bap-logo
Politics

ပအိုဝ်းနယ်မှာ တ​ကျော့ပြန်တိုက်ပွဲ စိုးရိမ်လို့ ​ဒေသခံ​တွေ တိမ်း​ရှောင်​နေကြ

b29StPDxpZ8NN-TF0NCPt-image

လွန်ခဲ့သော တစ်လ က

သြဂုတ် ၇။

 

ရှမ်းတောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့အတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဝင်လာပြီး တိုက်ပွဲ ပြန်လည်ဖြစ်တော့မယ်ဆိုတဲ့ကောလာဟလတွေ ပြန့်နှံ့နေတာကြောင့် ဒေသခံတွေ တစ်ကျော့ပြန် စစ်ဘေးရှောင်ပြေးနေကြရပါတယ်။

 

သြဂုတ်လ ပထမအပတ်မှာ ဝင်တော့မယ်ဆိုတဲ့ သတင်းစကားတွေရယ်ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်ကျေးရွာတွေမှာ သြဂုတ်လ ရက် ကစပြီး တိုက်ပွဲဖြစ်နေတဲ့ အသံကြောင့် သက်ကြီးရွယ်အိုနဲ့ကလေးတွေရှိတဲ့ မိသားစုတွေ အရင်ရှောင်ပြေးနေကြရတယ်လို့ ဆီဆိုင်မြို့ခံအများစုက ပြောပါတယ်။

 

"အရင်တခါခံရပြီးပြီ ဆိုတော့ ဒီတကြိမ် ထပ်ဖြစ်မှာပူပန်တာရော၊ ရုတ်တရက်ဝင်လာရင် ပြေးဖို့အချိန်မရဘဲ ပိတ်မိနေမှာစိုးရိမ်လို့ ပြေးကြရမှာ"လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

 

ဆီဆိုင်မြို့နယ်ကရွာအချို့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ စစ်ကောင်စီ၊ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် မြို့ထဲလေယာဥ်နဲ့ ဗုံးလာကြဲမှာကို ပြည်သူတွေ စိုးရိမ်နေကြရတာပါ။

 

"မနေ့ကထပ်ပြေးကြတယ်၊ ဝေးဝေးတော့မပြေးဘဲ စစ်သံမကြားရတဲ့ရွာဘက်မှာ ရှောင်နေတယ်၊ တောင်ကြီးဘက်တော့အနည်းအကျဥ်းပြေးနေတယ်၊ တချို့တဝက်တော့မြို့ထဲကနေ အဆင်သင့်အနေအထားနဲ့ပစ္စည်းတွေထုတ်ပြီးစောင့်နေကြတယ်"လို့ ဆီဆိုင်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

 

လက်ရှိအချိန်မှာ တစ်မြို့လုံး ရှောင်ပြေးပါက လူမရှိတဲ့ နေအိမ်တွေကို ခိုးမယ့်သူခိုးတွေအဖွဲ့လိုက် မြို့ကိုလှည့်လည်နေတာကြောင့် မြို့ခံတွေ ဗျာများနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

"မနေ့ကပြေးကြတဲ့အိမ်တွေ သူခိုးတွေစဖောက်နေပြီ ဒါကြောင့် ဝေးဝေးမပြေးသေးတဲ့ ပြည်သူတချို့ ညနေပိုင်းမှာ နေအိမ်ကို ပြန်လာကြတယ်၊ အိမ်စောင့်သဘောမျိုးပြန်လာကြတာ၊ စစ်ဘေးရော သူခိုးရန်ပါကြောက်နေကြရတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

 

ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့မှာ ယခုနှစ် ဇန်နဝါရီ ၂၂ ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့မဟာမိတ် တပ်ဖွဲ့ကတဖက် စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့တွေတဖက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

 

အဲဒီအချိန်တုန်းကလည်း ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်ခဲ့ရပြီး ပြန်လည်နေထိုင်တာ လကျော်ရှိတဲ့အချိန်မှာ နောက်ထပ်တကြိမ်ပြေးဖို့ ဖြစ်လာရတဲ့ အခြေနေေပါ။

