bap-logo
Data

စစ်အာဏာသိမ်းပြီးနောက် ကရင်နီတွင် အရပ်သား သတ်ဖြတ်ခံရသူ ၃၈၀ ဦး ရှိပြီ

aKvfmixTnBID4VdAj_4dv-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၁။

အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ရက်မှ ယခုနှစ် သြဂုတ်လ ၃၁ ရက်အထိ ကရင်နီတွင် အရပ်သား သတ်ဖြတ်ခံရသူ ၃၈၀ ဦးရှိပြီဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF ကဆိုသည်။

 

PKPF စာရင်းများအရ အဆိုပါကာလအတွင်း စစ်ရှောင်သေဆုံးသူ ၁၄၂ ဦး နှင့် ဖမ်းဆီးခံရသူ ၁၉၂ ဦး လည်း ရှိခဲ့သည်ဟုဆိုသည်။

 

ထို့အပြင် တိုက်ပွဲပေါင်း အကြိမ် ၈၀၀ နီးပါးဖြစ်ခဲ့ပြီး KNDF/ PDF/ KA တပ်ဖွဲ့ဝင် ၃၂၂ ဦး ရှိခဲ့ပြီဆိုသည်။

 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀၀ ကျော်ပြုလုပ်ထားပြီး ဘာသာရေး အဆောက်အအုံပျက်စီးမှု ၄၂ လုံး၊ နေအိမ် ၁၇၀၀ ရှိခဲ့သည်ဟု ဆိုသည်။

 

နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီသေဆုံးမှု နှစ်ထောင်ကျော်(,၃၃၆ ဦး) ရှိခဲ့ပြီး စစ်ကောင်စီယာဉ် ၆၅ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။

 

ပုံစာ - စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်က ကရင်နီဒေသရှိ အရပ်သားနေထိုင်ရာတစ်ခုုကို လေကြောင်းမှတိုက်ခိုက်ခဲ့သည့် ဗုံးသီး၏ အပိုင်းအစများကိုတွေ့ရစဉ် ( ဓာတ်ပုံ-KNDF)

 

Burma Associated Press

ကရင်နီ
စစ်ကောင်စီ
အရပ်သား

Share With
bap-logo