကြာခဏ စေလွှတ်တာတွေ လုပ်ခဲ့တဲ့အတွက် ဆန့်ကျင်ဘက် (စစ်တပ်ကို ဆက်လက်ထောက်ခံသွားရေး)ကို ညွှန်ပြနေပါတယ်။” ဟု D’Souza က DW ကို ပြောသည်။

 

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ထောက်ခံရပ်တည်မှု ပြောင်းလဲရေး အိန္ဒိယအစိုးရကို တောင်းဆိုမှုတွေ အများအပြားလုပ်ခဲ့ပေမယ့် ဒါတွေ ဆက်ဖြစ်နေတာပဲ။”

 

မတင်မကျဖြစ်နေသည့် စောင့်ဆိုင်း-ကြည့်ရှု-မူဝါဒအစား အိန္ဒိယအစိုးရက ဆက်လက်ဖြစ်ပေါ်နေသည့် ပုန်ကန်မှု များသည် ယာယီဖြစ်စဉ်သာဖြစ်ပြီး စစ်အာဏာရှင်တို့သည် အနှေးနှင့် အမြန် အောင်မြင်လာလိမ့်မည်ဟု ဆက်လက် မျှော်လင့်နေကြောင်း သူမက ထောက်ပြသည်။

 

အိန္ဒိယအစိုးရက အရှေ့မြောက်ပိုင်း ပြည်နယ်တွေကို ပဋိပက္ခတွေ ပျံ့နှံ့လာတဲ့အရေး စိုးရိမ်မှုတွေရှိပါတယ်။ ဒါပေမယ့် ဒီအရေးတွေ လျှော့ချဖို့ ပုန်ကန်သူတွေအပေါ်မှာ မျှော်လင့်ချက်မထားဘဲ စစ်အာဏာရှင်အပေါ်မှာပဲ မျှော်လင့်ချက်ထားပုံရပါတယ်။ဟု D’Souza က ဖြည်စွက်သည်။

 

ကိုးကား - DW

ပုံစာ - တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ။ (Photo: AFP/Getty Images)

 

Burma Associated Press

 

မြန်မာ
၁၀၂၇ စစ်ဆင်ရေး
ပဋိပက္ခ
အိန္ဒိယ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့

Share With
bap-logo