Data
လေးလအတွင်း ဘက်ပြောင်းလာသည့် ရဲနှင့် စစ်သား ၅၀၀ နီးပါးရှိဟု NUG ဆို
လွန်ခဲ့သော တစ်နှစ် က
ဩဂုတ် ၂၄။
တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းလာသည့် စစ်ကောင်စီ တပ်သားနှင့် ရဲ အရေအတွက်မှာ ဧပြီလမှ ဇူလိုင်လအထိ ၄ လ အတွင်း ၅၀၀ နီးပါးရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ၂၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။
ယခု ဩဂုတ်လအတွင်း စစ်ကောင်စီလက်အောက်တွင် တာဝန် မထမ်း ဆောင်လိုတော့၍ ထွက်ပြေးလာသည့် ရဲနှင့် စစ်သား ၅၀ ကျော်ရှိနေသည်ဟု သိရသည်။
“ဧပြီလကနေ ဇူလိုင်လအထိ ၄ လ အတွင်းမှာဆိုရင် စာရင်းအရ ဒုရင်းမှူးအဆင့် ဗိုလ်မှူး တစ်ဦးအပါအဝင် ခန့်မှန်း ၅၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ချိတ်ဆက်လာတဲ့ အရေအတွက်ပဲ ဖြစ်ပြီး မချိတ်လာကြသေးတာလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။
ပိုမိုအရှိန်မြင့်လာသည့် တော်လှန်ရေး၏ အရှိန်အဟုန်နှင့်အတူ စစ်ကောင်စီ သည် Non-CDM ဝန်ထမ်းများကို စစ်တပ်၏ အရန်အင်အားအဖြစ် ဖွဲ့စည်းရန် ညွှန်ကြားနေရသည်အထိ ဘက်ပေါင်းစုံက ပြိုလဲနေပြီဟုလည်း ပြောထားသည်။
ယခုတစ်ပတ် ဩဂုတ် ၁၄ ရက်မှ ၂၃ ရက်အတွင်း KNLA - ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်နှင့်တကွ ပူးပေါင်းလာသည့် ကရင် BGF တစ်ဦး၊ စစ်ကောင်စီ ဒုတပ်ကြပ် တစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဘတ်ငွေ ၅၀,၀၀၀ စီ ချီးမြှင့်ခဲ့သေးသည်။
ပုံစာ - KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်း နှင့်အတူ လာရောက် ပူးပေါင်းသော BGF တပ်သားနှင့် KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေး မှူး ဗိုလ်ဒါဘော။ (KNU - ဗဟို)
Related Articles
- ပုလဲမြို့နယ်တွင် ဂိတ် ကိုးဂိတ်မှ ဇူလိုင်လအတွင်း အခွန်ငွေ သိန်းတစ်ရာကျော်ရရှိဟု ပအဖ အသိပေး
- ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်တွင် လေးရက်အတွင်း ပြည်သူ ခြောက်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ
- စစ်ကောင်စီအတွက် လေယာဉ်ဆီတင်ပို့သူ နှစ်ဦးနဲ့ ကုမ္ပဏီ သုံးခုကို အမေရိကန် အရေးယူ
- ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီမှာ ရေဘေးသင့်သူဦးရေ ငါးသောင်းရှိ