bap-logo
Weather

ရေဘေးကြောင့် နေပြည်တော်မှာ သေဆုံးသူ ၁၉ ဦးရှိခဲ့

awyIPSkHCgURgI1pC8wVg-image

လွန်ခဲ့သော ၆ ရက် က

စက်တင်ဘာ ၁၃။

 

မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုတွေဖြစ်လာကာ နေပြည်တော်မှာ ရေဘေးသင့်ပြီး သေဆုံးသူ ၁၉ ဦး အထိရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 

သေဆုံးသူတွေထဲမှာ အမျိုးသား ဦးနဲ့ အမျိုးသမီး ၁၃ ဦးပါဝင်နေပါတယ်။

 

နေပြည်တော်တခွင် နေရာ ၃၀ မှာ ရေဘေးသင့်သူ ,၆၀၀ ကျော်အထိရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

 

မနေ့က စက်တင်ဘာလ ၁၂ ရက် နာရီခွဲ အချိန်ထိ တပ်ကုန်းနဲ့မကျီးပင်မှ (၁၅၀)ဦး၊ ရွာသစ်ကျေးရွာနဲ့ အနော်ရထာရပ်ကွက်မှ (၁၂၉)ဦး၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗနဲ့ ဝက်အင်းရွာမှ (၁၂)ဦး၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပိုစုရွာ၊ ချောင်းစောက်ရွာနှင့် ပေါက်တောရွာတို့မှ (၇၀၅)ဦး၊ ပျဉ်းမနားနဲ့ မအူပင်ရွာမှ (၂၄)ဦး၊ ပျဉ်းမနားသကြားစက်၊ ဘုန်းကြီးကျောင်း၊ ညောင်ပင်သာရွာ၊ သနပ်ရှေ့ရွာနဲ့ ကျွန်းဦးရွာမှ (၆၅၁)ဦး၊ ဝက်ကုန်းနဲ့ ပေါက်တောရွာမှ (၃၉၉)ဦး၊ ပုဗ္ဗသီရိတောက်ထိန်ရွာမှ (၂၀)ဦး၊ ကင်းသာလမ်းခွဲနဲ့ ပင်လောင်းလမ်းဆုံမှ (၁၈)ဦး၊ ရွာသစ်ကျေးရွာမှ (၅၇)ဦး၊ ဘုရင့်နောင်ရပ်ကွက်နဲ့ ဘိုးဘွားရိပ်သာမှ (၃၀)ဦး၊ မကျီးပင်ကျေးရွာမှ (၄၈၂)ဦး၊ မကျီးပင်အုပ်စုနှင့် ညောင်ပင်သာရွာမှ (၂၅၈)ဦး၊ ကျီးဖြူရိုး ဆင်သေ၊ ဈေးကုန်း၊ နှမ်းတော၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ နတ်သူရဲနဲ့ ပေါစံခေါရွာတို့မှ (၄၄၇)ဦး၊ လယ်ဝေး၊ ဟေမာန်ကျေးရွာနဲ့ သစ်စိမ်းကျေးရွာတို့မှ (၁၅၀)ဦး၊ ကွမ်းခြံကျေးရွာမှ (၇၀)ဦး ဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

Burma Associated Press

သေဆုံးခဲ့
ရေကြီး
အရပ်သား
နေပြည်တော်

Share With
bap-logo