bap-logo
Weather

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် ဖြေရှင်းရေး၊ ကတ်သလစ်-မူဆလင် ဆွေးနွေးရေးတို့အတွက် ပုပ်ရဟန်းမင်း ကြီး ဖရန်စစ် အရှေ့တောင်အာရှသို့ လာမည်

YjO7HBwpOB3CJpKPiq_vD-image

လွန်ခဲ့သော ၂၀ ရက် က

 

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ကမ္ဘာလုံးဆိုင်ရာ အရေးတယူဖြေရှင်းရေး ရည်မှန်းထားသည့် ခရီးစဉ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် တနင်္လာနေ့တွင် အရှေ့တောင်အာရှမှ ကျွန်းနိုင်ငံ လေးခုသို့ လာရောက်မည်ဖြစ်သည်။

 

၎င်းခရီးစဉ်သည် ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်ဘုရားကျောင်းအကြီးအကဲ၊ အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး၏ ကြံ့ခိုင်မှုကို စမ်းသပ်မှုတစ်ခုလည်း ဖြစ်နိုင်သည်။

 

စက်တင်ဘာ ရက်မှ ၁၃ ရက်အထိ ၁၂ ရက်တာအတွင်း ပုပ်ရဟန်းမင်းကြီးသည် အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီ၊ အရှေ့တီမောနှင့် စင်ကာပူနိုင်ငံတို့သို့ ကီလိုမီတာ ၃၃၀၀၀ (၂၀,၅၀၀ မိုင်) ခရီးနှင် သွားရောက်မည်ဖြစ်သည်။

 

ဒူးနာ၊ ခါနာကြောင့် ယခုအခါ ဘီးတပ်ထိုင်ခုံဖြင့် ပုံမှန် သွားလာနေရသည့် ပုပ်ရဟန်းမင်းကြီးအတွက် ၎င်းခရီးစဉ်သည် အရှည်ဆုံးခရီးဖြစ်သည်။

 

ဖရန်စစ်သည် ၂၀၁၅ ပဲရစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ကို အပြင်းအထန် တိုက်တွန်းခဲ့သူဖြစ်ကာ သူသည် အလျင်အမြန်ပူနွေးလာသော ကမ္ဘာကြီး၏ အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းရန်၊ အထူးသဖြင့် ထိခိုက်ခံစားမှု အလွယ်ဆုံးသူများကို ထောက်ပံ့ကူညီရန် ၎င်း၏ တောင်းဆိုမှုကို ဆက်လက်ပြုလုပ်လိုသည်ဟု ၎င်း၏ လက်ထောက်များက ဆိုသည်။

 

၎င်း၏ခရီးစဉ်အတွင်းမှ နိုင်ငံများတွင် ဖြစ်ပေါ်နေသော အန္တရာယ်များမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ ပြင်းထန်ပြီး မမျှော်မှန်းနိုင်သည့် အပူလှိုင်းများနှင့် တိုင်ဖွန်းမုန်တိုင်းများ တိုးပွားလာမှုတို့ဖြစ်သည်။

 

ခရီးစဉ် စတင်မည့် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာတွင် မကြာသေးမီနှစ်များအတွင်း ဘေးဒုက္ခကြီးမားစေခဲ့သော ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရကာ ဖြည်းဖြည်းချင်း နစ်မြုပ်နေသည့်အတွက် အစိုးရက ဘော်နီယိုတွင် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံ ကုန်ကျမည့် မြို့တော်အသစ်တည်ဆောက်ရန် ဖြစ်လာသည်။

 

ဖရန်စစ်သည် ခရီးစဉ်အတွင်း အခမ်းအနား ၄၀ ကျော် တက်ရောက်ရန် စီစဉ်ထားပြီး ၎င်း၏ သတ်မှတ် အစီအစဉ်များအပြင် ၎င်း၏ အသက်အရွယ်နှင့် ကျန်းမာရေးမကောင်းသော်လည်း အဖွဲ့ဝင် . ဘီလီယံ ပါဝင်သည့် ဘုရားကျောင်းတော်ကို ဦးဆောင်နိုင်စွမ်းရှိသေးကြောင်း ပြသလိုသည်ဟု လေ့လာသူတစ်ချို့က ဆိုသည်။

