Politics
မြဝတီလာတဲ့ စစ်ကောင်စီယာဥ်တန်းဆီက သံချပ်ကာနဲ့ စက်သေနတ်တပ်ယာဥ်တွေ KNLA ပူးပေါင်းတပ် ရရှိ
လွန်ခဲ့သော ၁၀ လ က
ဧပြီ ၂၂။
တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားရာ မြဝတီမြို့ကို တက်လာတဲ့ "အောင်ဇေယျ"အမည်ခံ စစ်ကောင်စီယာဥ်တန်းကို ယမန်နေ့ ဧပြီ ၂၁ ရက်မှာ KNLA၊ PDF ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး သံချပ်ကာနဲ့ စက်သေနတ်တပ်ယာဥ်တွေ ရရှိခဲ့တယ်လို့ မြေပြင်နဲ့ နီးစပ်သူ တစ်ဦးက BAP ကို ပြောပါတယ်။
တိုက်ပွဲအတွင်း သံချပ်ကာယာဥ် ၁ စီး၊ စက်သေနတ်တပ် စစ်သုံးယာဥ် ၂ စီးအပြင် အော်လီဂန်း တစ်လက်၊ ပွိုင့်ဖွိုက် တစ်လက် သိမ်းဆည်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က အဲဒီယာဉ်တန်းကို ဒေါန တောင်ခြေတနေရာမှာ တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့သလို တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီယာဉ်တန်းဟာ ပြန်ဆုတ်သွားတယ်လို့ မြေပြင်အတည်ပြုချက် ရယူနိုင်ခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဧပြီ ၁၂ ရက်ထဲက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ထွက်လာတာဖြစ်ပြီး ၁၀ ရက်ကြာတဲ့အထိ ကော့ကရိတ်အကျော် တောနော်ရေတံခွန်နားမှာပဲ ရှိနေသေးတာ ဖြစ်ပါတယ်။
ပုံစာ- စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တဲ့ သံချပ်ကာ ယာဥ်တစ်စီး (ဓါတ်ပုံ- The Reporters)
Related Articles
- ကော့ကရိတ်တောင်ပိုင်း မြို့ဟောင်းရွာ လေယာဉ်ဗုံးကြဲလို့ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
- မြန်မာနယ်စပ်အနီး စစ်ရေးလေ့ကျင့်မှုများ ပိုမိုပြုလုပ်ရန် တရုတ်စစ်တပ် စီစဉ်
- ဒေါ်အောင်ဆန်းစုကြည်ကို 'လူသားဒိုင်း'အဖြစ် အသုံးချနိုင်မှု သားဖြစ်သူ စိုးရိမ်
- ဆီဆိုင်နဲ့ ဆိုက်ခေါင်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် အဖွဲ့ဝင်တွေက ခိုးရာပါ ပစ္စည်းတွေကို ပေါ်တင် ပြန်ရောင်းချနေ
Top News
လွန်ခဲ့သော ၈ နာရီ က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၆ ရက် က