bap-logo
Politics

၂၀၂၃ ခုနှစ်အတွက် အရှေ့တောင်အာရှ၏ ဒေါ်လာ ၂၁၈ ဘီလီယံ ဈေးကွက်ဖြစ်လာမည့် ဒစ်ဂျစ်တယ်စီးပွားရေး

prERu_143lijxGoqu2RXc-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၂။

 

အရှေ့တောင်အာရှ၏ ဒစ်ဂျစ်တယ်စီးပွားရေးများသည် ကျယ်ပြန့်သည့် အထွေထွေစီးပွားရေးကဏ္ဍများ လေဆန်ကို ဆန်တက်နေရသည့်တိုင် ယခုနှစ်တွင် စုစုပေါင်းငွေကြေးပေးချေလွှဲပြောင်းမှုများတန်ဖိုး ဒေါ်လာ ၂၁၈ ဘီလီယံသို့ ရောက်ရှိမည်ဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်ကျော်ကထက် ၁၁% မြင့်တက်လာခြင်းဖြစ်သည်ဟု Google, Temasek and Bain & Company အစီရင်ခံစာအသစ်က ဖော်ပြသည်။

 

အရှေ့တောင်အာရှသည် ကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်သည့် အထွေထွေစီးပွားရေးကဏ္ဍတွင် ကမ္ဘာတစ်လွှားမှ အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် လေဆန်ဒဏ်ကို ပိုမိုကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် နိမ့်ကျခဲ့သည့် စားသုံးသူယုံကြည်မှုသည် ၂၀၂၃ ခုနှစ် နှစ်ဝက်တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်းe-Conomy SEA 2023 ဟု ခေါင်းစဉ်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ အစားအသောက်နှင့် သယ်ယူပို့ဆောင်ရေး၊ အွန်လိုင်းမီဒီယာနှင့် ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှုများဟူသည့် အရှေ့တောင်အာရှ ဒစ်ဂျစ်တယ်စီးပွားရေး၏ အဓိက ကဏ္ဍ ငါးခုကို ဆန်းစစ်လေ့လာဖော်ပြထားသည်။

 

အရှေ့တောင်အာရှ ဒစ်ဂျစ်တယ်စီးပွားရေးသည် ဒေသတွင်း စုစုပေါင်း ငွေကြေးလွှဲပြောင်းပေးချေမှု တန်ဖိုး ၁. ဆ မြန်ဆန် တိုးတက်လာကာ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ဝင်ငွေအကျိုးအမြတ်သို့ ရောက်ရှိရန် မျှော်မှန်းထားကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အရှေ့တောင်အာရှရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဟာ အကျိုးအမြတ် ရရှိမှု ဆီကို ဦးတည်တဲ့ မကြုံစဖူး ဗဟိုချက်ရဲ့ အလယ်မှာ တကယ်ပဲ ရောက်ရှိ နေပါတယ်

 

ထိုသို့တိုးတက်လာရသည်မှာ စီးပွားရေးလုပ်ငန်းများသည် အကျိုးအမြတ် "တိုးတက်ရေးအတွက် လုပ်နိုင် သမျှလုပ်” သည့် ချဉ်းကပ်မှုမှ "အခြေအနေကောင်းမွန်သည့်” စီးပွားရေးများ တည်ဆောက်ခြင်းသို့ အာရုံစိုက် လာခြင်းကြောင့် ဖြစ်သည်။

 

အရှေ့တောင်အာရှရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဟာ အကျိုးအမြတ်ရရှိမှုဆီကို ဦးတည်တဲ့ မကြုံစဖူး ဗဟိုချက်ရဲ့ အလယ်မှာ တကယ်ပဲ ရောက်ရှိနေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အလွန်ကောင်းမွန်တဲ့ အရည်အသွေး ရှိတဲ့ ဝင်ငွေနဲ့ ငွေကြေးရှာဖွေရရှိမှုအပေါ်မှာ လေဆာလို တိကျတဲ့ ဆုံချက်ရောက်ရှိနေပါတယ်။ဟု Temasek မှ အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲ Fock Wai Hoong က CNBC "အာရှ လမ်းညွှန်များ" အစီအစဉ်သို့ ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

 

အစီရင်ခံစာတွင် အဓိက စီးပွားရေးနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ကို လွှမ်းခြုံလေ့လာခဲ့ခြင်းဖြစ်သည်။ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ အရှေ့တီမောနှင့် ပါပူအာ နယူးဂီနီတို့ကို ဖော်ထုတ်လေ့လာမှု မပြုခဲ့ပါ။

 

