bap-logo
Politics

စီးပွားရေး ပြိုလဲလုနီးနီးဖြစ်ခဲ့ကြောင်း ရုရှားဝန်ခံ

mQvPt9YgwU7I4OOy5JWi3-image

လွန်ခဲ့သော ၁၀ လ က

ရုရှားနိုင်ငံသည် မနှစ်က စီးပွားရေးယိုယွင်းပျက်စီးလုနီးနီးအခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ဝန်ခံခဲ့သော်လည်း ယခုအခါ ကန့်သတ်အရေးယူမှုများကို ကျော်လွှားအနိုင်ယူခဲ့ကြောင်း၊ ယခုနှစ်တွင် အားကောင်းသော တိုးတက်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပြန်သည်။ စီးပွားရေးပညာရှင်များကမူ ရုရှား၏ စီးပွားရေးအပေါ် ကန့်သတ်ချက်များ အဆက်မပြတ်ပြဌာန်းနေမှုများကို ခန့်မှန်းပြောဆိုနေခဲ့ကြသည်။

 

ပြိုလဲဖို့ ခြိမ်းခြောက်မှု ရှိပါတယ်။ ဒီပြိုလဲမှုကို ကာကွယ်ဖို့ ကျွန်တော်တို့ အရင်းအမြစ်တွေနဲ့ ပြည်တွင်း တပ်ဖွဲ့တွေ အားလုံးကို ရွှေ့ပြောင်းဖို့ တကယ် လိုအပ်ပါတယ်။ဟု ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ TASS ကို တနင်္ဂနွေနေ့က ပြောသည်။

 

၎င်းစီးပွားရေးဖိအားသည် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည့်အတွက် ချမှတ်ခံရသည့် ကန့်သတ် အရေးယူမှုများကြောင့် ဖြစ်သည်ဟု Peskov က ဖြည့်စွက်သည်။ ၎င်းကန့်သတ်အရေးယူမှုများတွင် နိုင်ငံခြား အရန်ငွေကြေး ဒေါ်လာ ၃၀၀ ဘီလီယံခန့် ဖြတ်တောက်ခံရခြင်း၊ ရုရှားဘဏ်အချို့ကို အရေးကြီးသည့် SWIFT ကွန်ရက် (ကမ္ဘာ့အနှံ့ ဘဏ်အချင်းချင်း ဘဏ္ဍာရေးဆက်သွယ်မှု အဖွဲ့အစည်း)မှ ထုတ်ပယ်ခံရခြင်း၊ ရုရှားနိုင်ငံ၏ ထိပ်တန်းဝင်ငွေရလမ်းဖြစ်သည့် ရုရှားရေနံကန့်သတ်ခံရခြင်းနှင့် အမြင့်ဆုံးဈေး ဒေါ်လာ ၆၀ သာ သတ်မှတ် ခံရခြင်းတို့ ပါဝင်သည်။

 

သို့သော် ရုရှားသည် ပြန်လည်နလံထူလာပြီဖြစ်ပြီး တိုးတက်သည့်အဆင့်သို့ ဝင်ရောက်နေပြီဟု Peskov က ပြောသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းချက်ဖြစ်သည့် ၂.% ထက် ကျော်လွန်ကာ ရုရှားအစိုးရက ယခုနှစ်တွင် ၃ % တိုးတက်မည်ဟု ခန့်မှန်ထားသည်။

 

မြင့်မားပြီး၊ တည်ငြိမ်တဲ့ စီးပွားရေးအခြေအနေကို ရောက်ရှိလာစေဖို့ လုံးဝမမျှော်လင့်တဲ့ နည်းလမ်းနဲ့ တိုး တက်တဲ့ ရေစီးကြောင်းထဲကို ရောက်လာတယ်ဆိုတာ ထဲထဲဝင်ဝင်သိမြင်ပြီး ဉာဏ်ပညာနဲ့ ဆုံးဖြတ်နိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်ပိုင်း၊ အစိုးရရဲ့ ကြီးမားခက်ခဲအရေးပါတဲ့ လုပ်ဆောင်မှုတို့ရဲ့ ကျေးဇူးကြောင့်ပါပဲ။ဟု Peksov က ပြောသည်။

