bap-logo
Politics

တာလီဘန်တို့၏ တားမြစ်မှုနောက်ပိုင်း အာဖဂန်နစ္စတန် ဘိန်းထုတ်လုပ်မှု ၉၅ % ကျဆင်း

nUP8zkQ7tTxw-_JNzAE4Z-image

လွန်ခဲ့သော ၁၀ လ က

ယမန်နှစ်က တာလီဘန်အုပ်ချုပ်ရေးမှ ဘိန်းစိုက်ပျိုးမှု တားမြစ်လိုက်သည့်အတွက် ကမ္ဘာ့ထိပ်တန်း ဘိန်းထုတ် လုပ်သည့် အာဖဂန်နစ္စတန်နိုင်ငံတွင် ဘိန်းထုတ်လုပ်မှု ကျဆင်းသွားခဲ့သည်ဟု တနင်္ဂနွေနေ့က ကုလသမဂ္ဂ အစီရင်ခံတစ်စောင်တွင် ဖော်ပြထားသည်။

 

အာဖဂန်နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ယခင်နှစ်က ၂၃၃,၀၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်အတွင်း ၁၀,၈၀၀ ဟက်တာ (၂၆,၇၀၀ ဧက) သို့ ကျဆင်းသွားသည့်အတွက် ပေးသွင်းမှု ၉၅ % ၃၃၃ တန် လျော့ကျ သွားခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး U.N. Office on Drugs and Crime (UNODC) က ဖော်ပြထားသည်။

 

၎င်းဖြစ်စဉ်မှာ လူအများစုမှာ စိုက်ပျိုးရေးနှင့် ပုံမှန် တင်ပို့သည့် ကုန်စည်များအားလုံး၏ တန်ဖိုးထက် မြင့်မားသော ဘိန်းတင်ပို့မှုကို မှီခိုနေရသည့် စစ်ဒဏ်သင့်နိုင်ငံမှလယ်သမားများအတွက် ဖိအားဖြစ်စေသည်ဟု UNODC က ဖော်ပြထားသည်။

 

ရုတ်တရက်ကျဆင်းသွားမှုသည် လူဦးရေ သုံးပုံနှစ်ပုံက လူသားချင်းစာနာမှု အကူညီများ လိုအပ်နေသည့် နိုင်ငံတွင်း စီးပွားရေးအတွက် အဓိက နောက်ဆက်တွဲရလဒ်များ ဖြစ်ပေါ်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အာဖဂန်လယ်သမားများ ဘိန်းစိုက်ပျိုးမှုမှ ရသည့် အခွင့်အလမ်းများမရှိလျှင် ရေရှည်တည်တံ့သော သက်မွေးဝမ်းကြောင်းမှုအတွက် အာဖဂန်နစ္စတန်ုနိုင်ငံသည် လာမည့်လများအတွင်း ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှု အရေးတကြီး လိုအပ်လာမည်ဖြစ်သည်။” ဟု UNODC အမှုဆောင်ညွှန်ကြားရေးမှူး Ghada Waly က ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

 

ဥပဒေမှ ခွင့်မပြုသည့် ဘိန်းဈေးကွက်နှင့် ၎င်းဈေးကွက်ကြောင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်မှုကို တိုက်ဖျက်ရေး ရေရှည်ရလဒ်များရရှိရန် တည်ဆောက်ရေး အခွင့်အလမ်း အစစ်အမှန်တစ်ခု ဖြစ်ပေါ်စေသည်။

 

ကမ္ဘာ့တရားမဝင် ဘိန်းပမာဏ၏ ၈၀ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်ထားကြသည့် အာဖဂန်နစ္စတန်နိုင်ငံမှ ပေးသွင်းမှု အမြောက်အများ ကျဆင်းသွားခြင်းကြောင့် နိုင်ငံတကာတွင် ဘိန်းသုံးစွဲမှု လျော့ကျမှုဆီ ဦးတည်သွားမည် ဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်းတွင် အခြား အစားထိုးဖွယ်များအဖြစ် fentanyl သို့မဟုတ် ဓာတုပစ္စည်းများဖြင့် ထုတ်လုပ်ထားသော opioids တို့ အသုံးပြုမှု မြင့်တက်လာနိုင်သည့် အန္တရာယ်ရှိသည်ဟု UNODC က ဖော်ပြထားသည်။

 

တာလီဘန်ဘာသာရေးအဓိပတိ က ဧပြီလ ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုကို တားမြစ်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ကျန်ရှိနေသော စိုက်ခင်းမှန်သမျှ ဖျက်ဆီးပစ်မည်ဟု ပြောကြားခဲ့သည်။ ၂၀၀၀ ခုနှစ် ၎င်းတို့၏ ယခင်အုပ်ချုပ်ခဲ့စဉ်ကာလအတွင်း ဘိန်းစိုက်ပျိုးမှုကို နိုင်ငံတကာ တရားဝင်မှုရရှိရန်အတွက် တာလီဘန်တို့က တားမြစ်ခဲ့သော်လည်း ရလဒ်ပြောင်းပြန် တုံ့ပြန်မှုများသာ ရရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

 

Helmand တောင်ပိုင်း ကဲ့သို့သော တာလီဘန်များ အစဉ်အဆက် ထောက်ခံမှုမြင့်မားစွာ ရရှိခဲ့သော ပြည်နယ်များတွင် ဘိန်းစိုက်ပျိုးမှုကို ကြီးမားကျယ်ပြန့်စွာ ပြုလုပ်ကြသည်။ လယ်သမားများစွာက ဂျုံစိုက်ပျိုးမှု ကို ပြောင်းလဲ လုပ်ဆောင်နေကြသော်လည်း ဘိန်းစိုက်ပျိုးမှ ရရှိသည့် ဝင်ငွေထက် များစွာ လျော့နည်းကြောင်း UNODC က ပြောကြားသည်။

 

ကိုးကား - Reuters

ပုံစာ - ဧပြီလ ၂၀ ရက် ၂၀၁၆ ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံ Nangarhar ပြည်နယ်ရှိ ဘိန်းခင်းတစ်ခုတွင် အလုပ်လုပ် ကိုင်နေသူ အာဖဂန်အမျိုးသားတစ်ဦး။ (REUTERS/Parwiz/File Photo)

 

အာဖဂန်နစ္စတန်
ဘိန်း
တားမြစ်
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး

Share With
bap-logo