bap-logo
Data

ဩဂုတ်လအတွင်း နိုင်ငံတဝန်း နေအိမ် နှစ်ထောင်နီးပါး မီးရှို့ခံရ

rdSNrJLrekLC9_auD-YHE-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၄။

 

ယခုနှစ် ဩဂုတ်လအတွင်း စစ်ကောင်စီက နိုင်ငံတဝန်းရှိ နေအိမ် ၁,၇၄၈ လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

 

စစ်ကောင်စီက တစ်လအတွင်း နေအိမ်မီးရှို့မှု ၄၈ ကြိမ်အထိ ကျူးလွန်ထားပြီး ပြည်သူ ၅ ဦး မီးရှို့သတ်ဖြတ်ခဲ့သည်ဟု NUG မီးသတ်ဦးစီးဌာနက ဆိုသည်။

 

စစ်ကိုင်းတိုင်းက အများဆုံးမီးရှို့ခံထားရပြီး နေအိမ် တစ်ထောင်ကျော် မီးလောင်ပြာကျခဲ့ရသည့်အပြင် မီးရှို့သတ်ဖြတ်ခံရသူ ၅ ဦးအနက် ၄ ဦးမှာ စစ်ကိုင်းတိုင်းက ဖြစ်သည်။

 

စာသင်ကျောင်း ၂ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၁ လုံးနှင့် ဆေးရုံ ၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း ထုတ်ပြန်ချက်ကတဆင့် သိရသည်။

 

NUG မီးသတ်ဦးစီးဌာနက ဖော်ပြထားသည့် မီးရှို့ခံရသည့် တိုင်းနှင့်ပြည်နယ်များမှာ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားနှင့် ကရင်ပြည်နယ်တို့ဖြစ်ပြီး မြေပြင်တွင် ယခုထက် အပျက်စီးအဆုံးရှုံးများနိုင်သည်ဟုလည်း ဖော်ပြထားသည်။

 

ပုံစာ- စစ်ကိုင်းတိုင်းရှိ မီးရှို့ခံရသည့် နေအိမ် 

ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

 

 Burma Associated Press

စစ်တပ်
မီးရှို့ခံရ
အရပ်သား
နေအိမ်များ

Share With
bap-logo