bap-logo
Weather

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကပ်ဘေးအကျပ်အတည်းကြောင့် နေ့တာ ပိုရှည်လာကြောင်း လေ့လာတွေ့ရှိ

DFD6iko9aLBVTkek_BO5w-image

လွန်ခဲ့သော ၂ လ က

 

ရေခဲများ အရေပျော်ကျခြင်းက ကမ္ဘာကြီး လည်ပတ်မှုကို နှေးကွေးစေပြီး အင်တာနက် အချက်အလက် လမ်းကြောင်းများ၊ ဘဏ္ဍာရေးလွှဲပြောင်းမှုများနှင့်GPS များကို အနှောက်အယှက်ဖြစ်စေသည်။

 

ဝင်ရိုးစွန်း ရေခဲများ အရေပျော်ကျခြင်းက ကမ္ဘာကို ပြောင်းလဲပုံဖော်နေသည့်အတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကပ်ဘေးအကျပ်အတည်းက နေ့တာပိုရှည်စေကြောင်း ဆန်းစစ်အကဲဖြတ်ချက်က ပြသနေသည်။

 

ဘီလီယံချီ၍ တည်ရှိခဲ့သော သဘာဝဖြစ်စဉ်များနှင့် အပြိုင် လူသားတို့၏ လုပ်ရပ်များက ကမ္ဘာကို ပြောင်းလဲစေခဲ့ပုံကို ထင်ရှားစွာ ပြသနေသည့် ဖြစ်စဉ်ဟု သိပ္ပံပညာရှင်များက ပြောသည်။

 

နေ့တာပြောင်းလဲမှုသည် မီလီစက္ကန့်မျှသာ ဖြစ်သော်လည်း ၎င်းပမာဏသည် အင်တာနက် အချက်အလက်ပေးပို့မှု၊ ဘဏ္ဍာရေးလွှဲပြောင်းမှု၊ GPS လမ်းကြောင်းပြသမှုတို့ကို နှောက်ယှက်နိုင်ပြီး ၎င်းလုပ်ငန်းများသည် အလွန်တိကျသော အနုစိတ် အချိန်မှတ်သားမှုပေါ်တွင် မူတည်နေသောကြောင့် ဖြစ်သည်။

 

လူသားတွေအနေနဲ့ ထိခိုက်သက်ရောက်မှုတွေကို ဒေသတွင်းမှာသာမဟုတ်ဘဲ ကမ္ဘာတစ်ခုလုံးမှာ တွေ့နိုင်ပါတယ်။

 

 

ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများနှင့် ကုန်းမြေများအပေါ် လ၏ဆွဲအားကြောင့် ကမ္ဘာ့နေ့တာသည် ဘူမိဗေဒဆိုင်ရာ အချိန် ပုံမှန်တိုးလာနေခဲ့သည်။ သို့ရာတွင် လူသားတို့ကြောင့် ဖြစ်ပေါ်သည့် ကမ္ဘာလုံးဆိုင်ရာ အပူထုတ်လွှတ်ခြင်းကြောင့် Greenland နှင့် အန္တာတိတ် ရေခဲလွှာများ အရည်ပျော်ကျခြင်းက ဝင်ရိုးစွန်းများရှိ သိုလှောင်ထားသည့်ရေများကို ကမ္ဘာ့သမုဒ္ဒရာကြီးများသို့ ပြန်လည်ဖြန့်ဝေပေးစေခဲ့သည်။ ထို့အတွက် အီကွေတာအနီးမှ ပင်လယ်ရေများ ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် ကမ္ဘာကြီးက ပိုမို ပြားလာပြီး လည်ပတ်မှုနှေးကွေးစေကာ နေ့တာ ပိုမိုရှည်လျားစေသည်။

 

