bap-logo
Politics

တိုက်ပွဲရှောင်တဲ့ ဆီဆိုင်မြို့ခံတွေ မြို့ထဲပြန်ဝင်ရင် စစ်ကောင်စီကို ကျပ် ငါးသောင်းပေးရ

G32X-pYJmiJqK5REBJq8X-image

လွန်ခဲ့သော တစ်လ က

သြဂုတ် ၉။

 

တိုက်ပွဲဖြစ်မှာစိုးရိမ်လို့ ရှောင်ပြေးခဲ့ရတဲ့ ဆီဆိုင်မြို့ခံတွေ မြို့တွင်းပြန်ဝင်လာတဲ့အခါ စစ်ကောင်စီတပ်က ကျပ် သောင်း ဒဏ်ရိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

စစ်ဖြစ်မှာ စိုးရိမ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ရက်က အနီးနားကျေးရွာတွေကို ရှောင်ပြေးခဲ့ရတဲ့ မြို့ခံအချို့ တိုက်ပွဲငြိမ်သက်ချိန် ညနေပိုင်းမြို့ထဲပြန်ဝင်ချိန်မှာ စစ်တပ်က တောင်းတာလို့ မြို့ခံတဦးက ပြောပါတယ်။

 

"မြို့သိမ်းတိုက်ပွဲဖြစ်မှာ ကြောက်လို့ရှောင်တာ၊ ဝေးဝေးလဲသွားဖို့နေရာကမရှိတော့ မိသားစုလိုက်တောထဲတွေ ရွာဖက်တွေခနပြေးကြတာ၊ ညနေအခြေနေတည်ငြိမ်ပြီဆိုတော့ပြန်ဝင်တယ်၊ အဲဒါတာကို တိုက်ပွဲမဖြစ်ဘဲ ပြေးတယ်၊ ထိတ်လန့်အောင်လုပ်တယ်ဆိုပြီး အဲဒီနေ့ည ဝင်တဲ့ကားတိုင်းကို ငွေတောင်းတာ"လို့ ဖြစ်စဥ်ကိုသိတဲ့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။

 

ဒီလိုငွေကြေးတောင်းခံရာမှာ မြို့ထဲဝင်လာတဲ့ကားတစီးကို သောင်းကျပ် တောင်းသလို မိသားစုတစုဆို ဘယ်လောက်ဆိုပြီး ဒဏ်ရိုက်တောင်းတာကြောင့် ရှောင်မပြေးရဲတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

 

ဒီရက်ပိုင်းအတွင်း ဆီဆိုင်မြို့အရှေ့ဘက်ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေကာ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ မြို့အတွင်းကကြားနေရတာကြောင့် မြို့ခံတွေထိတ်လန့်နေကြပါတယ်။

 

ဆီဆိုင်မြို့အဝင် လမ်းတစ်လျှောက်ဂိတ်တွေမှာ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့တွေက ကားတွေဆီက ငွေကြေး တောင်းခံနေတာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

"မြို့ထဲဝင်တဲ့ကားမှန်သမျှ ငွေတောင်းတယ်၊ မပေးလို့မရအောင် အကြောင်းအမျိုးမျိုး ပြတောင်းတာ၊ စစ်ရှောင်လို့ ကိုယ့်အိမ်ကိုပြန်တဲ့ကားလည်း တောင်းခံရတယ် "လို့ မြို့ခံတဦးက ပြောပါတယ်။

 

ရွာတွေဖက်ကြတော့ ပြည်သူ့စစ်ကငွေကြေးတောင်းတာ၊ အခွန်ကောက်ခံမူတွေ နေ့တိုင်းပြုလုပ်နေကြပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)စိုးမိုးရာနေရာတွေမှာဆိုရင် တော်လှန်ရေးအင်းစုတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ကျေးရွာပြည်သူတွေပိုင်ဆိုင်တဲ့ ကားဆိုင်ကယ်တွေကို လုယက်ယူဆောင်သွားတာမျိုး လည်း ရှိနေတယ်လို့ သိရပါတယ်။

 

ဆီဆိုင်မြို့နယ်ကရွာအချို့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့နဲ့ စစ်ကောင်စီ၊ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

 

ပုံစာ - ဆီဆိုင်မြို့မှ စစ်ဘေးရှောင်များ (ဓာတ်ပုံ- လူမှုကွန်ရက်)

 

Burma Associated Press

ဆီဆိုင်မြို့
ရှမ်းပြည်တောင်ပိုင်း
ဒုက္ခသည်
အရပ်သား

Share With
bap-logo