bap-logo
Politics

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီးနှင့် အရှေ့အာရှမှ အဆင့်မြင့် သံတမန်တို့ ဆိုက်ဘာတိုက်ခိုက်မှုခံရ

qgigt-gPvRWBvIydzaDH_-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၂

မေလအတွင်း ဖြစ်ပွားခဲ့သော ဆိုက်ဘာတိုက်ခိုက်မှု အမြောက်အများအနက် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nicholas Burns နှင့် နိုင်ငံခြားရေးဌာန၏ အရှေ့အာရှဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Daniel Kritenbrink တို့၏ အီးမေးလ်အကောင့်များကို တရုတ်အခြေပြု ဟက်ကာများက ဖောက်ထွင်းမှုများဖြစ်ပွားခဲ့ကြောင်း ဂျွန်လလယ်တွင် ရှာဖွေသိရှိခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သူ အမေရိကန် အရာရှိများ၏ အဆိုအရ သိရသည်။ 

 

ဟက်ကာများက မည်သည့် လျှို့ဝှက်သတင်းအချက်အလက်မျှ ရရှိသွားသည်ဟု မယူဆရသော်လည်း Wall Street ဂျာနယ်မှ ပထမဦးဆုံးဖော်ပြခဲ့သည့် ၎င်း ဖောက်ထွင်းမှုများ ဖြစ်ပွားခဲ့ကြောင်းများကို ရှာဖွေတွေ့ရှိချက်သည် ရလဒ်ဆိုး များကို ပိုမိုဆိုးရွားစေခဲ့သည်။ 

 

နိုင်ငံခြားရေးဝန်ကြီး Blinken ၏ အကောင့်မှာ ချိုးဖောက်ခံရမှုမရှိဟု ယူဆရသည်။ ချိုးဖောက်မှုများကို ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်သို့ Kritenbrink နှင့် အတူ မသွားရောက်မီတွင်ပင် သိရှိခဲ့ကြရသည်။ 

 

လုံခြုံရေးအရ အခုအချိန်မှာ ဆိုက်ဘာလုံခြုံရေးဖြစ်ပွားမှုရဲ့ သဘာဝနဲ့ ကျယ်ပြန်မှုကို ဒီ့ထက်ပိုပြီး သတင်းအချက် အလက်တွေ မဖော်ပြနိုင်သေးပါဘူး။ ဌာနကတော့ ကျွန်တော်တို့ရဲ့ ကွန်ရက်တွေမှာ လှုပ်ရှားမှုတွေကို မပြတ် စောင့်ကြည့် နေပြီး တုံ့ပြန်မှုတွေ လုပ်ဆောင်နေပါတယ်။ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ စုံစမ်းစစ်ဆေး မှုတွေ ဆက်လက်လုပ်ဆောင်ဆဲဖြစ်ပါတယ်။ အခုအချိန်မှာ အသေးစိတ်ကို ဆက်လက် မထုတ်ပြန်နိုင်သေးပါဘူး။ဟု ၎င်းက ပြောသည်။ 

 

ကိုးကား - ABC News

 

ပုံစာ - ၈ ရက် ဂျူလိုင်လ ၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nicholas Burns ဘေဂျင်းမြို့ အမေရိကန်သံရုံးရှိ အစည်းအဝေးတစ်ခု တက်ရောက်နေစဉ်။ (Photo: Pedro Pardo/AP)

 

Burma Associated Press

 

တရုတ်
အမေရိကန်

Share With
bap-logo