bap-logo
Weather

ရေတာရှည်အရှေ့ခြမ်းက ရေဘေးသင့်ရွာများကို စစ်ကောင်စီက ကူညီကယ်ဆယ်ခွင့်ပိတ်ပင်

OccstRchJgFhHZ40LaEsd-image

လွန်ခဲ့သော ၄ ရက် က

စက်တင်ဘာ ၁၄။

 

ပဲခူးတိုင်း ရေတာရှည်မြို့နယ် အရှေ့ခြမ်းက ရေဘေးသင့်ရွာများကို ကူညီကယ်ဆယ်ခွင့် စစ်ကောင်စီတပ်က တားမြစ်ထားကြောင်း ထိုနေရာတွင် ရောက်ရှိနေသူများထံမှသိရသည်။

 

ရေကြီးနစ်မြုပ်နေသည့် အရှေ့ခြမ်းကျေးရွာများမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ထိန်းချုပ်ထား ခြင်းကြောင့်ဟုဆိုကာ စစ်ကောင်စီတပ်က ကယ်ဆယ်ခွင့် တားမြစ်ထားခြင်းဖြစ်သည်ဟု သိရသည်။

 

အရှေ့ခြမ်းရှိ ရေဘေးဒုက္ခရောက်နေရသူများအနက် အချို့သော ဒေသခံများကို ပြည်သူ့ကာကွယ်ရေး တပ်က ကူညီပေးထားသော်လည်း အခက်အခဲရှိနေဆဲဖြစ်သည်ဟုဆိုသည်။

 

"လိုအပ်ချက်က ကယ်ဆယ်ရေးလှေတွေဖြစ်ပါတယ်၊ ဒေသခံတွေအနေနဲ့ကုန်းမြင့်ပိုင်းတွေမှာပြောင်းရွှေ့နေကြပေမယ့် ရုတ်တရတ်ရွှေ့လာရတာမို့ စားစရာများများစားစားပါမလာခဲ့ကြဘဲ စားရေးသောက်ရေးအခက်အခဲဖြစ်နေတယ်၊ ဆန်လည်း ဝယ်မရတော့ပါဘူး" ဟု ကယ်ဆယ်​​ရေးလုပ်နေသူ တစ်ဦးကပြောသည်။

 

သရက်တော၊ ဆွာ၀ပေါက်၊ ဆွာတောင်ကမ်း၊ ဆင်ဂွေ၊ ရွာသစ်၊ သစ်ချဆိပ်၊ ရှမ်းပိုင်း၊ အောက်ငါးဘတ်အင်း၊ အထက် ငါးဘတ်အင်း၊ ပင့်သီလာ၊ ဇရစ်ရိုးကုန်း၊ မိချောင်းအိုင်၊ ရွှေသောင် ရွာဟောင်း၊ စောခမ်း၊ ဘိုတဲစု၊ သောင်ကြီး၊ ရှားတော၊ ကွက်သစ်ကုန်း၊ ကဲလင်းဆိပ် စသည့်ကျေးရွာများမှာ ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွားကြုံတွေ့နေရသည်ဟု သိရသည်။

 

ဓာတ်ပုံ - ပွန်ဒီရာ

 

Burma Associated Press

ပဲခူး
ရေတာရှည်
ရေကြီး

Share With
bap-logo