ဒစ်ဂျစ်တယ်ပူးပေါင်းပါဝင်မှု ကွာဟချက်ကို အလေးပေးအာရုံစိုက်မှု ဆက်ရှိနေဖို့၊ ဒီထက်ပိုတဲ့ အရှေ့တောင် အာရှနိုင်ငံသားတွေကို ဒစ်ဂျစ်တယ်ထုတ်ကုန် အသုံးပြုသူတွေ ဖြစ်လာစေရေး အတားအဆီးတွေ ပြတ်ပြတ် သားသားဖယ်ရှားဖို့ လုပ်ဆောင်မယ်ဆိုရင် ဒစ်ဂျစ်တယ်ဆယ်စုနှစ်အတွင်းမှာ ဒီဒေသဟာ ပိုမိုတိုးတက်ဖို့ ပွင့်လင်းလာမှာဖြစ်ပါတယ်။”ဟု အရှေ့တောင်အာရှဆိုင်ရာ Google ဒုတိယအကြီးအကဲ Sapna Chadha က ပြောကြားသည်။

 

တိုးတက်မှုအတွက် မောင်းနှင်နေသည့် ကဏ္ဍများ

 

အွန်လိုင်းလုပ်ငန်းများသည် အကျိုးအမြတ်ရရှိရေး အာရုံစိုက်မှုကို မောင်းနှင်ရာတွင် အသုံးပြုသူများ ရရှိရေး အစွမ်းကုန်ကြိုးစားသည်ထက် ရှိပြီးသား စားသုံးသူများကို နက်ရှိုင်းစွာ ထိတွေ့ဆက်ဆံရေးဆီသို့ ပြောင်းရွှေ့ လုပ်ဆောင်လာကြသည်။

 

အကောင်းဆုံး တိုးတက်ရေးနည်းလမ်းဟာ လုပ်နိုင်သမျှ အစွမ်းကုန်လုပ်ဖို့၊ ဒီကနဦးအဆင့်ကို ပမာဏတစ်ခု အထိ ဆွဲဆန့်ဖို့ မဟုတ်ဘဲ ဒီကနဦးအဆင့်ကို မြန်နိုင်သမျှ မြန်မြန် ဖြတ်သန်းပြီး တိုးတက်တဲ့ အဆင့်နဲ့ ပိုပြီး ဘဏ္ဍာရေး ရေရှည်တည်တံ့မှုဆီကို ကူးပြောင်းရမယ်ဆိုတာ ကုမ္ပဏီတွေနဲ့ စွန့်ဦးတီထွင်သူတွေ အခုတော့ သိရှိလာကြပြီ ဖြစ်ပါတယ်။ဟု Fock က CNBC မှ JP Ong ကို ပြောကြားသည်။

 

အီလက်ထရောနစ်ပလက်ဖောင်းများသည် တန်ဖိုးမြင့် အသုံးပြုသူများ၊ ငွေကြေးလွှဲပြောင်းပေးချေမှု အရွယ်အစား တိုးတက်ရေးသာမက ကြော်ငြာနှင့် ရေရှည်တိုးတက်မှုကို မောင်းနှင်ရန် ဝန်ဆောင်မှုများ ပေးအပ်ခြင်းတို့ကဲ့သို့သော ဝင်ငွေစီးဆင်းမှုတို့အပေါ် ပိုမို ရှာဖွေ အာရုံစိုက်လာကြသည်။ ၎င်းကဏ္ဍ၏ စုစုပေါင်း ငွေကြေးလွှဲပြောင်းပေးချေမှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၉ ဘီလီယံရှိရာမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၆ ဘီလီယံသို့ တိုးတက်ရောက်ရှိမည်ဟု ခန့်မှန်းထားကြသည်။

 

ဘဏ်လုပ်ငန်းလက်လှမ်းမမီသည့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းငယ်များ ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပါဝင်လာခြင်းအားဖြင့် သုံးစွဲသူဝယ်လိုအားသည် ဒစ်ဂျစ်တယ်ငွေချေးလုပ်ငန်းကို မောင်းနှင်လာပြီး ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှုများ၏ အကျိုးအမြတ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံထိ မြင့်တက်လာ စေသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ စင်ကာပူနိုင်ငံသည် ၂၀၃၀ ခုနှစ်အထိ ဒေသတွင်းတွင် အကြီးဆုံး ဒစ်ဂျစ်တယ်ငွေချေးလုပ်ငန်းဈေးကွက်ဖြစ်လာမည်ဟု မျှော်မှန်းထားသည်။

 

ကနဦးအဆင့်ကို မြန်နိုင်သမျှ မြန်မြန် ဖြတ်သန်းပြီး တိုးတက်တဲ့ အဆင့်နဲ့ ပိုပြီး ဘဏ္ဍာရေး ရေရှည်တည်တံ့မှုဆီကို ကူးပြောင်းရမယ်ဆိုတာ ကုမ္ပဏီတွေနဲ့ စွန့်ဦးတီထွင်သူတွေ အခုတော့ သိရှိလာကြပြီ ဖြစ်ပါတယ်

 

 

ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေးအကျိုးကျေးဇူးကြောင့် အွန်လိုင်း ခရီးသွားနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် ကပ်ဆိုးမတိုင်ခင် အဆင့်အတန်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆိုင်ထိုင်စားသောက်လာနိုင်ခြင်းနှင့် အရောင်းမြှင့်တင်ရေးများ ဖြတ်တောက် လိုက်သည့် တိုင်အောင် သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ ဝင်ငွေအောက်တွင် ရှိနေသော အစားအသောက် ပို့ဆောင်မှုလုပ်ငန်း ဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၀၀ မီလီယံသို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် တစ်နှစ်ကျော်ကထက် ၆၀% မြင့်တက်လာခဲ့သည်။

