bap-logo
Politics

မြန်မာ သတ္တု တူးဖော်ရေး တားမြစ်မှု တရုတ်သို့ သံဖြူသတ္တုရိုင်း စီးဆင်းမှုကို ရိုက်ခတ်

7Lb1hDxEg_5dNcmjxSYvj-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်နယ်စပ် ဝဒေသမှ သတ္တုတူးဖော်မှုများ ဆိုင်းငံ့လိုက်ခြင်းကြောင်း တရုတ်နိုင်ငံ၏ သံဖြူသတ္တုရိုင်း တင်ပို့မှုသည် စက်တင်ဘာလတွင် ကျဆင်းသွားခဲ့သည်။

 

မြန်မာနိုင်ငံမှ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် သံဖြူကဏ္ဍကို ကျယ်ပြန့်သော စစ်ဆေးမှု ပြုလုပ်ရန်အတွက် သတ္တုတူးဖော်မှုနှင့် သန့်စင်မှု လုပ်ငန်းများ အားလုံး ရပ်တန့်ရမည်ဟု ဩဂုတ်လ အစတွင် အမိန့်ထုတ်ပြန်ခဲ့သည်။

 

မိုင်းလုပ်ငန်းသည် မြန်မာမှ ထုတ်လုပ်မှု၏ ၇၀ % ကျော် ရှိပြီး ကမ္ဘာ့ တတိယအကြီးဆုံး သံဖြူထုတ်လုပ်သူ ဖြစ်ကာ တရုတ်အရည်ကြိုလုပ်ငန်းများသို့ အဓိက တင်သွင်းသူဖြစ်သည်။

 

ထုတ်လုပ်ရေးတားမြစ်မှုမှ သက်ရောက်မှု ရှိနေဆဲဖြစ်ပြီး ယခုအခါ တရုတ် အရည်ကြိုလုပ်ငန်းများသို့ သတ္တုအရိုင်းထည် စီးဆင်းမှုကို ကန့်သတ်မှု စတင်နေပြီ ဖြစ်သည်။

 

တရုတ်ထုတ်လုပ်ရေးလုပ်ငန်းများက လုပ်ငန်းများ ရပ်တံ့မှုနှင့် ယခုအချိန်ထိ ကန့်သတ်ထားသည့်အတွက် လုပ်ငန်းစဉ်ထိခိုက်မှုကို ကြိုတင်မျှော်မှန်းကာ အကြမ်းထည်နှင့် ပြုပြင်ပြီး သံဖြူများကို စုဆောင်းသိုလှောင် ထားကြသည်။

 

သို့ရာတွင် တရုတ်သည် ကုန်ကြမ်းတင်သွင်းမှုကို နေရာစုံမှ ရယူရန် အကန့်အသတ်ရှိနေပြီး မြန်မာမှ ကုန်ပစ္စည်း မရပါက တားမြစ်မှုကြာမြင့်လေ သိသာထင်ရှားစွာ ခက်ခဲလာမည်ဖြစ်သည်။

 

တင်သွင်းမှု ကျဆင်းချိန်

 

တရုတ်သည် စက်တင်ဘာလတွင် သံဖြူအရိုင်း ၇,၃၀၀ မက်ထရစ်တန် တင်သွင်းခဲ့ပြီး ၎င်းပမာဏမှာ ဖေဖော်ဝါရီ ၂၀၁၉ ခုနှစ်မှ စတင်ရေတွက်လျှင် လစဉ်တင်သွင်းမှု အနိမ့်ဆုံးအရေအတွက် ဖြစ်သည်။

 

သတ္တုတူးဖော်မှု တားမြစ်ခြင်း မပြုမီ ဂျူလိုင်နှင့် ဩဂုတ်လတွင် အနည်းငယ် မြင့်တက်ခဲ့ပြီးနောက် မြန်မာမှ တင်သွင်းမှုသည် ၁,၄၂၁ မက်ထရစ်တန်သို့ လျော့ကျသွားခဲ့သည်။

 

တရုတ်သို့ ယခုတင်သွင်းနေမှုများသည် ဝဒေသပြင်ပဖြစ်သော ကယားပြည်နယ် မော်ချီးသတ္တုတွင်းနှင့် တနင်္သာရီ တိုင်းဒေသကြီး ဟိန္ဒားသတ္တုတွင်းတို့မှ ဖြစ်နိုင်သည်။

 

သို့သော် ဝထိန်းချုပ်ဒေသသည် တစ်နိုင်ငံလုံးထုတ်လုပ်မှု၏ အကြီးမားဆုံးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ၎င်းဒေသ ၏ ပမာဏကို ကာမိရန် အကန့်အသတ်ရှိသည်။

