bap-logo
Politics

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေး မြန်မာဆွေးနွေးနေ

cQHeL58633eIKhwTVoqtH-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာအရာရှိများနှင့် ရိုဟင်ဂျာဒုက္ခသည်မိသားစုများ ဘင်္ဂလားဒေ့ရှ်တွင် တွေ့ဆုံကာ နေရပ်ပြန်ရေး ဆွေးနွေးနေသည်။

 

တရုတ်က ကြားဝင်ဆောင်ရွက်နေသော နေရပ်ပြန်ရေး အစီအစဉ်သစ်အရ မြန်မာအရာရှိများ ဘင်္ဂလားဒေ့ရှ်သို့ အင်္ဂါနေ့က သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံနှင့် တရုတ် တို့ ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးခဲ့သည့်အတိုင်း ကနဦးနေရပ်ပြန်ရေးအစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအစီအစဉ်က တွန်းအားပေးနေခြင်းလည်း ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး လက်ခံထားပြီး အများစုမှာ မူဆလင် လူနည်းစု အများစုကို "လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်" ဟု ကုလသမဂ္ဂက ရှင်းလင်း ဖော်ပြသော စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ၂၀၁၇ ခုနှစ်တွင် မြန်မာမှ ထွက်ပြေးလာ ကြသူများဖြစ်သည်။

 

မြန်မာအရာရှိအဖွဲ့သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အဖြစ် ခြားနားထားသော Teknaf မြစ်သို့ ရိုဟင်ဂျာမိသားစု ဒါဇင်များစွာနှင့် တွေ့ဆုံရန် ရောက်ရှိလာသည်။

 

သူတို့ ရိုဟင်ဂျာတွေနဲ့ နေရပ်ပြန်ရေး ဒီနေ့ ဆွေးနွေးပြီး သူတို့ရဲ့ စိစစ်ရေးအမှတ်အသားတွေကို စစ်ဆေးအတည်ပြုပါမယ်။” ဟု ဘင်္ဂလားဒေ့ရှ် ဒု ဒုက္ခသည်ကော်မရှင်နာ Shamsud Douza က သတင်းထောက်များကို ပြောကြားသည်။

 

ရိုဟင်ဂျာဒုက္ခသည်အများစုမှာ ဘင်္ဂလားဒေ့ရှ်ရှိ ပြည့်ကျပ်၍ အန္တရာယ်များသော အရင်းအမြစ် နည်းပါသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြပြီး ယခင်က နေရပ်ပြန်ရေး ကြားဝင် ကြိုးပမ်းမှု များမှာ မြန်မာဘက်က တွန့်ဆုတ်နေခဲ့သည့်အတွက် မအောင်မြင်ခဲ့ပေ။

 

ဒုက္ခသည်များကလည်း နှိပ်စက်ညှဉ်းပန်းခြင်းခံရမည်ကို စိုးရွံ့၍ မပြန်ရဲကြပေ။

 

ရိုဟင်ဂျာတို့၏ စိုးရိမ်မှု

 

နှစ်နိုင်ငံနှင့် တရုတ်တို့ သုံးနိုင်ငံဆွေးနွေးခဲ့သည့် နေရပ်ပြန်ရေးအစီအစဉ်အရ မြန်မာသည် ဒီဇင်ဘာလတွင် ဒုက္ခသည် ဦးရေ ၃,၀၀၀ ပြန်လည်လက်ခံရန် သဘောတူခဲ့သည်။

 

သူတို့က လက်ခံဖို့ အဆင်သင့်ဖြစ်ပါပြီ။ ဒါပေမယ့် ရိုဟင်ဂျာတွေက သွားဖို့ အဆင်သင့် မဖြစ်သေး ဘူး။ ဒါက စိန်ခေါ်မှုပဲ။” ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိတစ်ဦးက AFP ကို ပြောကြားသည်။

 

ရိုဟင်ဂျာအသိုင်းအဝန်း၏ ခေါင်းဆောင်များက စိုးရိမ်မှုများရှိနေဆဲဖြစ်ပြီး နိုင်ငံသားဖြစ်မှု၊ ကိုယ်ပိုင် မြေပေါ်တွင် အခြေချရန် စသည့် သေချာသော အာမခံမှုများနှင့်သာ နေရပ်ပြန်လိုကြောင်း ပြောကြား ကြသည်။

 

မြန်မာက ကျွန်တော်တို့ကို မူလနေရာပြန်ပို့မယ်၊ ဂုဏ်သိက္ခာလည်း ပြန်ရမယ်၊ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ ဖြည့်ဆည်းပေးမယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်နိုင်ငံကို ပြန်လိုပါတယ်။” ဟု ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခင်မောင်က ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်က နေရပ်ပြန်ရေးသည် မိမိဆန္ဒသဘောအတိုင်းသာ ဖြစ်ကြောင်း ပြောကြားသော် လည်း အချို့ ရိုဟင်ဂျာများက နေရပ်ပြန်ရေးအစီအစဉ်တွင် ပါဝင်ရန် ခြိမ်းခြောက်မှုများရှိကြောင်း ပြောကြားကြသည်။

 

လူ့အခွင့်အရေးအဖွဲ့အစည်းများက လုံခြုံရေး၊ ရေရှည်တည်တံ့ရေးနှင့် မြန်မာသို့ ရိုဟင်ဂျာများ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးအတွက် အခြေအနေများ လတ်တလော မရှိသေးကြောင်း ယခင်က ပြောကြားခဲ့ကြသည်။

 

ကိုးကား - Aljazeera

ပုံစာ - ရိုဟင်ဂျာမိသားစုများက နေရပ်ပြန်လိုကြောင်း၊ သို့သော် မူလနေရာသို့သာ ပြန်လိုကြောင်း၊ ရပိုင်ခွင့်အပြည့်အဝနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်လိုကြောင်း တောင်းဆိုကြသည်။ (Photo: Rafiqur Rahman/Reuters)

 

Burma Associated Press

ရိုဟင်ဂျာ
ဒုက္ခသည်
ဘင်္ဂလားဒေ့ရှ်
မြန်မာ
စစ်ကောင်စီ

Share With
bap-logo