bap-logo
Data

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်ပို့သူ နှစ်ဦးနဲ့ ကုမ္ပဏီ သုံးခုကို အမေရိကန် အရေးယူ

ihgRDtIWDsFEoHSnNClPX-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၂၄။ 

 

စစ်ကောင်စီအတွက် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချပေးနေတဲ့ လူပုဂ္ဂိုလ်နှစ်ဦးနဲ့ ကုမ္ပဏီ သုံးခုကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဩဂုတ် ၂၃ ရက်က ကြေညာပါတယ်။

 

ပိတ်ဆို့မှုမှာ ပါဝင်နေသူတွေကတော့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ Asia Sun ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီ ၁၁ ခု ပိုင်ရှင် ဦဇော်မင်းထွန်းတို့ ဖြစ်ပါတယ်။

 

ဒေါ်ခင်ဖြူဝင်း

 

မြန်မာစစ်တပ်အာဏာပိုင်တို့ကိုယ်စား ဂျက်လေယာဉ်ဆီတင်သွင်းပေးခဲ့တဲ့ Asia Sun Group ရဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ ဒေါ်ခင်ဖြူဝင်းကို အရေးယူမှုမှာ ထည့်သွင်းလိုက်တယ်လို့ ဆိုပါတယ်။ သူပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေနဲ့ ထိန်းချုပ်ထားတဲ့ စင်ကာပူအခြေစိုက် ဦးပိုင်ကုမ္ပဏီများဖြစ်တဲ့ Shoon Energy PTE. LTD., PEIA PTE. LTD.,P.E.I Energy PTE. LTD., ကုမ္ပဏီတွေကနေတဆင့် ဂျက်လေယာဉ်ဆီတွေ ဝယ်ယူ၊ ဖြန့်ဖြူးတာတွေကြောင့် အကျိုးအမြတ်တွေ ရရှိနေတာဖြစ်ပါတယ်။ Shoon Energy PTE. LTD. ဟာ အရင်က Asia Sun Aviation နာမည်နဲ့ သိရှိခဲ့ကြပြီး Asia Sun Group ကုမ္ပဏီ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒေါ်ခင်ဖြူဝင်းနဲ့ Shoon Energy PTE. LTD. တို့ကို ယူနိုက်တက်ကင်းဒမ်းနိုင်ငံ- UK က ယခုနှစ်အစောပိုင်မှာ အရေးယူမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

 

 

ဦးဇော်မင်းထွန်း

 

ဦးဇော်မင်းထွန်းဟာ ဒေါ်ခင်ဖြူဝင်းရဲ့ လွှဲပြောင်းပေးမှုအရ Asia Sun Group ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင်နဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး Asia Sun Trading Company Limited အပါအဝင် မြန်မာ့စီးပွားရေးရဲ့ ကာကွယ်ရေးကဏ္ဍမှာ လုပ်ငန်းလုပ်ကိုင်တာကြောင့် ၂၄ ရက် မတ်လ ၂၀၂၃ ခုနှစ်က အရေးယူခံခဲ့ရ ပါတယ်။ ၎င်းကိုလည်း ယူနိုက်တက်ကင်းဒမ်းနိုင်ငံ -UK က ယခုနှစ်အစောပိုင်းမှာ အရေးယူခဲ့ပြီး ဖြစ်ပါတယ်။

 

ဒေါ်ခင်ဖြူဝင်း၊ ဦးဇော်မင်းထွန်းနဲ့ ဒေါ်ခင်ဖြူဝင်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိန်းချုပ်၊ ပိုင်ဆိုင်တဲ့ Shoon Energy PTE. LTD. P.E.I Energy PTE. LTD. PEIA PTE. LTD. တို့ကို မြန်မာ့စီးပွားရေးကဏ္ဍမှ ဂျက်လေယာဉ်ဆီလုပ်ငန်း လုပ်ကိုင်တာကြောင့် ဒဏ်ခတ်အရေးယူခဲ့တာဖြစ်ပါတယ်။

 

ဒဏ်ခတ်အရေးယူမှုမှ သက်ရောက်မှုများ

 

၎င်းဒဏ်ခတ်အရေးယူမှုမှာ ဖော်ပြပါ လူပုဂ္ဂိုလ်တွေရဲ့ အမည် သို့မဟုတ် အမေရိကန်နိုင်ငံသားတို့ရဲ့ အမည်နဲ့ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုနဲ့ အကျိုးအမြတ်တွေကို ပိတ်ဆို့တားမြစ်လိုက်ပြီး OFAC ကို အစီရင်ခံတင်ပြရမှာဖြစ်ပါတယ်။ ထပ်မံ၍ ပိတ်ဆို့ခံရသူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူတွေရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၎င်းထက်ပိုသော ပိုင်ဆိုင်တဲ့ မည်သည့် အစုအဖွဲ့ကိုမဆို ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဖော်ပြထားပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုပေါင်း အကြိမ် ၂၀ နီးပါး လုပ်ဆောင်ခဲ့ရာမှာ စစ်တပ်ရဲ့ အကြီးမားဆုံး ဘဏ္ဍာရေးအဖွဲ့အစည်း ခု အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့ အစည်းပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။

 

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ မေလအထိ ထုတ်ပြန်ချက်အရ စစ်တပ်က နှစ်နှစ်ကျော်အတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ၁,၄၀၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား အနည်းဆုံး ၅၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

Burma Associated Press

အမေရိကန်
ပိတ်ဆို့အရေးယူမှု
လေယာဉ်ဆီတင်ပို့သူများ

Share With
bap-logo