 

ထိုင်းနိုင်ငံ၏ အွန်ုလိုင်းခရီးသွားလုပ်ငန်းသည် ၂၀၂၃ ခုနှစ်တွင် နှစ်စဉ်တိုးတက်မှု နှုန်း ၈၅% ဖြင့်တိုးတက်နေပြီး အဓိက တိုးတက်မှုမောင်းနှင်အား ဖြစ်လာခဲ့ကာ "သိသာထင်ရှားသော အရှိန်အဟုန်” ကို မြင်တွေ့နေရသည်။

 

မြင့်မားနေဆဲ အရန်ငွေသား သို့မဟုတ် ငွေဖြစ်လွယ်သည့် ရှုံးနိုင်ခြေနည်းသော ပိုင်ဆိုင်မှုများ ထားရှိခြင်း

 

ငွေကြေးဖောင်းပွခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ကုန်ကျစားရိတ်မြင့်မားခြင်းတို့ကဲ့သို့ ကျယ်ပြန့်သည့် စီးပွားရေး လေဆန်တိုက်ခတ်မှုများက ပုဂ္ဂလိကငွေကြေးရန်ပုံငွေတည်ထောင်ခြင်းကို ခြောက်နှစ်အတွင်း အနိမ့်ဆုံး အဆင့်သို့ ကျဆင်းသွားစေခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

 

ရင်းနှီးမြှုပ်နှံသူများသည် ဇီဇာကြောင်ရွေးချယ်မှုများ ပြုလုပ်လာကြသည့်တိုင် "အရန်ငွေသားထားရှိမှု” သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂. ဘီလီယံရှိရာမှ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၁၅. ဘီလီယံသို့ မြင့်တက်လာခဲ့သည်။ အစီရင်ခံစာက ၎င်းအသုံးအနှုန်းကို "လည်ပတ်နေသည့်ငွေလုံးငွေရင်းပမာဏမှ ရင်းနှီးမြှုပ်နှံမှုအတွက် သုံးစွဲသည့်ငွေပမာဏကို နှုတ်ယူထားသည့် ပမာဏဟု ရည်ညွှန်းထားသည်။

 

၎င်းအခြေအနေက အရှေ့တောင်အာရှ၏ ဒစ်ဂျစ်တယ်စီးပွားရေးကို နောက်တစ်ဆင့်သို့ တိုးတက်စေရေး မောင်းနှင်မည့် လောင်စာများ ရှိနေသေးကြောင်း ပြသရာရောက်သည်။ဟု အစီရင်ခံစာက ဖော်ပြထားသည်။

 

လက်ရှိစီးပွားရေးဥတုရာသီကို ငွေကြေးမြှပ်နှံထောက်ပံ့မှုတို့ ဝင်ရောက်လာစေရန် ဒစ်ဂျစ်တယ် ကုမ္ပဏီများ အနေဖြင့် ၎င်းတို့တွင် အကျိုးအမြတ်ရရှိရေး ရှင်းလင်းပြီး အလားအလာရှိသည့် လမ်းကြောင်းများ ရှိကြောင်း ရင်းနှီးမြှုပ်နှံသူများကို ပြသရန် လိုအပ်သည်။

 

ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများသည် ၎င်းလုပ်ငန်းများ၏ ဝင်ငွေရှာဖွေနိုင်မှုအလားအလာ မြင့်မားသောကြောင့် ရင်းနှီးမြှုပ်နှံသူများ ငွေကြေးထည့်ဝင်နေကြသည့် ထိပ်တန်းကဏ္ဍဖြစ်သည်။

 

ကျန်းမာရေးနည်းပညာ၊ ပညာရေးနည်းပညာနှင့် မော်တော်ကားနှင့် သက်ဆိုင်သောကဏ္ဍများကဲ့သို့ ဒေသတွင်းမှ အခြေတည်ဖွံ့ဖြိုးစကဏ္ဍများသည် "အရောင်းအဝယ်လှုပ်ရှားမှုများတွင် တိုးတက်လာသည့်အစိတ်အပိုင်းတစ်ခုအဖြစ် တွေ့မြင်ကြရပြီး "ရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှုများ ကွဲပြားစုံလင်စွာပြုလုပ်နေကြောင်းအချက်ပြခြင်းဖြစ်သည်ဟု လည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကိုးကား - CNBC

ပုံစာ - စင်ကာပူနိုင်ငံ စီးပွားရေးရပ်ကွက် Raffles တွင် မိုဘိုင်းဖုန်းအသုံးပြုနေသည့် အမျိုးသမီးနှစ်ဦး (Photo: Nicky Loh | Bloomberg | Getty Images)

 

Burma Associated Press

အရှေ့တောင်အာရှ
ဒစ်ဂျစ်တယ် စီးပွားရေး

Share With
bap-logo