 

ဝန်ခံချက်သည် အနောက်နိုင်ငံများ၏ ကုန်သွယ်ရေးကန့်သတ်ချက်များကို အံတုခုခံခဲ့သည့် ရုရှားအရာရှိများထံမှ ကန့်သတ်အရေးယူမှုများ၏ ထိရောက်မှုအပေါ် ရှားရှားပါးပါး အသိအမှတ်ပြုမှုပင်ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ပူတင်သည် ရေနံဈေးနှုန်း ဒေါ်လာ ၆၀ အမြင့်ဆုံးထားရန်ရှိရန်ကဲ့သို့သော အနောက်နိုင်ငံများ၏ အဓိက အရေးယူ မှုများကို "ဉာဏ်မဲ့သည်” ဟု တုန့်ပြန်ခဲ့ပြီး ဈေးနှုန်းမြင့်တက်စေရန် ခြိမ်းခြောက်မှုအဖြစ် ရေနံထုတ်လုပ်မှု လျှော့ချခြင်းဖြင့် တုန့်ပြန်မည်ဟု ကတိပြုခဲ့သည်။

 

ရုရှားတွင် ခိုင်မာသည့် စီးပွားရေးတိုးတက်မှုဖြစ်ပေါ်နေကြောင်း ပြောဆိုနေသော်လည်း ၂၀၂၄ ခုနှစ် စံချိန်တင် စစ်ရေးအသုံးစားရိတ် သုံးစွဲမည့် အစီအစဉ်ကြောင့် ဘဏ္ဍာရေးပြဿနာဖြစ်ပေါ်နိုင်ကြောင်း အချက်ပြနေသည့် အတွက် နိုင်ငံ၏ စီးပွားရေးအနာဂတ်အပေါ် သံသယရှိကြောင်း ကျွမ်းကျင်သူများနှင့် လေ့လာသူများက ဖော်ထုတ်ပြောဆိုကြသည်။

 

ရုရှားကားထုတ်လုပ်ရေးကဲ့သို့သော အရေးပါသည့် ကဏ္ဍများသည် မနှစ်က လုံးဝပြိုလဲလုနီးနီးအခြေအနေအထိ ကြုံတွေ့ခဲ့ရသည်။ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ဆက်လက်မြင့်တက်နေကာ ဗဟိုဘဏ်တာဝန်ရှိသူများသည် ယခင်နှစ်က ကျဆင်းသွားခဲ့သော ရုရှားရူဘယ်ငွေကြေးတန်ဖိုး မြင့်တက်လာစေရန် ခက်ခက်ခဲခဲ ကြိုးပမ်း နေကြရသည်။

 

ရုရှားသည် ယူကရိန်းကို တိုက်ခိုက်နေသည့် စစ်ပွဲကြောင့် ၎င်း၏ စီးပွားရေး ပိုမိုဆိုးရွားလာပြီး ခက်ခဲ ကြမ်းတမ်းသည့် အနာဂတ်ဆီသို့ ဦးတည်သွားနိုင်ကြောင်း ကျွမ်းကျင်သူအချို့က ပြောဆိုကြသည်။ ယေး သုတေသီနှစ်ဦးအဆိုအရ ရုရှားစီးပွားရေးမျှော်မှန်းချက်များသည် ကောင်းနိုးရာရာများကို ရွေးချယ်ကောက်ယူ ထားသည့် အချက်အလက်များပေါ်တွင် အခြေခံထားကြောင်း၊ စစ်ပွဲက ရှိသမျှ အရင်းအမြစ်အားလုံး သုံးစွဲ လိုက်ရသည့်အတွက် နိုင်ငံစီးပွားရေးသည် ပြိုလဲမှုအစွန်းတွင် ယိုင်တိယိုင်တိုင် လျှောက်လှမ်းသွားရဖွယ် ရှိကြောင်း ၎င်းတို့က အဆိုပြုခဲ့ကြသည်။

 

ကိုးကား - Business Insider

ပုံစာ - ရုရှားသမ္မတ ဗလာဒီမာပူတင် (Photo: AP)

 

Burma Associated Press

ရုရှား
ပူတင်
ယူကရိန်း

Share With
bap-logo