 

ပုရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ကြံ့ခိုင်မှုကို ပြသတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ ဟု ပုပ်ရဟန်းမင်းကြီး ရုံးနှင့် လုပ်ပိုင်ခွင့်အာဏာကို လေ့လာနေသည့် အီတလီပညာရှင် Massimo Faggioli က ပြောသည်။

 

၎င်းအသက်အရွယ်တွင် မည်သည့် ပုပ်ရဟန်းမင်းကြီးကမှ နိုင်ငံခြားခရီးမသွားတော့ဟု ဖီလာဒဲဖီယား ရှိ Villanova တက္ကသိုလ်မှ ပါမောက္ခ Faggioli က ပြောသည်။ ဖရန်စစ်မတိုင်မီ ပုရဟန်းမင်းကြီး Benedict XVI သည် အသက် ၈၅ အရွယ်တွင် နှုတ်ထွက်ခဲ့သည်။

 

ပါကင်ဆန်ရောဂါခံစားနေရသည့် ဂျွန်ပေါလ် သည် ၎င်း၏ နောက်ဆုံး နိုင်ငံခြားခရီးစဉ်ကို အသက် ၈၄ အရွယ်တွင် သွားရောက်ခဲ့သည်။

 

မတ်လ ၂၀၁၃ ၎င်းကို ရွေးကောက်ခံရပြီးနောက်ပိုင်းမှ စတင်ရေတွက်လျှင် ယခုခရီးစဉ်သည် ဖရန်စစ်၏ ၄၅ ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်သည်။

 

အခု ကမ္ဘာလုံးဆိုင်ရာ ကတ်သလစ်ဘာသာ ဖြစ်လာပါပြီ။ ကမ္ဘာလုံးဆိုင်ရာ ပျံ့နှံ့တဲ့ ဘုရားကျောင်းတော်သာ မဟုတ်တော့ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံလာပါပြီ။


 

၎င်းသည် လူမှုအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခံရသူများဆီသို့ ရောက်ရှိရေး မကြာခဏ ပြောဆိုလေ့ရှိသည်။ ပုပ်ရဟန်းမင်းကြီးများ ယခင်က သွားရောက်ဖူးခြင်းမရှိသေးသည့် နေရာဒေသများ သို့မဟုတ် ကက်သလစ်ဘာသာဝင်များ လူနည်းစုသာရှိသည့် နေရာဒေသများသို့ ၎င်း၏ ခရီးစဉ်များကို ဦးစားပေးရွေးချယ်လေ့ရှိသည်။

 

ဖရန်စစ်က ဘုရားကျောင်းတော် မြေပုံ အသစ်တစ်ခု ရေးဆွဲလုနီးနီးပါပဲ။ ဟု Faggioli က ပြောသည်။ "အခု ကမ္ဘာလုံးဆိုင်ရာ ကတ်သလစ်ဘာသာ ဖြစ်လာပါပြီ။ ကမ္ဘာလုံးဆိုင်ရာ ပျံ့နှံ့တဲ့ ဘုရားကျောင်းတော်သာ မဟုတ်တော့ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံလာပါပြီ။

 

ဖရန်စစ်သည် ၂၀၁၉ ခုနှစ်တွင် အာရေဗီယံကျွန်းဆွယ်သို့ သွားရောက်ခဲ့သည့် ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်ကာ ၎င်း၏ ကာလရှည်ကြာ ဦးစားပေးချက်တစ်ခုဖြစ်သည့် ကတ်သလစ်-မူဆလင် ဆွေးနွေးရေးကို အသစ်တဖန် တွန်းအားပေးရန်လည်း အစီအစဉ်တွင် ပါဝင်သည်။

