bap-logo
Data

ကေအဲန်ယူ-မူတြော်တွင် လေကြောင်းရန် ကြောင့် ဆရာနှင့် အသက်မပြည့်သေးသည့် ကျောင်းသား သုံးဦး သေဆုံး

trjFWYttyoVLYWqcLkjZ6-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၉။

 

ကေအဲန်ယူ၊ တပ်မဟာ ၅၊ မူတြော်ခရိုင်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ဆရာတစ်ဦးနှင့် အသက်မပြည့်သေးသည့် ကျောင်းသား/သူ သုံးဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင်က ထုတ်ပြန်သည်။

 

စစ်ကောင်စီက မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးအုပ်စုအတွင်းရှိ ထီးဂေါ်ထာကျေးရွာအတွင်းသို့ စက်တင်ဘာ ၇ ရက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

သေဆုံးသွားသူ‌များမှာ ၅၆ နှစ်အရွယ် ဆရာတစ်ဦး၊ ၁၄ နှစ် ကျောင်းသား၊ ၁၆ နှစ် ကျောင်းသူနှင့် ၁၃ နှစ်အရွယ် ကျောင်းသားတို့ဖြစ်သည်။

 

ဒါ့အပြင် စက်တင်ဘာ ၈ ရက်က မူတြော်ခရိုင်အတွင်းရှိ ခလယ်ထာ၊ တာခဲဒဲဒေသတွင် သုံးကြိမ်နှင့် ဂယ်ယူဒဲဒေသသို့ တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိတိ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သေးသည်ဟုလည်း ဆိုသည်။

 

အဆိုပါ ဗုံးကြဲမှုကြောင့် အရပ်သား သေဆုံးထိခိုက်မှုကို စုံစမ်းဆဲဖြစ်သည်ဟုလည်း အသိပေးထားသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်ကလည်း လူသောမြို့နယ်၊ လယ်မူပလောနှင့် ခေးပူအုပ်စုအတွင်းရှိ ရွာနှစ်ရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးဆံ၊ စက်သေနတ်အကြီးစားဖြင့် လာရောက်ကြဲချ ပစ်ခတ်ခဲ့သေးသည်ဟု သိရသည်။

 

Burma Associated Press

ကေအဲန်ယူ
စစ်တပ်
လေကြောင်းတိုက်ခိုက်မှု
အရပ်သား

Share With
bap-logo