Data
ကျောက်မဲတိုက်ပွဲက ရလာတဲ့ လက်နက်တွေကို TNLA ဖော်ပြ
လွန်ခဲ့သော ၂ နှစ် က
စက်တင်ဘာ ၉။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲတိုက်ပွဲက သိမ်းဆည်းရမိတဲ့ လက်နက်တွေကို တအာင်းတပ်မတော်- TNLAက မနေ့က ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။
စစ်ကောင်စီရဲ့ တပ်မ(၈၈)၊ လပခ - ခလရ(၇၁) နဲ့ TNLA တို့ဟာ စက်တင်ဘာလ ၈ ရက်၊ မနက် ၇ နာရီခွဲအချိန် ကျောက်မဲမြို့နယ်၊ လဲကြီးနဲ့ တောင်နီအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
TNLAက ဖော်ပြထားတဲ့ လက်နက်တွေမှာတော့ MA1 သုံးလက်၊ MA2 တစ်လက်နဲ့ လက်နက်ခဲယမ်းတွေ ပါဝင်ပါတယ်။
ဒါ့အပြင် စစ်ကားတစ်စီးလည်း ချောက်အတွင်းထိုးကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ TNLAက ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်
Related Articles
- နှစ်နှစ်အတွင်း စစ်ကောင်စီအင်အား ၁၂.၅ ရာခိုင်နှုန်းခန့် စစ်မြေပြင်၌ ပြုန်းတီးခဲ့ဟု MOD ဆို
- ကရင်နီက သေးဆူလဲ၊ ပူဖားကျေးရွာရှိ စစ်ကောင်စီ ခြေကုပ်စခန်းများတိုက်ခိုက်ခံရ
- တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော် သုတ်သင်နိုင်ခဲ့တဲ့အပြင် သုံ့ပန်း သုံးဦးပါ ဖမ်းမိခဲ့တယ်လို့ KNDF အသိပေး
- ကန့်ဘလူမှာ မြွေဆိုးကိုက်ခံရမှုနဲ့ ဖြေဆေး ရရှိမှု ကွာဟချက် ရှိနေ
Top News
'လိမ်လည်မှုနိုင်ငံတော်' ခေတ်သစ်၊ တရားမဝင် ဘီလီယံပေါင်းများစွာတန်ကြေးရှိ လုပ်ငန်းကြီး အရှေ့တောင်အာရှတွင် အမြစ်တွယ်လာပုံ
လွန်ခဲ့သော ၂ ရက် က
Data on Past and Present Elections
လွန်ခဲ့သော ၂ ရက် က
ယခင်နှင့် ယခု ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်
လွန်ခဲ့သော ၄ ရက် က
Articles
Share With