bap-logo
Weather

နေပြည်တော် တပ်ကုန်း ကပစ မှာ ရေကြီးမြေပြိုလို့ သေဆုံးသူတွေရှိ

sjaLw5VeanVs5cXedbgdc-image

လွန်ခဲ့သော ၄ ရက် က

စက်တင်ဘာ ၁၄။

နေပြည်တော်၊ တပ်ကုန်းမြို့၊ ကာကွယ်ရေးပစ္စည်းစက်ရုံဝင်းထဲ ရေကြီးမြေပြိုမူတွေကြောင့်သေဆုံးသူတွေရှိတယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သိရပါတယ်။

 

စက်တင်ဘာ ၁၁ ရက် ညသန်းခေါင်ယံအချိန်က တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းတာကြောင့် ရှောင်ဖို့အချိန်မရခဲ့ဘဲ ဝန်ထမ်းအိမ်ယာတွေနဲ့ စျေးဆိုင်အချို့ မျောပါသွားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

 

"ဖုန်းလိုင်း မိနစ်ပိုင်းလောက်ရတဲ့အချိန်မှာ သိရတာကတော့ သေသူတွေဘယ်သူတွေမှန်းသေချာမသိသေးဘူး၊၊ တဝန်းလုံး အလောင်းတွေမျောနေတယ်၊ ရှင်ကျန်ခဲ့သူတွေလည်း စိတ်ဒဏ်ရာတွေရနေလို့ သေချာမပြောနိုင်ဘူး၊ လိုင်းအားလုံးပြတ်နေတယ်"လို့ စစ်တပ်မိသားစုဝင်တဦးက ပြောပါတယ်။

 

ရေကြီးမူကြောင့် သေဆုံးသူတွေဟာ စစ်တပ်မိသားစုဝင်တွေနဲ့ ဝန်ထမ်းတွေအများအပြားပါဝင်နေတယ်လို့ စစ်တပ်မိသားစုဝင်အချို့ဆီကပြောပါတယ်။

 

သေဆုံးသူရာနဲ့ချီ ရှိနိုင်တယ်လို့သိရပြီး သေဆုံးသူတွေကို စက်ရုံဝင်းအတွင်းမှာပဲ သဂြိုလ်နေရတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

 

တပ်ကုန်းမြို့မှာ တည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-) နဲ့ (ကပစ-)မှာ နေထိုင်သူထောင်နဲ့ချီရှိနေတာဖြစ်ပါတယ်။

 

လက်ရှိကာကွယ်ရေးတပ်ဝင်းတခုလုံးပြင်ပနဲ့ဆက်သွယ်လို့မရဘဲ ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ပြတ်တောက် နေတယ်လို့ သိရပါတယ်။

 

ပြင်ပကနေလာမဲ့ လူမူကူညီရေးအသင်းတွေနဲ့ မိသားစုဝင်တွေကိုလည်း စစ်တပ်က ဝင်ရောက်ခွင့် တားမြစ်ထားတယ်လို့ ဆိုပါတယ်။

 

ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးများပြီး တိုင်းနဲ့ ပြည်နယ်လေးခုက မြို့နယ် ခုမှာ စက်တင်ဘာလ ၁၃ ရက် အထိ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၅၀၀ ထက်မနည်းရှိလာတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

 

ပုံစာ- နေပြည်တော်၊ တပ်ကုန်းမြို့၊ ပိန်းတောကျေးရွာ ရေကြီးရေလျှံ မြင်ကွင်းများ

(ဓာတ်ပုံ- လူမှုကွန်ရက်)

 

Burma Associated Press

နေပြည်တော်
ရေကြီး
သေဆုံးခဲ့

Share With
bap-logo