bap-logo
Data

တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော် သုတ်သင်နိုင်ခဲ့တဲ့အပြင် သုံ့ပန်း သုံးဦးပါ ဖမ်းမိခဲ့တယ်လို့ KNDF အသိပေး

wUuogs5fj-OfCpwZbpsaE-image

လွန်ခဲ့သော တစ်နှစ် က

 

စက်တင်ဘာ ၅။

 

ကရင်နီမှာ ပြီးခဲ့တဲ့ ဩဂုတ်လတစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော် သုတ်သင်နိုင်ခဲ့တဲ့အပြင် သုံ့ပန်း သုံးဦးပါ ဖမ်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDFက ဒီကနေ့ ထုတ်ပြန် အသိပေးပါတယ်။

 

ဩဂုတ်လတစ်လတာအတွင်း စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၅၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီတိုက်ပွဲတွေအတွင်း KNDF ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၅ ဦး ကျဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

 

စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ် ကျုးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ တစ်ဦး အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ KNDFက ပြောပါတယ်၊

 

ဒါ့အပြင် စစ်ကောင်စီရဲ့  လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း ပြည်သူ နှစ်ဦး ထပ်မံ သေဆုံးခဲ့ရတဲ့အပြင် DRONE နဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် နေအိမ် အလုံး ၂၀ ပျက်ဆီးခဲ့သလို တိုက်ပွဲဖြစ်ပွားတဲ့ ရွာတွေမှာ စစ်ကောင်စီက နေအိမ် ၁၈ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDFက ဆိုပါတယ်။

 

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေ၊ မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ဖို့အတွက် ဖားဆောင်းမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ အပြင် ဖယ်ခုံမြို့နယ်ကနေ လွိုင်ကော်မြို့နယ်အထိ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို နေ့တိုင်းလို တန်ပြန်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

 

Burma Associated Press

 

ကရင်နီအမျိုးသားကာကွယ်ရေးတပ်
ကရင်နီ
စစ်တပ်
အရပ်သား
လေကြောင်းတိုက်ခိုက်မှု

Share With
bap-logo