bap-logo
Politics

"ဖိလစ်ပိုင် ပိုင်နက် တစ်လက်မမှ အပါမခံနိုင်ဘူး"

taYt7KQtSmExzO6jbEqlB-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၈

 

ဖိလစ်ပိုင်သည် ၎င်းတို့၏ နယ်မြေပိုင်နက် တစ်လက်မမျှ အဆုံးရှုံးခံမည်မဟုတ်ကြောင်း သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ယနေ့ပြောကြားလိုက်သည်။

 

အဆိုပါမှတ်ချက်သည် ကာလရှည်အငြင်းပွားမှုဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ် တရုတ်ကမ်းစောင့်တပ် က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များအား စစ်ဘက်သုံးအဆင့်ရှိ လေဆာသေနတ်ဖြင့် ပစ်ခတ်ပြီး တင်းမာမှု မြင့်တက်နေချိန်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

 

"လက်ရှိ ကျွန်တော်တို့ရဲ့ ပထဝီနိုင်ငံရေးအခြေအနေ မြင့်တက်နေပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘဲ နိုင်ငံတည်ငြိမ်ရေးတင်မဟုတ်ဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ကိုပါ ခြိမ်းခြောက်နေတယ်" ဟု မားကို့စ်က စစ်တက္ကသိုလ်ကျောင်းသားများ မိတ်ဆုံပွဲတွင် ပြောကြားခဲ့သည်။

 

"ဒီနိုင်ငံဟာ ပိုင်နက်မြေ တစ်လက်မမှ အပါခံမှာမဟုတ်ဘူး။ အခြေခံဥပဒေ၊ နိုင်ငံတကာဥပဒေနဲ့အညီ ကျွန်တော်တို့ရဲ့ နယ်မြေဂုဏ်သိက္ခာကို ထိန်းသိမ်းရမှာပါ။ ကျွန်တော်တို့ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် အိမ်နီးချင်းတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမှာပါ။"

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ ကမ်းစောင့်တပ်မှာ ဥပဒေနှင့်အညီသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း ပြောဆိုထားသည်။

 

အင်္ဂါနေ့က မားကို့စ်သည် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ကမ်းစောင့်တပ်နှင့် ငါးဖမ်းသမားများအပေါ် တရုတ်၏ ယခင်ထက်ပိုနှောင့်ယှက်မှုများနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန်ကို ဆင့်ခေါ်သတိပေးခဲ့သည်။

 

ဖိလစ်ပိုင်သမ္မတ ပေကျင်းသို့ နိုင်ငံတော်အဆင့်သွားရောက်ပြီး တစ်လအကြာတွင် ဖြစ်ပွားခဲ့သည့် တရုတ်၏ လုပ်ရပ်သည် တောင်တရုတ်ပင်လယ်ပြင် ကာလရှည်ရေပိုင်နက် အငြင်းပွားမှုကို ပြန်လည်နှိုးဆွသကဲ့သို့ ဖြစ်သည်။

 

တရုတ်နိုင်ငံသည် နှစ်စဉ် ပင်လယ်ရေကြောင်းကူးသန်းရောင်းဝယ်မှု အမေရိကန်ဒေါ်လာ ထရီလျံခန့် ရှိသည့် ဗျူဟာမြောက် တောင်တရုတ်ပင်လယ်ရေကြောင်းအများစုကို မောင်ပိုင်စီးထားပြီး တရုတ်၏ လုပ်ရပ်မှာ တရားဝင်မှုမရှိကြောင်း သည်ဟိတ်မြို့ရှိ နိုင်ငံတကာခုံရုံးက ၂၀၁၆ နှစ်တွင် ဆုံးဖြတ်ခဲ့သည်။

 

Source/ပုံ – Reuters/Manila Bulletin

Burma Associated Press

 

ဖိလစ်ပိုင်
သမ္မတ
တရုတ်

Share With
bap-logo