bap-logo
Politics

ဗီယက်နမ်စစ်ကာလ ထိခိုက်နစ်နာသူအတွက် လျော်ကြေးပေးရန် တောင်ကိုရီးယားတရားရုံး အမိန့်ချ

gPXkMCFfDn1tkSSKGLWPh-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ

 

တောင်ကိုရီးယားတရားရုံးတစ်ခုသည် ၁၉၇၀ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ဗီယက်နမ်စစ်ပွဲအတွင်း နှိပ်စက် ညှဉ်းပန်းးခံခဲ့ရသည့် ဗီယက်နမ်လူမျိုးတစ်ဦးအတွက် လျှော်ကြေးပေးရန် တောင်ကိုရီးယား အစိုးရကို အမိန့်ပေး လိုက်သည်။

 

ဗီယက်နမ်စစ်ပွဲအတွင်း တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ခန့် အမေရိကန်တပ်ဖွဲ့များနှင့်အတူ တိုက်ခိုက် ခဲ့ကြသည်။

 

အဆိုပါစီရင်ချက်သည် ဗီယက်နမ်စစ်ပွဲအတွင်း ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်အချို့အတွက် တောင်ကိုရီး ယားတွင် တာဝန်ရှိကြောင်း ပထမဆုံးအကြိမ် တရားရေးအရ ဝန်ခံခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အခြားသော နစ်နာသူများကလည်း လျှော်ကြေးတောင်းခံရန် လမ်းပွင့်လာဖွယ်ရှိသည်။

 

ဆိုးလ်ဗဟိုခရိုင်တရားရုံးက တောင်ကိုရီးယားတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူ ငုယင်သီသန်း (Nguyen Thi Thanh) အတွက် လျော်ကြေးငွေ ဝမ်သန်း ၃၀ (ဒေါ်လာ ၂၃,၈၀၀) အပြင် ကြန့်ကြာမှု အတွက် အဆောင်းငွေထပ်ပေးအပ်ရန် အမိန့်ချခဲ့သည်။

 

အသက် ၆၃ နှစ်ရှိ ငုယင်သည် ၁၉၆၈ ခုနှစ် ဗီယက်နမ်အလယ်ပိုင်း ကွမ်နမ်ပြည်နယ်ရှိ သူမ၏ဇာတိမြို့၌ တောင်ကိုရီးယားမရိန်းတပ်သားများက အရပ်သား ၇၀ ခန့် သတ်ဖြတ်မှုတွင် သူမ၏ မိသားစုဝင်များ အသက် ဆုံးရှုံးခဲ့သလို သူမကိုယ်တိုင်လည်း ဒဏ်ရာရာရရှိခဲ့ကြောင်း ၂၀၂၀ ခုနှစ်တွင် တောင်ကိုရီးယား အစိုးရကို တရားစွဲ ဆိုကာ လျှော်ကြေး ဝမ်သန်း ၃၀ ခန့် ရလိုကြောင်း တောင်းဆိုခဲ့သည်။

 

"အဲဒီတုန်းက စစ်သားတွေဟာ သူတို့ကိုပစ်မသတ်ခင် ကျည်အစစ်တွေ သေနတ်တွေနဲ့ခြိမ်းခြောက်ပြီး တရားလိုရဲ့ မိသားစုကို အိမ်ထဲက ထွက်လာစေခိုင်းခဲ့ပါတယ်။ ပစ်ခတ်ခံရပြီးတဲ့နောက် တရားလိုရဲ့ မိသားစုဝင်တွေ ပွဲချင်းပြီး သေဆုံးပြီး သူနဲ့တခြားသူတွေ ဒဏ်ရာအပြင်းအထန်ရခဲ့ကြတယ်" ဟု စီရင်ချက်တွင် ထည့်သွင်းပြောကြားခဲ့ ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဆိုသည်။

 

တရားရုံးမှ တာဝန်ရှိသူတစ်ဦးက အဆိုပါဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း စီရင်ချက် အပြည့်အစုံကို ချက်ချင်း ထုတ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

 

စီရင်ချက်ချပြီးနောက် ငုယင်သည် ရှေ့နေများစီစဉ်ထားသည့် ဗွီဒီယိုဖုန်းခေါ်ဆိုမှုမှတစ်ဆင့် တောင်ကိုရီးယား တရားရုံး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး သတ်ဖြတ်ခံရမှု သားကောင်ဖြစ်ခဲ့ရသူများအတွက် စိတ်သက်သာရာ ရစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

စီရင်ချက်နှင့်ပတ်သက်၍ ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း မှတ်ချက်မပေးခဲ့ပါ။ နိုင်ငံခြားရေး ဝန်ကြီး ဌာနကမူ တောင်ကိုရီးယားနှင့် ဗီယက်နှစ်နိုင်ငံကြား ၁၉၉၂ ခုနှစ်ကတည်းက တရားဝင် သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့ကြပြီး အနာဂတ်ရည်မျှော်သည့် ဆက်ဆံရေးရှိကြောင်း ပြောကြား ခဲ့သည်။

 

"တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့သည် နှစ်နိုင်ငံကြား "အတိတ်ကို အတိတ်မှာထား၍ အနာဂတ်အတွက် ရှေ့ဆက်မည်" ဟူသည့် မူကို ကိုင်စွဲကာ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ဆက်ဆံရေးမကြုံစဖူး တိုးတက်လာခဲ့သည်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Source – Reuters

 

ပုံ - ငုယင်သီသန်း ဗွီဒီယိုမှတဆင့် သတင်းထောက်များကို ပြောကြားပုံ။

 

Burma Associated Press

ဗီယက်နမ်
အမေရိကန်
တိုက်ပွဲ
တောင်ကိုးရီးယား

Share With
bap-logo