 

တရုတ်နိုင်ငံကလည်း ကုန်ကြမ်းအတွက် မြန်မာကို မှီခိုနေရမှု သိသိသာသာ လျော့ချရန် စီမံကောင်း စီမံနိုင်သည်။

 

မကြာသေးခင်နှစ်များအတွင်း ကွန်ဂိုနိုင်ငံသည် မြန်မာနိုင်ငံနောက် ဒုတိယအကြီးဆုံး တင်သွင်းပေးသူဖြစ်ကာ ဇန်နဝါရီ-စက်တင်ဘာ လများအတွင်း ၂၁,၆၀၀ မက်ထရစ်တန်တင်ပို့ခဲ့ပြီး နှစ်အလိုက် ၂၄ % အထိ တင်ပို့မှု မြင့်တက်လာခဲ့သည်။

 

သို့သော် ၎င်းပမာဏမှာ ယခုနှစ်အတွင်း မြန်မာနယ်စပ်မှ တင်ပို့မှုဖြစ်သည့် မက်ထရစ်တန် ၁၃၇,၀၀၀ တန်နှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသည်။

 

တရုတ်အဝယ်တော်များသည် ဘိုလီးဘီးယား၊ ဘရာဇီး၊ ရုရှားကဲ့သို့သော အခြားအရင်းအမြစ်များမှ ဝယ်ယူရန် ကြိုးပမ်းခဲ့ကြသော်လည်း ပမာဏ နည်းပါးပြီး ဝဒေသမှ ကုန်ကြမ်းဆုံးရှုံးမှုကို ကာမိသည့် ပမာဏနှင့် အများ အပြား ကွာဟနေသည်။

 

သက်ရောက်မှု အကန့်အသတ်

 

မြန်မာနိုင်ငံမှ ကန့်သတ်မှုသည် တရုတ်၏ ပြုပြင်ပြီး သံဖြူနှင့် သံဖြူဈေးနှုန်းကို သက်ရောက်မှု ယခုအချိန်အထိ အနည်းသာ ရှိသေးသည်။

 

တရုတ်အရည်ကြိုလုပ်ငန်းများသည် ထုတ်လုပ်မှုကို နှစ်အလိုက် . % ၁၃၀,၀၀၀ မက်ထရစ်တန်သို့ မြှင့်တင်လိုက်သည်ဟု အစိုးရ သုတေသနဌာန Antaike ဖော်ပြချက်အရ သိရသည်။

 

ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့အသုံးပြုမှု ၃. % ကျဆင်းခဲ့ပြီး အီလက်ထရောနစ်ကုန်စည်များကို သုံးစွဲသူများ၏ ဝယ်ယူမှု လျော့ကျခြင်းကြောင့် ယခုနှစ်တွင် နောက်ထပ် ၁. % ကျဆင်းမည်ဟု နိုင်ငံတကာ သံဖြူအဖွဲ့၏ အဆိုအရ သိရသည်။

 

သတ္တုတွင်းများ မည်သည့်အချိန် ပြန်လည်စတင်ရန် ခွင့်ပြုမည်ကို တရားဝင်ကြေညာခြင်း မရှိသေးပေ။ UWSA အတွက် သံဖြူသည် အဓိက ဝင်ငွေရလမ်းဖြစ်သည့်အတွက် ကာလကြာရှည် ထုတ်လုပ်မှု ရပ်ဆိုင်းထားခြင်းကို ဖြေလျော့နိုင်သည်။

 

သံဖြူ၏ ရေတိုအခြေအနေကို လျင်မြန်စွာ ကယ်ဆယ်ရန်မှာ ကမ္ဘာ့အသုံးပြုမှု သို့မဟုတ် ဝပြည်နယ်၏ ထုတ်လုပ်မှုအပေါ်တွင် တည်မှီနေသည်။

 

ကိုးကား - Reuters

ပုံစာ - နိုဝင်ဘာ ၂၀ ရက် ၂၀၂၃ ခုနှစ် ရှန်ဟိုင်း ဆင်ခြေဖုန်း စက်ရုံတစ်ခုတွင် သံဖြူပြားအလိပ် ကုန်တင်ကုန်ချပြုလုပ်နေသည့် တရုတ်အလုပ်သမားများ။ (Photo: REUTERS/Claro Cortes/File Photo)

 

Burma Associated Press

 

မြန်မာ
တရုတ်
သံတ္တုရိုင်း
“ဝ” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့
မိုင်း
ဝပြည်နယ်

Share With
bap-logo