bap-logo
Politics

ဂျပန်မှာ အလုပ်လုပ်ဖို့ ဝင်ခွင့်ပုံစံ မှောင်ခိုဈေးကွက်မှာပင် အလုအယက် ဝယ်နေကြ

t8CGgxosAgYl-PYwADXc6-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၃။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ဝင်ခွင့်ဖြေရမယ့် စာမေးပွဲပုံစံတွေ သတ်မှတ် ထားတဲ့ စျေးထက် အဆမတန် မြင့်မားတဲ့ မှောင်ခိုစျေးကွက်မှာတောင် အလုအယက်ဝယ်နေကြရတယ်လို့ သွားရောက်မဲ့သူ အချို့ဆီက သိရ ပါတယ်။

 

စာမေးပွဲအမျိုးအစားအလိုက် ဝင်ခွင့်ပုံစံတွေဟာ ငွေကျပ် သုံးသောင်းခွဲကနေ ခုနှစ်သောင်းကျပ် အထိ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သတ်မှတ်ထားပေမဲ့ မှောင်ခိုစျေးကွက်မှာ ဆယ်ဆနီးပါးထိပေါက်စျေး ရှိနေတာ လို့ လို့ ဝယ်ခဲ့သူတွေ က ပြောပါတယ်။

 

နှစ်လတခါကျင်းပတဲ့ စာမေးပွဲတွေနဲ့ တနှစ်ကိုနှစ်ကြိမ် ကျင်းပတဲ့ စာမေးပွဲ အတွက်ပုံစံတွေကို နည်းပညာ ကျွမ်းကျင်ပြီး အင်တာနက်လိုင်းကောင်းတဲ့ ပြင်ပကလူတွေ ဝယ်ယူကြပါတယ်။ အဲဒီကမှတဆင့် ပြန်ရောင်း တာကြောင့် အမှန်တကယ်လိုအပ်သူတွေ ခက်ခဲနေကြရတာလို့ ဂျပန်နိုင်ငံကို သွားရောက်မဲ့ သူတဦးက BAP ကို ပြောပါတယ်။

 

"တကယ်သွားမယ့်သူတွေကတော့ ဖောင်ကမရဘူး။ လုပ်စားသူတွေ များနေတော့ မရမကဝယ်ရတာပေါ့ သွားဖို့ ရက်နီးနေသူတွေက စျေး ဘယ်လောက်ကြီးကြီးဝယ်ရတာလေ၊ နောက်တခါဖြေဖို့မစောင့်နိုင်သူတွေက မရှိရှိတာ ရှာပြီး စျေးမြင့်ဝယ်ရတာပေါ့၊ မဆိုင်သူတွေ ဖောင်ဝင်လုနေတာ ရုပ်ပျက်လွန်းတယ်"လို့ ဂျပန် နိုင်ငံကို သွားရောက်ဖို့ ဝင်ခွင့်ပုံစံဝယ်ခဲ့သူ တဦးက ပြောပါတယ်။

 

ဂျပန်နိုင်ငံကို အလုပ်သွားလုပ်မဲ့သူတွေဟာ သက်ဆိုင်ရာကျွမ်းကျင်မူလုပ်သား ဗီဇာ စားမေးပွဲ အောင်လက်မှတ် အပြင် ဂျပန်ဘာသာစကားကျွမ်းကျင်မူ အဆင့် N5 N4 အဆင့်ထိ ကျွမ်းကျင်လက်မှတ် လိုအပ်ပါတယ်။

 

JLPT (Japanese Language Proficiency Test) စာ မေးပွဲကို တစ်နှစ်မှာ နှစ်ကြိမ် ဇူလိုင်နဲ့ ဒီဇင်ဘာလတွမှာ ကျင်းပပြီး ကျွမ်းကျင်လုပ်သားဗီဇာ စားမေးပွဲကိုတော့ နှစ်လတကြိမ် ကျင်းပတာဖြစ်ပါတယ်။

 

ဒီစာမေးပွဲပုံစံတွေကို ဂျပန်အစိုးရလက်အောက်အဖွဲ့အစည်းတွေရဲ့ website ကနေ ဝယ်ယူရတာဖြစ်ပါတယ်။

 

