bap-logo
Data

၁၇ လ အတွင်း ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် PRF အစီအစဥ်မှ ကန်ဒေါ်လာ ၁၀ သန်းကျော်ရခဲ့

Hc9xGwxUU_Z788lxLxHpn-image

လွန်ခဲ့သော တစ်နှစ် က

ရန်ကုန်၊ ဩဂုတ် ၂၉။

 

 

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု (PRF) အစီအစဥ် စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ် ဧပြီလ အထိ၊ (၁၇) လတာ ကာလအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၀.၉၃) သန်း ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD ကဆိုပါတယ်။

 

 

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု (PRF) ဆိုတာက MOD ရဲ့  (PDF) ရဲဘော်တွေအတွက် နောက်တန်းထောက်ပို့တပ်သားအဖြစ် တာဝန်တမ်းဆောင်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။

 

 

အစီစတင်ခဲ့တဲ့ အချိန်ကနေ အခုထိ ရရှိလာတဲ့ ပြည်သူ့ ထောက်ပို့ငွေတွေကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF  တပ်ရင်း / စစ်ကြောင်းတွေကို ထောက်ပံ့စရိတ်အဖြစ် ခန့်မှန်းအမေရိကန်ဒေါ်လာ (၉.၀၃) သန်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

 

 

ဒါ့အပြင် PRF အစီအစဥ်ရဲ့ ထောက်ခံမှုနဲ့ ခန့်မှန်းအမေရိကန်ဒေါ်လာ (၁.၉) သန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တွေ၊ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်လက်နက် ထုတ်လုပ်ရေးစခန်းတွေကို တိုက်ရိုက်ပေးပို့ ခဲ့တယ်လို့လည်း ဆိုပါတယ်။

 

 

 

အဲဒီ အစီအစဉ်ရဲ့ အစီအစဉ်သစ် PRF 2.0 ကိုလည်း MOD က ဒီနေ့ မိတ်ဆက်ခဲ့ပါတယ်။

 

 

အစီအစဉ်သစ်အရ ထောက်ပို့မိသားစုဝင်တွေ ထောက်ပို့လိုတဲ့  တိုင်းနဲ့ပြည်နယ်တွေကို ရွေးချယ်ခွင့်ရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။

 

 

အဲဒီအတွက် ထောက်ပို့မိသားစုဝင် ရွေးချယ်ထားတဲ့ ဒေသတွေမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းတွေ ဒါမှမဟုတ် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေထံ ခွဲဝေပေးပို့သွားမယ်လို့ဆိုပါတယ်။

 

 

အစီအစဥ်အသစ်အတွက် ထောက်ပို့တပ်သားကတ်တွေ ထုတ်ပေးရာမှာလည်း မည်သည့်ဒေသအတွက် ထောက်ပံ့ပို့ဆောင်နေသည့် တပ်သားဖြစ်ကြောင်းကိုလည်း ကတ်ပြားမှ တပါတည်း ဖော်ပြပေး မယ်လို့ဆိုပါတယ်။

 

 

ဒါ့အပြင် ထောက်ပို့တပ်သားကတ်တွင် ပါဝင်သည့် QR Code ကနေ မိမိထောက်ပို့ခဲတဲ့ မှတ်တမ်းကို ပြန်လည်ကြည့်ရှုနိုင်မဲ့အပြင် လစဥ် မပြတ် ထောက်ပို့ခဲ့တဲ့ သူတွေကိုလည်း ထူးချွန်သော ထောက်ပို့တပ်သား ဆိုင်ရာ အသိအမှတ်ပြု တံဆိပ်တွေ ထည့်သွင်းဖော်ပြပေးမယ်လို့ MOD ကဆိုပါတယ်။

 

 

 ဓာတ်ပုံ - MOD

Burma Assoicated Press

PRF 2.0
ပြည်သူ့ကာကွယ်ရေးတပ်မတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန

Share With
bap-logo