bap-logo
Politics

ရှမ်းတောင်မှာ တိုက်ပွဲဖြစ်မှာစိုးပြီး ဘဏ်ရဲ့ စာရွက်စာတမ်းတွေ အရေးပေါ်ရွှေ့ပြောင်းနေ

okF4nv34GOVpboQZyyD5--image

လွန်ခဲ့သော တစ်လ က

သြဂုတ် ၁၇။

 

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတော့မယ့် အခြေနေတွေကြောင့် ပုဂ္ဂလိကဘဏ်ခွဲတွေမှာရှိတဲ့ ပြည်သူတွေအပ်ထားတဲ့ အရေးကြီးစာရွက် စာတမ်းတွေကို ရုံးချုပ်ရှိရာ နေရာကို အရေးပေါ်ပြောင်းရွှေ့ နေရတယ်လို့ ပုဂ္ဂလိကဘဏ်အရာရှိအချို့ဆီက သိရပါတယ်။

 

ရှမ်းပြည်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ရပ်စောက်၊ ညောင်ရွှေ၊ ရွာငံ၊ ပင်လောင်းမြို့တွေက ပုဂ္ဂလိကဘဏ်တွေ မှာရှိတဲ့ ပြည်သူတွေရဲ့ အိမ်ခြံမြေအပေါင်စာချုပ်တွေ၊ချေးငွေလုပ်ငန်းစာချုပ်တွေကို လက်ရှိဘဏ်ခွဲတွေမှာ မထားဘဲ ပြောင်းရွေ့နေရတာလို့ ဘဏ်မန်နေဂျာအချို့က ပြောပါတယ်။

 

"ခုလဲရပ်စောက်ဘက်မှာ တိုက်ပွဲဖြစ်တော့မယ့်အခြေနေတွေကြောင့် အရေးကြီးစာချုပ်စာတမ်းတွေကို ရုံးချုပ် ရှိရာနေရာကို ရွေ့ပြောင်းနေရပြီ။ ပျက်စီးဆုံးရှုံးမူတွေမဖြစ်ခင် ကြိုတင်ကာကွယ်ထားရတဲ့ အနေအထား"လို့ ဘဏ်အကြီးတန်းမန်နေဂျာတဦးက ပြောပါတယ်။

 

လားရှိုးမြို့က ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေလဲ တောင်ကြီးမြို့ကဘဏ်တွေမှာ တွဲဖက်အလုပ်လုပ်နေကြပြီး လားရှိုးမှာ ဘဏ်လုပ်ငန်းပြန်မစနိုင်သေးဘူးလို့ သိရပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အများအပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တိုက်ပွဲဖြစ်ရာဒေသက ဘဏ်ဝန်ထမ်းတွေ တောင်ကြီးမြို့မှာ တွဲဖက်အဖြစ် လုပ်ကိုင်နေကြရတာလို့ သိရပါတယ်။

 

Burma Associated Press

ရှမ်းပြည်တောင်ပိုင်း
ဘဏ်
ပျက်ကျ

Share With
bap-logo