ရန်ကုန်၊ မန္တလေးစတဲ့မြို့တွေက သတ်မှတ်ထားတဲ့ စာစစ်ဌာနတွေမှာ ဖြေကြရတာပါ။

 

မြန်မာနိုင်ငံကတော့ ခွဲတမ်းရတဲ့ကျွမ်းကျင်လုပ်သားဗီဇာ စာမေးပွဲပုံစံ အရေအတွက်ထက် သွားရောက်မဲ့သူ များပြားတာကြောင့် အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ ကမ္ဘောဒီယား၊ ထိုင်း စတဲ့နိုင်ငံက စာမေးပွဲကျင်းပရာ နေရာ တွေမှာ သွားရောက်ဖြေကြရတာလို့ သိရပါတယ်။

 

"သူငယ်ချင်းက အလုပ်အင်တာဗျူးရော ဘာသာကျွမ်းကျင်မူ လက်မှတ် ပါရထားပြီးသား အလုပ်ကျွမ်းကျင်မူ စာမေးပွဲဖြေဖို့ ဖောင်ဝယ်တာမရ လိုက်ဘူး။ စာမေးပွဲဖောင်လွတ်တာ ကမ္ဘောဒီးယားနိုင်ငံမှာရှိလို့ အဲဒီမှာ သွားဖြေလိုက်ရတာ၊ သိန်းနှစ်ဆယ်ကုန်သွားတယ်၊ တချို့က မအောင်ဘူး ရှုံးတော့ ကုန်ကျ စရိတ် ပိုတာပေါ့" လို့ ဂျပန်နိုင်ငံကိုသွားရောက်မဲ့သူတဦးက ပြောပါတယ်။

 

စာမေးပွဲပုံစံ ရောင်းသူတွေကလဲ စာမေးပွဲပုံစံချပေးတဲ့ website တွေကနေ ဝယ်ရတာကြပ်နေလို့ အများဆုံး နှစ်စောင်လောက်ပဲ ရကြတယ်လို့ ပြောပါတယ်။

 

" ရောင်းသူမရှိတောင် website က ကြပ်နေဦးမှာ၊ ရောင်းသူဘယ်လောက် တင်တင် ဖောင်ဝယ်သူမရှိ ဘာမှ လုပ်လို့ မရဘူး။ websit သဘောက လူ ,၀၀၀ တပြိုင်နက်ဝင်ရင်ကိုကြပ်တာ "လို့ ပုံစံ ရောင်းသူတဦးက ပြောပါတယ်။

 

စားရင်းဇယားအချက်အလက်အရ ဂျပန်ဘာသာစကားကျွမ်းကျင်မှု အဆင့်ဖြေဆိုသူ တကြိမ်မှာ သောင်း ကျော် ရှိတယ်လို့ သိရပါတယ်။

 

မှောင်ခိုစျေးကွက်မှာရောင်းသူတွေကလဲ website က နေရယူပြီး တရက်အတွင်းပြန်မရောင်းနိုင်ရင် ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

 

ပုံစံဝယ်တဲ့အချိန် website error တက်ပါက ဝယ်ထားတဲ့ပုံစံဖိုးငွေတွေဆုံးရှုံး ရတာတွေနဲ့လဲ ကြုံရတာ ရှိတယ်လို့ ဖောင်ရောင်းသူအချို့ဆီက သိရပါတယ်။

 

ဂျပန်မှာ အလုပ်သွားလုပ်မယ့်သူတွေဟာ ဘိုးဘွားစောင့်ရှောက်ရေး၊ စားသောက်ဆိုင်လုပ်သား၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာလုပ်ကိုင်ရပြီး ဂျပန်မှာနေထိုင်ခွင့်က အများဆုံး နှစ် သတ်မှတ်ထားတာပါ။

 

အရင်ကစာမေးပွဲဖောင်တွေကို လူကိုယ်တိုင်တန်းစီဝယ်ယူရပြီး မနက် နာရီ ကတည်းက စောင့်ဆိုင်းကြရတာ ဖြစ်ပါတယ်။

 

