bap-logo
Politics

မြောက်ကိုရီးယား စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာဟန်ရှိဟု တောင်ကိုရီးယားပြော

HXtZsbE_ihuLUkmrXq8xY-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၅

 

မြောက်ကိုရီးစစ်တပ်သည် ဆယ်စုနှစ် ခုကျော်ကာလအတွင်း စစ်သားများကို ပထမဆုံးအကြိမ် ရိက္ခာ ထောက်ပံ့မှုလျှော့ချလိုက်ပြီးနောက် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် အထီးကျန်နိုင်ငံ၏ စားနပ်ရိက္ခာ အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာဟန်ရှိကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။

 

အာဏာရပါတီက ယခုလခေါ်ယူကျင်းပသည့် စိုက်ပျိုးရေးကဏ္ဍအရေးပေါ် အစည်းအဝေးကို ရည်ညွှန်း၍ "မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာအခြေအနေ ဆိုးရွားလာပုံရပါတယ်"ဟု တောင်-မြောက် ဆက်ဆံရေးကို တာဝန်ယူဆောင်ရွက်သည့် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက ထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြားခဲ့သည်။

 

၁၉၉၀ ခုနှစ်များအတွင်း အငတ်ဘေးဆိုက်မှုအပါအဝင် မြောက်ကိုရီးယားသည် မကြာသေးမီ ဆယ်စုနှစ်များ အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရပြီး အများအားဖြင့် ကောက်ပဲသီးနှံ ပျက်စီးစေသည့် ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးကြောင့် ဖြစ်သည်။

 

မြောက်ကိုရီးယားသည် ၎င်းတို့၏ နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ထုတ်လုပ်ရေး စီမံကိန်း များကြောင့် နိုင်ငံတကာအရေးယူမှုခံထားရပြီး မကြာသေးမီနှစ်များအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် နယ်စပ် ကုန်သွယ်မှုကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုနိုင်ခဲ့သည်။

 

ယခုလ ရက်က မြောက်ကိုရီးယားအလုပ်သမားပါတီက "စိုက်ပျိုးရေးအတွက် မှန်ကန်သောဗျူဟာ ချမှတ်ရန် အလွန်အရေးကြီးသည့် အစည်းအဝေးတစ်ခု" ခေါ်ယူခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြခဲ့သည်။

 

မြောက်ကိုရီးယားမှာ အဆိုပါအထူးအစည်းအဝေးမျိုး ခေါ်ယူခဲ့ကြောင်းတောင်ကိုရီးယား ပြန်လည်ပေါင်းစည်း ရေး ဝန်ကြီးကပြောဆိုခဲ့သည်။

 

မြောက်ကိုရီးယား၏ စားနပ်ရိက္ခာမဖူလှုံမှုမှာ ၁၉၉၀ ခုနှစ်အလွန် အငတ်ဘေးနောက်ပိုင်း အဆိုးရွားဆုံး အခြေ အနေတွင် ရှိနေပြီး လက်ရှိ မြောက်ကိုရီးယား၏ စားနပ်ရိက္ခာရရှိမှုမှာ ပုံမှန်လူတစ်ဦး အနည်းဆုံး စားသုံးရမည့် လိုအပ်ချက်အောက် ကျဆင်းသွားဖွယ်ရှိကြောင်း ပြီးခဲ့သည့်လက အမေရိကန်အခြေစိုက် စောင့်ကြည့်လေ့လာ ရေး အဖွဲ့ 38 North က ပြောကြားခဲ့သည်။

 

လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ တောင်ကိုရီးယားဝန်ကြီးက "မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာအခြေအနေ သိပ်ဟန်ပုံမရဘူး။ လောလောဆယ် ပြည်သူတွေ ငတ်မသေသေးဘူးဆိုပေမဲ့ မကောင်းတဲ့ လက္ခဏာတွေကတော့ အများကြီးတွေ့နေရတယ်" ဟု ပြောကြားခဲ့သည်။

 

စားနပ်ရိက္ခာအကျပ်အတည်းနှင့်ပတ်သက်၍ မြောက်ကိုရီးယားသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို အကူအညီတောင်းဖူးသော်လည်း မည်သည့်ကူညီထောက်ပံ့ရေး လှုပ်ရှားမှုများကိုမှ မစောင့်ကြည့်လိုသည့် အတွက် အစီအစဉ်အောင်မြင်မှုမရှိခဲ့ကြောင်း တောင်ကိုရီးယားဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

 

Source - Reuters

 

ပုံစာ။ ရေကြီးမှုကြောင့်ပျက်စီးသွားသည့် ပြောင်းခင်းထဲရှိ မြောက်ကိုရီးယားကလေးငယ်တစ်ဦး။

 

Burma Associated Press

တောင်ကိုးရီးယား
မြောက်ကိုရီးယား
စားနပ်ရိက္ခာ

Share With
bap-logo