bap-logo
Data

ကန့်ဘလူမှာ မြွေဆိုးကိုက်ခံရမှုနဲ့ ဖြေဆေး ရရှိမှု ကွာဟချက် ရှိနေ

xe0NcQ_NSg4myEngpy54g-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၆။

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှာ မြွေဆိုးကိုက်ခံရမှု မြင့်တက်နေပြီး ‌ဖြေဆေးရရှိမှု မလောက်ငှဘဲ ကွာဟချက်တွေရှိနေတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက BAP ကို ပြောပါတယ်။

 

မြွေဆိပ်ဖြေဆေးကတော့ လိုအပ်နေတာပါပဲ၊ မြွေဆိပ်ဖြေဆေး အကူအညီတွေတော့ ရပေမယ့် မြေပြင် လိုအပ်ချက်နဲ့ ရတာနဲ့ ကွာဟနေလို့ပါ” ဆိုပြီး BAP ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်းမှာပဲ ကန့်ဘလူခရိုင်မှာ မြွေကိုက်ခံရသူ ၁၁ ဦး အထိ ရှိနေပြီး နှစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 

မြွေဆိုးကိုက်ခံရသူ ၁၁ ဦးမှာ အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတစ်ဦး ပါဝင်နေပါတယ်။

 

မြွေကိုက်လူနာတွေအနက် ရှစ်ဦးက ကန့်ဘလူမြို့နယ်ထဲက စစ်ရှောင်တွေဖြစ်ကြပြီး ကျန်သူ တွေက‌တော့ ကျွန်းလှမြို့နယ်ထဲက လယ်ယာလုပ်ကိုင်သူတွေဖြစ်တယ်လို့လည်း BAP ကို ပြောပါတယ်။

 

လက်ရှိ ကန့်ဘလူခရိုင်ထဲမှာ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်က ပြည်သူတွေဟာ စစ်ကောင်စီ စစ်ကြောင်းတွေကြောင့် ရွာတွေထဲ ပြန်မဝင်နိုင်ကြသေးဘူးလို့လည်း တာဝန်ရှိဆီက သိရပါတယ်။

 

“ထန်းကုန်းနဲ့ ဇီးကုန်းတိုက်နယ်က ရွာ ၁၄ ရွာကျော်လောက် စစ်ရှောင်နေရပါတယ်၊ လူဦးရေကတော့ ခန့်မှန်း နှစ်သောင်းကျော်လောက် ရှိပါတယ်” လို့ BAP ကို ပြောလာပါတယ်။

 

စစ်ဘေးရှောင်တွေကို အနီးနားကျေးရွာက ဝိုင်းဝန်းကူညီကြသလို စားနပ်ရိက္ခာနဲ့ မိုးကာတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း သိရပါတယ်။

 

 ဓာတ်ပုံ- ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

Burma Associated Press

စစ်ကိုင်း
ကန့်ဘလူ
မြွေဆိုးကိုက်ခံရ
ဒုက္ခသည်

Share With
bap-logo