စာမေးပွဲကြေးနဲ့ လျှောက်လွှာတင်ကြေးတွေကို Level N1 - ၄၇,၀၀၀ + ,၀၀၀ = (၅၀,၀၀၀ ကျပ်) Level N2 - ၄၇,၀၀၀ + ,၀၀၀ = (၅၀,၀၀၀ ကျပ်) Level N3 - ၄၂,၀၀၀ + ,၀၀၀ = (၄၅,၀၀၀ ကျပ်) Level N4 - ၄၂,၀၀၀ + ,၀၀၀ = (၄၅,၀၀၀ ကျပ်) Level N5 - ၄၂,၀၀၀ + ,၀၀၀ = (၄၅,၀၀၀ ကျပ်) ဆိုပြီး သတ်မှတ်ထားပါတယ်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လက စတင်ပြီး ဂျပန်ဘာသာအရည်အချင်းစစ်‌ စာမေးပွဲ ပုံစံကို ကိုယ်တိုင်ဝယ်ယူတဲ့ စနစ်ကနေ website ကနေ ဝယ်ယူရတဲ့ booking စနစ်ကိုပြောင်းလဲလိုက်တာဖြစ်ပါတယ်။

 

"ပြည်တွင်းမှာနေရရင် အနာဂတ်တွေပျောက်ဆုံးနေလို့ နိုင်ငံတကာကို ထွက်ဖို့ကြိုးစားကြရတာ၊ ဂျပန်နိုင်ငံကို သွားရောက်လိုမှုက ဒီနစ်တွေမှာ များလာတယ် ဒါကိုပြည်တွင်းလုပ်စားသူအချို့က သူတို့နဲ့မဆိုင်တဲ့ ပုံစံတွေ ဝင်လုတော့ ကလေးတွေဒုက္ခရောက်ကြရတာပေါ့"လို့ ကျောင်းဆရာတဦးက သူ့ထင်မြင်ချက်ကို ပြောပါတယ်။

 

ကိုယ်တိုင်ဝယ်ယူတဲ့စနစ်နဲ့ဖောင်ဝယ်ယူခွင့်ရရှိခဲ့တဲ့ အချိန်လာရောက်တန်းစီသူ လူဦးရေ ,၀၀၀ခန့် ရှိခဲ့ပြီး၊ လူစုလူ‌‌ဝေးအဖြစ်ခဲ့လို့ လျှောက်လွှာရောင်းချတာကို ရပ်ဆိုင်းခဲ့ရပါသေးတယ်။

 

မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးလာမှုအပါအဝင် အာဏာသိမ်းမှု နောက်ပိုင်း အရာရာ ခြွတ်ခြုံကျလာတဲ့ တိုင်းပြည်အခြေအနေကြောင့် ပြည်ပထွက်ခွာပြီး၊အလုပ်လုပ်ကိုင်ကြသူ၊ ကျောင်းတက်ရောက်ကြသူ အရေ အတွက်က နေ့စဉ်တိုးလာနေပါတယ်။

 

"မြန်မာလူငယ်များရဲ့ဘဝဟာသနားစရာပဲ၊ ဒါတွေက ဘာကြောင့်လဲ၊အားလုံးသိတယ်၊ စစ်တပ်က အာဏာ သိမ်းလို့ ဒီလိုတွေ ဖြစ်ကြရတာ ပြည်သူ့အစိုးရလက်ထက်တုန်းက ဖောင်စျေးနဲ့ လက်ရှိကာလ ဖောင်စျေး ယှဥ်ကြည့် သိနိုင်တယ်၊ ပြည်တွင်းကသက်ဆိုင်ရာအဖွဲ့တွေကလဲ ပြည်သူတွေခံနေရတာကိုသိလည်း ဘာမှမလုပ်ရဲ ကြဘူး"လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ CDM ဆရာမတဦးက ပြောပါတယ်။

 

ပုံစာ- ပြီးခဲ့သည့်နှစ်က ဂျပန်ဘာသာအရည်အချင်းစစ်‌စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာဝယ်ယူဖို့ စောင့်ဆိုင်း နေတဲ့ လူအုပ်ကြီးကိုတွေ့ရစဉ်

 

Burma Associated Press

လူငယ်
မြန်မာ
ဂျပန်
နိုင်ငံကူးလက်မှတ်

Share With
bap-logo