bap-logo
Politics

တရုတ်ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ဖိလစ်ပိုင်သမ္မတ တိုကျိုသို့သွားရောက်

59uYfbhpeL-T_W0C78raQ-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr) သည် ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိနေပြီး လက်ရှိတရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် တိုကျိုအစိုးရနှင့် ပိုမိုနီးကပ်သော လုံခြုံရေး ဆိုင်ရာဆက်ဆံရေး လမ်းဖွင့်ရန် မျှော်လင့်ထားကြောင်း သိရသည်။

 

မားကို့စ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခိရှိဒ (Fumio Kishida) တို့သည် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရင်ဆုံး တိုးမြှင့်လုပ်ဆောင်ရန် မျှော်လင့်ထားပြီး နောက်ပိုင်းတွင် ဂျပန်တပ်ဖွဲ့များ ဖိလစ်ပိုင်ကို အလွယ်တကူဝင်ရောက်တပ်ဖြန့်နိုင်ရေး ပိုမိုကျယ်ပြန့်သော ဥပဒေမူဘောင် တစ်ခုရေးဆွဲရန် မျှော်လင့်ထားကြောင်း သိရသည်။

 

အဆိုပါကိစ္စနှင့်စပ်လျှဉ်း၍ ဂျပန်ကာကွယ်ရေးဝန်ကြီး သတင်းရင်းမြစ်တစ်ခုက "အမေရိကန်နှင့် ဖိလစ်ပိုင် ဆက်ဆံရေးတိုးမြှင့်လာတဲ့ တစ်ချိန်တည်းမှာ ဒေသတွင်းလုံခြုံရေးမှာ ဂျပန်ပါဝင်လာရေးဟာ အရေးကြီးပါ တယ်" ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

 

မားကို့စ်သည် ပထမဆုံးဂျပန်ခရီးစဉ်မတိုင်မီ ပြီးခဲ့သည့်အပတ်ကလည်း အမေရိကန်တပ်ဖွဲ့များကို ဖိလစ်ပိုင် ရေတပ်စခန်းများသို့ ပိုမိုဝင်ရောက်ခွင့်ပြုမည့် သဘောတူစာချုပ်တစ်ခု လက်မှတ် ရေးထိုးခဲ့သည်။

 

အဆိုပါစစ်ရေးသဘောတူညီချက်မတိုင်မီ ဖိလစ်ပိုင်သမ္မတသည် ပေကျင်းသို့သွားရောက်ခဲ့ပြီး ဖိလစ်ပိုင် အနေ ဖြင့် အမှီအခိုကင်းသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမည်ဖြစ်ကြောင်း သမ္မတရှီကျင်းပင်အား အသိပေးခဲ့ ကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ်ကလည်း ဂျပန်နှင့် ဩစတြေးလျတပ်ဖွဲ့ဝင်များ အပြန်အလှန်စေလွှတ်နိုင်မည့် သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ပြီး ဂျပန်က အလားတူသဘောတူညီချက်တစ်ခုကို မကြာသေးမီ လပိုင်းက ဗြိတိန်နှင့် လက်မှတ်ရေးထိုးခဲ့သည်။

 

အဆိုပါသဘောတူညီချက်များသည် မားကို့စ်နှင့် ခိရှိဒတို့ကြား ပိုမိုနက်ရှိုင်းသော စစ်ရေးဆက်ဆံမှုတစ်ခု မူဘောင်ဖန်တီးရေး အထောက်အကူပြုမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

 

အဆိုပါကိစ္စနှင့်သက်၍ "ဖိလစ်ပိုင်ဟာ ဂျပန်အတွက် အင်မတန်အရေးပါတဲ့ လုံခြုံရေးမိတ်ဖက်နိုင်ငံပါ။ ထိုင်ဝမ် ရေလက်ကြားမှာ စစ်ပွဲပေါ်ပေါက်လာခဲ့ရင် ဖိလစ်ပိုင်ပင်လယ်ပြင်ဟာ ဗျူဟာမြောက် သေချာပေါက် အရေးပါ လာမှာပါ" ဟု တိုကျိုရှိ မူဝါဒလေ့လာရေး အမျိုးသားဘွဲ့လွန်ဌာန (GRIPS) မှ ပါမောက္ခ Narushige Michishita က ပြောကြားခဲ့သည်။

 

ဂျပန်နှင့် ဖိလစ်ပိုင်တို့ကြားတွင် တည်ရှိသော ထိုင်ဝမ်သည် တိုကျိုနှင့် ဝါရှင်တန်တို့ စိုးရိမ်နေသည့် တရုတ် စစ်တပ်၏ လှုပ်ရှားမှုကို ပြင်းထန်လာစေသည့် အချက်အချာနေရာတစ်ခု ဖြစ်လာကာ ဘေဂျင်းက ရိုင်းစိုင်းသော ပြည်နယ်တစ်ခုအဖြစ် သိမ်းပိုက်ရန် ကြိုးပမ်းနေချိန်တွင် စစ်ပွဲထဲသို့ တိုးလာမည်ကို စိုးရိမ်နေသည်။

 

ဖိလစ်ပိုင်တွင် ဂျပန်စစ်တပ် တပ်ဖြန့်ခွင့်ပြုခြင်းသည် တောင်တရုတ်ပင်လယ်တစ်ပြင်လုံး မောင်ပိုင်စီးလိုသည့် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရာတွင် အထောက်အကူ ပြုလာနိုင်သည်။

 

Source – Reuters

 

ပုံစာ - ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ

 

Burma Associated Press

 

တရုတ်
ဖာဒီနန်မားကို့စ် ဂျူနီယာ
ဖိလစ်ပိုင်
ဂျပန်

Share With
bap-logo