bap-logo
Weather

မြစ်​ရေတက်တာ​ကြောင့် မြစ်ကြီးနား​ဒေသခံ​တွေ အ​ရေး​ပေါ်​ပြောင်းရ

bFHtz1Yfyqvp3MEWCy7fw-image

လွန်ခဲ့သော ၃ လ က

ဇူလိုင် ၁။

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ ပေကျော်ထိ မြင့်တက်လာတာကြောင့် နေအိမ်တွေရေနစ်မြုပ်နေပြီး ဒေသခံတွေ အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

 

နေအိမ်တွေနှစ်မြုပ်နေတာကြောင့် ပြည်သူအများအပြား ပိတ်မိနေကာ ကယ်ဆယ်ပေးဖို့ အကူညီတောင်းနေတာ များနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

 

"လှေတွေလည်း လုံလောက်မှု မရှိဘူးဖြစ်နေတယ်၊ အကူညီတောင်းတဲ့သူတွေများနေတယ်၊ အနိမ့်ပိုင်းတွေအကုန်နစ်နေပြီ" လို့ကူညီရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

 

မြစ်ကြီးနားမြို့နယ်၊ စီတာပူ၊ မြို့သစ်ကြီး၊ ရမ်ပူ၊ ကြက် ပေါင်ခြံ အပါအဝင် မြင့်ငြိမ်းအေးဓမ္မရိပ်သာကျောင်း၊ နယ်မြေ ၁၄ အနောက်လယ်ကုန်း ပေါ်ဦးဘုရား နယ်မြေတွေမှာ ရေနှစ်မြုတ်နေတာကြောင့် လှေတွေအသုံးပြုပီး ကယ်တင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အပြင် ဝိုင်းမော်မြို့မှာလဲ ဇွန်၃၀ရက်နေ့ ညသန်းခေါင်ယံချိန်က စတင်ပြီး ဧရာဝတီမြစ်ရေဆက်တက် မြင့်တက်ခဲ့တာကြောင့် လက်ရှိအချိန် ပြည်သူထောင်ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

မြစ်ကြီးနား
ရေကြီး

Share With
bap-logo