လူသားတို့ပြုလုပ်သည့် ကမ္ဘာကို ရိုက်ခတ်မှုကို သုတေသနတစ်ခုက မကြာသေးမီက ပြသခဲ့သေးသည်။ ၎င်းမှာ ရေပြန်လည်ဖြန့်ဝေမှုက ကမ္ဘာ့ဝင်ရိုး မြောက်ဝင်ရိုးစွန်း၊ တောင်ဝင်ရိုးစွန်းတို့ကို ရွေ့လျားစေပြီး လည်ပတ်မှုကို ထိခိုက်စေသည်ဟု ဆိုသည်။ လူသားတို့၏ ကာဗွန်ထုတ်လွှတ်မှုက စထရာတိုစဖီးယား (ကမ္ဘာ့မြေမျက်နှာပြင်အထက် မိုင်မှ ၃၂ မိုင်အကြား လေထု) ကို ကျုံ့လာစေသည်ဟု အခြားလေ့လာမှုများက ဆိုသည်။

 

လူသားတွေအနေနဲ့ ထိခိုက်သက်ရောက်မှုတွေကို ဒေသတွင်းမှာသာမဟုတ်ဘဲ ကမ္ဘာတစ်ခုလုံးမှာ တွေ့နိုင်ပါတယ်။ အပူချိန်မြင့်တက်မှုတွေလိုပေါ့။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ အာကာသထဲမှာ ရွေ့လျားပုံနဲ့ လည်ပတ်ပုံကို ဘယ်လို ပြောင်းလဲစေသလဲဆိုတာက တကယ့် အဓိက ကျတဲ့အချက်ပဲ။ဟု ဆွစ်ဇာလန်နိုင်ငံ ETH Zurich တက္ကသိုလ်မှ ပါမောက္ခ Benedikt Soja က ပြောသည်။ "ကျွန်တော်တို့ရဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကြောင့်ပေါ့။ ကျွန်တော်တို့ ဒီထုတ်လွှတ်မှုကို လုပ်လာတာ နှစ် ၁၀၀၊ ၂၀၀ လောက်အတွင်းမှာပဲ လုပ်ခဲ့တာ။ အဲဒီမတိုင်ခင် ရာသီဥတုပြောင်းလဲမှုဖြစ်စေတဲ့ သဘာဝဖြစ်စဉ်က နှစ် ဘီလီယံနဲ့ ချီပြီး ကြာပါတယ်။ ဒါက အံ့အားသင့်စရာပဲ။

 

လူသားတို့၏ အချိန်မှတ်သားမှုမှာ အလွန်အမင်း တိကျသည့် အဏုမြူနာရီပေါ်တွင် အခြေခံထားသည်။ သို့ရာတွင် နေ့တစ်နေ့၏ အချိန်အတိအကျ၊ ကမ္ဘာတစ်ပတ်လည်မှုမှာ လကြောင့် ဖြစ်ပေါ်သည့် ဒီရေအတက်အကျများ၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ ရိုက်ခတ်မှုများ၊ ရေခဲခေတ်တွင် ဖြစ်ပေါ်ခဲ့သော ရေခဲလွှာများ ဆုတ်ခွာမှုနောက် ကမ္ဘာ့အပေါ်ယံလွှာ၏ နှေးကွေးသော ပြန်ကန်လာခြင်းကဲ့သို့သော အခြားအချက်များပေါ် မူတည်၍ အမျိုးမျိုးဖြစ်နိုင်သည်။

 

၎င်းကွဲလွဲချက်များကို "အတိအကျ အချိန်ကိုက်မှုပေါ်မှာ အခြေခံတဲ့ အင်တာနက်၊ ဆက်သွယ်ရေးနဲ့ ဘဏ္ဍရေး လွှဲပြောင်းမှုတွေ လုပ်ဆောင်ပေးနေတဲ့ အချက်အလက်စင်တာတွေအားလုံးကထည့်သွင်းတွက်ချက်ရမှာ ဖြစ်ကြောင်း Soja က ဆိုသည်။ "ကျွန်တော်တို့က လမ်းကြောင်းပြစနစ်တွေအတွက် အချိန်တိကျမှုတွေအထူးသဖြင့် ဂြိုဟ်တုတွေနဲ့ အာကာသယာဉ်တွေအတွက်လည်း သိဖို့ လိုအပ်ပါတယ်။

 