 

​​ပြီလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ ဆီဆိုင်ဒေသကို ပြန်လည်ထိုးစစ်ဆင်ကာ မြို့ကိုပြန်လည်ထိန်းချုပ်ထားပြီး ပြည်သူတွေကို ပြန်လည်နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့ကြတာပါ။

 

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဒီနေ့ မနက်ပိုင်းမှာ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာထဲကို ဝင်ရောက်ပြီး နားခိုက်ကျေးရွာကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)က အသိပေးထားပါတယ်။

 

PNO ပြည်သူ့စစ်တွေက ကျေးရွာကို မီးရှို့တာကြောင့် နေအိမ် အိမ်ထက်မနည်း မီးလောင်ခဲ့ပြီး နေအိမ်အချို့ကို သံဃာတော်တွေနဲ့ ဒေသခံများက ဝိုင်းဝန်းငြိမ်းသတ်ခြင်းကြောင့် မီးမကူးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

 

"ခုရွာတွေဖက် မီးရှို့တယ်၊ မြို့ထဲဖက်မရောက်နိုင်ဘူးလို့ မပြောနိုင်ဘူး၊ ကြောက်စိတ်နဲ့ နေနေကြရတဲ့အခြေနေမျိုး၊ ပထမတစ်ခါလည်း အိမ်ပျက်ပြီးပြီ ပြင်ထားတာမကြာသေးဘူး၊ ထပ်ဖြစ်မှာ စိုးရိမ်မိတယ်" လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

 

နားခိုက်ကျေးရွာထဲကို စစ်ကောင်စီ အင်အား ၁၅၀ ခန့်က ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့တာပြုလုပ်ခဲ့ပြီး၊ ကား ဆိုင်ကယ်နဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြီးခဲ့တဲ့ဧပြီလ၂၁ ရက်ကလည်း နားခိုက်ကျေးရွာက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်မိသားပိုင် နေအိမ်အပါအဝင် နေအိမ် အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ဖူးတယ်လို့ PNLAက အသိပေးထားပါတယ်။

 

လက်ရှိအချိန် ဆီဆိုင်မြို့အဝင်အထွက်နေရာဖြစ်တဲ့ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီ ခမရ ၄၂၄၊ ၄၂၃ တပ်က ပိတ်ဆို့ ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

"တချို့ရပ်ကွက်တွေကို ရပ်ရွာလူကြီးတွေက ရှောင်ခိုင်းနေကြပြီ၊ ကိုယ့်အိမ်ကိုလည်း မထားခဲ့ချင်ဘူးလေ၊ ကားတောင်မှ ဝင်းတံခါးပေါက်ရှေ့မှာ ခေါင်းထိုးထားတယ်၊ တခုခုဖြစ်ရင် အဆင်သင့်ဖြစ်အောင် နေနေရတယ်၊ ထိတ်လန့်မူတွေနဲ့နေနေရလို့ စစ်ဖြစ်ရင်တောင် လေယာဥ်နဲ့မကြဲဖို့ ဆုတောင်းနေရတယ်"လို့ ဆီဆိုင်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန် ဆီဆိုင်မြို့က ကျောင်းအချို့ပြန်လည်ပိတ်ထားသလို မြို့ထဲကျန်နေတဲ့ ဒေသခံတွေကလည်း အထုပ်တွေကားပေါ်တင်ကာ အဆင်သင့်အနေအထားနဲ့ ပြင်ထားရတယ်လို့ ဆီဆိုင်မြို့ပေါ်နေထိုင်သူအမျိုးသမီးက ပြောပါတယ်။

 

ဓါတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

ရှမ်းပြည်တောင်ပိုင်း
ဆီဆိုင်မြို့
အရပ်သား
ဒုက္ခသည်

Share With
bap-logo