bap-logo
Politics

မြန်မာနိုင်ငံမှ ဝမ်းနည်းဖွယ်အခြေအနေများ အတွက် တရုတ်တွင် တာဝန်ရှိ‌ကြောင်း MI6 အကြီးအကဲပြောကြား

DhkfDd_B9pV6UUeewPf3X-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၀။

 

မြန်မာနိုင်ငံမှ စစ်အာဏာရှင်တို့သည် ၎င်းတို့၏ လက်ရှိလုပ်ရပ်များကို အင်အားကြီး အိမ်နီးချင်းနိုင်ငံ၏ အထောက်အပံ့ မပါဘဲ လုပ်ဆောင်နိုင်ရန် အကြောင်းမမြင်ဟု MI6 အကြီးအကဲ Sir Richard Moore က ပြောသည်။ 

 

ရင်သပ်ရှုမောစရာ နိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကြည့်ရတာ ထိတ်လန့်စရာကောင်းပါတယ်။ဟု Sir Richard Moore က ချက်နိုင်ငံ ပရာဂ်မြို့တွင် သတင်းထောက်များကို ရှင်းလင်းပွဲ၌ Sky News ကို ပြောကြားသည်။ 

 

တရုတ်က စစ်အာဏာရှင်များကို ထောက်ပံ့နေသည့်အတွက် ၎င်းအနေဖြင့် စိုးရိမ်ပါသလားဟု မေးမြန်းခြင်းကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။ 

 

ထောက်လှမ်းရေးအကြီးအကဲက မြန်မာနိုင်ငံကို လွန်ခဲ့သော နှစ်အနည်းငယ်က သွားရောက်လည်ပတ်ခဲ့ပြီး အခြေအနေမှာ နက်ရှိုင်းသည်ထက် နက်ရှိုင်းစွာ ဝမ်းနည်းဖွယ်ဖြစ်သည်ဟု ဆိုသည်။ 

 

ပြောရမှာ စိတ်မကောင်းပေမယ့် တရုတ်ဟာ စစ်အာဏာရှင်ကို အဓိက ထောက်ပံ့နေတဲ့အတွက် သူတို့မှာ တာဝန် ရှိပါတယ်။ဟု ၎င်းက ပြောသည်။ 

 

ဒီအထောက်အပံ့သာ မရဘူးဆိုရင် အခုလို လုပ်ရပ်တွေ လုပ်နိုင်ဖို့ အကြောင်းမမြင်ပါဘူး။” 

 

မေလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ 

အခြားသော ဆက်လက်ထောက်ပံ့နေကြောင်း ထင်ရှားသည့်လက္ခဏာမှာ မြန်မာသည် ၎င်း၏ အင်အားကြီးအိမ်နီးချင်းထံမှ ရထားလမ်းအသစ် ရရှိခြင်းဖြစ်သည်။ 

 

၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော Lincang မှ ကြီးမားသော ရထားဘူတာသည် ကြီးမားသော ကုန်စည်ဝင်းနှင့် ကုန်တင်ကရိန်းများဖြင့် တည်ဆောက်ထားပြီး တရုတ်မှ မြန်မာသို့သာမက အခြားနိုင်ငံများဆီသို့ ကုန်သွယ်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။ 

 

Sky News ၏ သတင်းထောက်အကြီးအကဲ Stuart Ramsay နှင့် ၎င်း၏အဖွဲ့သည် မြန်မာစစ်ခေါင်းဆောင်တို့က ဖြစ်ပွားခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည့် ပြည်တွင်းစစ်၏ သေလုသော အမှန်တရားများကို မျက်မြင်တွေ့ရှိခဲ့သည်။ 

 

Sky News အဖွဲ့သားများသည် တိုက်ပွဲများဖြစ်ပွားနေသောနေရာနှင့် မဝေးသောနေရာတွင် ခုခံတိုက်ခိုက်နေသူများ၊ ဆေးကုပေးသူများနှင့် စေတနာ့ဝန်ထမ်းများနှင့်အတူ တောနက်ထဲတွင် တစ်လခန့်နေထိုင်ခဲ့သည်။ 

 

၎င်းတို့သည် ရှေ့တန်းလျှို့ဝှက်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ၁၇ နှစ်အရွယ် ကောင်လေးတစ်ဦးကို တွေ့မြင်ခဲ့ရသည်။ ၎င်းသည် မြန်မာစစ်တပ်က တိုက်ခိုက်မှုပြုလုပ်စဉ် ဘုန်းကြီးကျောင်း၌ အိပ်နေခြင်းဖြစ်ပြီး မော်တာထိမှန် ဒဏ်ရာရခဲ့ကာ မော်တာစထိသည့်နေရာကို ငရုတ်ကောင်းသိပ်ထားခဲ့ရသည်။ 

 

အနောက်တိုင်းဂျာနယ်လစ်အနည်းငယ်သည် ကုလသမဂ္ဂအဆိုအရ လူဦးရေ ၁.၇ သန်းခန့် တိုက်ပွဲကြောင့် နေရာပြောင်းရွှေ့ခဲ့ရသည့် အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။ 

 

စစ်ပွဲ၏ အမာရွတ်များအဖြစ် လမ်းပေါ်မှ လောင်ကျွမ်းနေသော မြန်မာစစ်တပ်၏ ထရပ်ကားများ၊ အိမ်များ၊ ကျောင်းများ၊ ဘုရားကျောင်းများ၊ ဆေးပေးခန်းများနှင့် ဆေးရုံများ အားလုံးပျက်စီးသွား၍ မျှော်လင့်ချက်မဲ့ အန္တရာယ်ရှိဒေသများမှ ထွက်ပြေးရသော လူမှုအသိုင်းအဝန်းများဖြစ်သည်။ 

 

အချို့ဒေသခံများမှ ယာယီရွာများ တည်ဆောက်ကြသည်။ Ramsay ကို တစ်ဦးက ပြောသည်မှာ ဘာကြောင့် ကျွန်တော်တို့ကို တိုက်ခိုက်ရသလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့် ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ဟု ဖြစ်သည်။

 

ကိုးကား - Sky News 

 

Burma Associated Press

 

တရုတ်
အမေရိကန်
မြန်မာ

Share With
bap-logo