Proceedings of the National Academy of Sciences of the USA တွင် ဖော်ပြခဲ့သည့် သုတေသနက နေ့တာရှည်မှုအပေါ် ရေခဲအရေပျော်ခြင်း၏ သက်ရောက်မှုကို စမ်းသပ်ရန် လေ့လာမှုများနှင့် ကွန်ပျူတာဖြင့် တည်ဆောက်ပုံဖော်မှုများကို အသုံးပြုခဲ့သည်။ ၁၉၀၀ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်အကြားတွင် နှေးကွေးမှုနှုန်းမှာ ရာစုနှစ်တစ်ခုလျှင် . မီလီစက္ကန့်နှင့် . မီလီစက္ကန့် အကြား (ms/cy) ရှိခဲ့သည်။ သို့သော် ၂၀၀၀ ခုနှစ်မှ စတင်ကာ အရေပျော်မှုများ မြင့်တက်လာသည့်အတွက် ပြောင်းလဲသည့်နှုန်းသည်လည်း . ms/cy သို့ မြင့်တက်သွားခဲ့သည်။

 

ဒီနေ့ ပြောင်းလဲတဲ့ နှုန်းက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာထက် မြင့်မားနေပါတယ်။ဟု သုတေသီများက ဆိုသည်။ "ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို အပြင်းအထန် ထိန်းချုပ်ထားရင်တောင် နောက်ထပ် ဆယ်စုနှစ်အနည်းငယ်အတွင်း အနီးစပ်ဆုံး . ms/cy မှာ ဆက်လက်တည်ရှိနေမယ်လို့ ညွှန်ပြနေပါတယ်။ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို မဖြတ်တောက်နိုင်လျှင် နေ့တာပြောင်းလဲမှုကို ရေရှည်ပြောင်းလဲမှု ဖြစ်ပေါ်စေသည့် အကြီးမားဆုံးအကြောင်းရင်းဖြစ်သော လရောင်ကြောင့် ဖြစ်ပေါ်သည့် ဒီရေအတက်အကျကို ကျော်လွန်ကာ နှေးကွေးမှုနှုန်းမှာ ၂၁၀၀ ခုနှစ်တွင် . ms/cy သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

 

သုတေသနအဖွဲ့တွင် မပါဝင်သည့် စပိန်နိုင်ငံ Alicante တက္ကသိုလ်မှ Dr Santiago Belda က "ဒီလေ့လာမှုက ကြီးမားတဲ့ တိုးတက်မှုပါပဲ။ ဘာကြောင့်လဲဆိုတော့ Greenland နဲ့ အန္တာတိတ်မှာ ထိခိုက်ဖြစ်ပေါ်နေတဲ့ ရေခဲတွေ စိုးရိမ်ဖွယ်ရာ အရေပျော်မှုဟာ နေ့တာရှည်မှုကို တိုက်ရိုက် ထိခိုက်စေတယ်လို့ အတည်ပြုနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့တာကို ပိုရှည်စေတယ်ပေါ့လေ။ ဒီ နေ့တာပြောင်းလဲစေတဲ့ အချက်က ကျွန်တော်တို့ရဲ့ အချိန်တိုင်းတာရာမှာသာ အရေးကြီးတဲ့ ရိုက်ခတ်မှု ရှိတာ မဟုတ်ပါဘူး။ ခေတ်သစ် ဘဝနေထိုင်မှုတွေကို ထိန်းချုပ်ထားတဲ့ GPS နဲ့ အခြားနည်းပညာတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိပါတယ်။

 

ကိုးကား - The Guradian

ပုံစာ - နေ့တာရှည်မှုအပြောင်းအလဲမှာ မီလီစက္ကန့်မျှသာ ဖြစ်သော်လည်း ခေတ်သစ်လူနေမှုဘဝများကို ရိုက်ခတ်နိုင်သည်။ (Bloomberg/Getty Images)

 

Burma Associated Press

ရေခဲ အရည်ပျော်ကျခြင်း
ဂရင်းလန်း
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကပ်ဘေး
ကမ္ဘာ
နေ့တာပိုရှည်စေ

Share With
bap-logo