 

ကမ္ဘာ့ လူဦးရေအထူထပ်ဆုံး မူဆလင်လူများစု နိုင်ငံ အင်ဒိုနီးရှားတွင် လူဦးရေ သန်း ၂၈၀ အနက် % မှာ ကတ်သလစ်ဘာသာဝင်များဖြစ်သည်။ ဖရန်စစ်သည် ဂျာကာတာမြို့တော်ရှိ အရှေ့တောင်အာရှတွင် အကြီးဆုံး Istiqlal ဗလီတွင် ဘာသာအချင်းချင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

 

၎င်းဗလီသည် ဂျာကာတာမြို့၏ ကတ်သလစ်ဘုရားကျောင်းတော်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိကြောင်း၊ ဘာသာအချင်းချင်း ဆွေးနွေးပြောဆိုမှု၏ "ရွှေရောင်ခေတ်သစ်" တစ်ခု ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံရေးကို ကျယ်ပြန့်စွာ ရေးသားခဲ့သူ ဘော်စတွန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Jeremy Menchik က ပြောသည်။

 

ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံလေးခုတွင် နိုင်ငံရေး အာဏာပိုင်များ၊ သံတမန်များ၊ ဒေသတွင်းမှ ကတ်သလစ်ဘာသာဝင်များနှင့် တရားဝင်တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းသည် နိုင်ငံလေးခုလုံးတွင် ပြင်ပ ကတ်သလစ် ဝတ်ပြုပွဲများလည်း ကျင်းပသွားမည်ဖြစ်သည်။

 

အနောက်နိုင်ငံများတွင် ယုံကြည်မှု ကျဆင်းခြင်း ကြုံတွေ့နေရသည့်အချိန်တွင် ကတ်သလစ်အရာရှိများက အာရှကို ယုံကြည်မှု ချဲ့ထွင်ရန် ရေခံမြေခံကောင်းဟု ကျယ်ပြန့်စွာ ရှုမြင်ထားသည်။

 

ဝါရှင်တန်ပညာရှင်များအဖွဲ့ Wilson Center မှ အင်ဒို-ပစိဖိတ်အစီအစဉ် ညွှန်ကြားရေးမှူး Shihoko Goto က ကျန်းမာရေးစိုးရိမ်ရသည့်ကြားမှ ဖရန်စစ်၏ ခရီးစဉ်သည် "ဘုရားကျောင်းတော်အတွက် အာရှရဲ့ မဟာဗျူဟာမြောက် အရေးပါမှု ပမာဏကို ဖွင့်ဆိုနေပါတယ်။ ဟု ဆိုသည်။

 

တရားဝင်လူဦးရေ သန်းခန့် ရှိသော ပါပူအာနယူးဂီနီတွင် ကတ်သလစ်ဘာသာဝင် . သန်း ရှိသည်ဟု ဗာတီကန်ကျောင်းတော်က ဆိုသည်။ အရှေ့တီမောတွင် လူဦးရေ . သန်းရှိကာ ၉၆% မှာ ကတ်သလစ်များဖြစ်ပြီး စင်ကာပူ လူဦးရေ .၉၂ သန်းတွင် ၂၁၀၀၀၀ မှာ ကတ်သလစ်ဘာသာဝင်များဖြစ်သည်ဟု ဗာတီကန်က ဆိုသည်။

 

ကိုးကား - Reuters

 

ပုံစာ - ဩဂုတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် ဗာတီကန်တွင် အပတ်စဉ် လူထုနှင့် တွေ့ဆုံပွဲမှ ပုရဟန်းမင်းကြီး ဖရန်စစ်။ (REUTERS/Ciro De Luca)

 

Burma Associated Press

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကပ်ဘေး
ပုပ်ရဟန်းမင်းကြီး
ကတ်တလစ်
မူဆလင်

Share With
bap-logo